လှိုင် ဇူလိုင် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်မြို့နယ် New Club အဖွဲ့တို့ ပူးပေါင်းကျင်းပ သော သတင်းမီဒီယာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ(၁)နာရီအချိန်က လှိုင်မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် လှိုင်မြို့နယ် အ.မ.က(၂၃) ကျောင်းမှ ကျောင်းသူလေးများ က ရွှေမြန်မာ သီချင်းဖြင့် ကပြဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လှိုင် မြို့နယ် New Club အဖွဲ့ နာယက ဆရာမင်းဆက်ပိုင်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းနှင့်မြို့နယ် New Club ဥက္ကဋ္ဌ ဦးသန်းကျော်(မိတ္ထီလာ)တို့မှ မုဒိတာစကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် သတင်းစာအယ်ဒီတာဟောင်း ဆရာသိင်္ခသူမှ သတင်းမီဒီယာ၏ အရေးပါမှု၊ သတင်းမီဒီယာ အသုံးပြုရာတွင် သိထားသင့်သောအချက်များ၊ သတင်းအတု(Fake News) ၏အန္တရာယ်နှင့်တာဝန်ရှိသော မီဒီယာအသုံးပြုသူ ဖြစ်စေရန် ဟောပြောခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များကို ဂုဏ်ပြုငွေများ ချီးမြှင့်၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်းသိရသည်။
ယမင်း(ပြန်/ဆက်)