Jun 14, 2025
မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅) နှစ်ပြည့်မြောက်မှု ဂုဏ်ပြုအစီအစဉ်အဖြစ် “စိန်ရတု မြန်မာ-တရုတ် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲ”ကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် စီစဉ်ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 14, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲများကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ် (၁၆) သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ရုံးများ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 14, 2025
(၁၅ )ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Park Royal ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သုတစွယ်စုံ စာပေအလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ သုတစွယ်စုံစာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 14, 2025
(၁၅ )ကြိမ်မြောက် သုတစွယ်စုံ စာပေဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် Park Royal ဟိုတယ်၌ ကျင်းပရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ သုတစွယ်စုံ စာပေအလှူရှင်နှင့် ဆုရွေးချယ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း နာယကများ၊ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စာရေးဆရာ၊ ဆရာမကြီးများ၊ သုတစွယ်စုံစာပေဆုရပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 13, 2025
ငလျင်ဒဏ်သင့်အဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းနှင့်ပတ်သက်၍ မြေပြင်လက်တွေ့အသုံးချနိုင်ရေး နည်းပညာဆိုင်ရာ (Knowledge Sharing) ဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁၁) စုဝေးခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 13, 2025
မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးတို့သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ တာမွေမြို့နယ် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ နပန်းအားကစားရုံနှင့် ပဏာမလက်ရွေးစင်အားကစားသမားများထားရှိရာ လေးထပ်အိပ်ဆောင်ရှိ စားရိပ်သာ၊ ချက်ပြုတ်ဆောင်၊ စတိုခန်းတို့ကို ကြည့်ရှုစစ်ဆေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 13, 2025
2nd Belt and Road Initiative Science and Technology Exchange Conference အခမ်းအနား သို့တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီချွမ်ပြည်နယ် ချန်ဒူးမြို့၌ ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ဇွန် ၁၀ ရက်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Chen Jiachang နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 13, 2025
၂၀၂၅ ခုနှစ် ဇွန် ၁၅ ရက်တွင် ကျရောက်မည့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန နှစ်(၃၀)ပြည့် ပုလဲရတုနှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) အစည်းအဝေး ခန်းမဆောင်(၂)၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 13, 2025
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ရုပ်သံလုပ်ငန်းများဖြစ်သည့် Forever Group ကုမ္ပဏီ၏ MRTV-4, Channel-7 နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Canal+ DTH, Media N ကုမ္ပဏီ၏ M Channel တို့ ရိုက်ကူးထုတ်လုပ်ရေးနှင့် ထုတ်လွှင့်ရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုအားပေးသည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်
Jun 12, 2025
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စိုးဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ VDNH ပန်းခြံပြပွဲခန်းမ၌ ဇွန် ၁၀ ရက်မှ ၁၅ ရက်အထိ ကျင်းပသော (၅) ကြိမ်မြောက် မော်စကိုနိုင်ငံတကာခရီးသွားဖိုရမ်နှင့် ခရီးသွားပြပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်