Skip to main content

Feb 19, 2025

ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ် (၆/၂၀၂၄-၂၀၂၅) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမ- ၁ ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 19, 2025

ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး (၇၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာဆွေးနွေးပွဲကို ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ယနေ့မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် Video Conferening စနစ်ဖြင့် ပါဝင်တက်ရောက်၍ အမှာစကားပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 19, 2025

နေပြည်တော်ကောင်စီနယ်မြေအတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် စတင်ဆောင်ရွက်ခြင်း အသိပေးမိတ်ဆက်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 19, 2025

ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဗဟိုဦးစီးအဖွဲ့၏ (၁/၂၀၂၅) ကြိမ်မြောက်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 19, 2025

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ် (၂၁) အစည်းအဝေးခန်းမ၌ Hybrid စနစ်ဖြင့်ကျင်းပသည့် National AI Strategy နှင့် National AI Policy (မူကြမ်း) ရေးဆွဲခြင်းဆိုင်ရာ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၅) တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 19, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှားအော်သိုဒေါ့ ခရစ်ယာန်အသင်းတော်တို့အကြား သာသနာရေးလုပ်ငန်း ဆောင်ရွက်ခွင့်ပြုခြင်းဆိုင်ရာ သဘောတူစာချုပ် (LOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ M Gallery Hotel ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 18, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယမန်နေ့က ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ) အစည်းအဝေးခန်းမ၌ သာသနာတော်ထွန်းကား ပြန့်ပွားရေးဦးစီးဌာန ပြည်ပသာသနာပြုဌာနခွဲ (ရန်ကုန်) မှ ကျမ်းစာအုပ်များကို Soft Copy ရရှိရေး ဆောင်ရွက်လျက်ရှိကြသော သာသနာပြုရဟန်းတော်များ၊ ၁၉၈၀ ပြည့်နှစ်ကတည်းက အင်္ဂလိပ်ဘာသာပြန်ဆိုခဲ့ကြသည့် ပိဋကတ်တော်ကျမ်းများကို ပြန်လည်စိစစ်တည်းဖြတ်လျက်ရှိကြသော ပိဋကတ်ဘာသာပြန်စာတည်းကော်မတီအဖွဲ့နှင့် တွေ့ဆုံခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 18, 2025

အိန္ဒိယနိုင်ငံ The Times Group ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ကျင်းပသည့် (၉) ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 17, 2025

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ် ဝါးအလယ်ကျွန်းရှိ ခရီးသွားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် ထိန်းသိမ်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Feb 17, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ သာသနာရေးဦးစီးဌာန ပုံနှိပ်ထုတ်ဝေရေးဌာနခွဲ ကမ္ဘာအေးစာပုံနှိပ်တိုက်သို့ရောက်ရှိပြီး ပညာရေးဝန်ကြီးဌာနက ပုံနှိပ်ရန်အပ်နှံထားသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းသုံးဖတ်စာအုပ်များ ပုံနှိပ်ချုပ်လုပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်