Skip to main content

Aug 10, 2023

မြန်မာနိုင်ငံစက်မှုလက်မှုသမိုင်းပြုစုရေး အကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဆေးဝါးစက်ရုံ (အင်းစိန်) အစည်းအဝေးခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံစက်မှု လက်မှုသမိုင်းပြုစုရေး ဦးစီးကော်မတီ နာယက၊ စက်မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံစက်မှုလက်မှု သမိုင်းပြုစုရေးအကြံပေးအဖွဲ့နှင့် လုပ်ငန်းကော်မတီတို့မှ အငြိမ်းစားအရာရှိကြီးများ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 09, 2023

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အခြေခံအကျဆုံးဖြစ်ကြောင်း၊ နိုင်ငံ၏ပညာရေးမြင့်မားမှ နိုင်ငံတိုးတက်မည်ဖြစ်ကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ကြီးများ၊ ပညာရေးမှူးများအနေဖြင့် မှန်မှန်ကန်ကန်ညွှန်ကြား၍ မှန်မှန်ကန်ကန် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်ပညာ တတ်မြောက်ရေးအတွက် သင်ကြားမှုအခြေအနေများကို အောက်ခြေအထိ ကွင်းဆင်းစစ်ဆေး ကြီးကြပ်ရမည်ဖြစ်ကြောင်း၊ ဘာသာရပ်ခွဲဝေတာဝန်ပေးရာတွင် သက်ဆိုင်ရာဆရာ ဆရာမများ ကျွမ်းကျင်ပိုင်နိုင်သည့် ဘာသာရပ်အလိုက် တာဝန်ပေးရန်အရေးကြီးကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယမန်နေ့ ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 06, 2023

မြင်းစီးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွေ့ဆုံလမ်းညွှန်ဆွေးနွေးသည့် အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏပတ္တမြားခန်းမ၌ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမြင်းစီးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌနှင့်အမှုဆောင်များ၊ ရန်ကုန်မြင်းစီးအသင်း ( YECC )ဥက္ကဋ္ဌနှင့် မြင်းစီးကလပ်အသီးသီးမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 06, 2023

Myanmar Cyber Security Challenge 2023 (အလွတ်တန်း အဆင့်) ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 05, 2023

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရန် ရည်ရွယ်သည့် Knowledge Sharing Programme (KSP) သောကြာနေ့ စကားဝိုင်းအမှတ်စဉ် (၂၄)ဆွေးနွေးပွဲကို “အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာကိစ္စရပ်များ” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်အမှာစကား ပြောကြားသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 05, 2023

၂၀၂၃ ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 05, 2023

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ (၂/၂၀၂၃-၂၀၂၄) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်ပစ္စည်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Aug 05, 2023

နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့်အခွန်ငွေများ လျော့နည်းလွတ်ကင်းမှုမရှိဘဲ ဥပဒေနှင့်အညီ အပြည့်အဝကောက်ခံရရှိ နိုင်ရေးအခွန်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်ပေးရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့သည့် မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၇၉) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ရှိ စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 31, 2023

ကျန်းမာရေးဝန်ကြီးဌာန ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်းမကြီးဘေး မြေဧရိယာ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 31, 2023

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်လှူခြင်းအခမ်းအနား၊ ကျောက်စာရုံစေတီများ ထီးတော်တင်လှူခြင်းအခမ်းအနားနှင့် ရေစက်ချမဟာမင်္ဂလာအခမ်းအနားများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ယနေ့မွန်းလွဲပိုင်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 31, 2023

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ရှိ စပါးခွံလောင်စာသုံး Gasifier အသုံးပြုလည်ပတ်သည့် ရဲထွန်းဆန်စက်နှင့် ဆီစက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 28, 2023

MRTV DTH စနစ်တွင် ရုပ်သံလိုင်းများထည့်သွင်းထုတ်လွှင့်နိုင်ရန် Request For Proposal တင်သွင်းသည့် ကုမ္ပဏီများကအဆိုပြုလွှာများ ရှင်းလင်းတင်ပြခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2023

အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၃၂) (မူကြမ်း)ရေးဆွဲရေးအတွက် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားများဆိုင်ရာ လုပ်ငန်းကော်မတီညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၂၅ ရက် ဒေသစံတော်ချိန် ညနေ ၆ နာရီတွင် အင်ဒိုနီးရှားနိုင်ငံဂျကာတာမြို့ရှိ St.Regis ဟိုတယ်သို့ရောက်ရှိခဲ့ပြီး အဆိုပါဟိုတယ်၌ပြုလုပ်သည့် အင်ဒိုနီးရှားနိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ သုတေသနနှင့်နည်းပညာဝန်ကြီး H.E.Mr. Nadiem Anwar Makarim က ကြိုဆိုဧည့်ခံသော Gala Dinnerသို့ တက်ရောက်ခဲ့သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2023

မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား e-ID စနစ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ်ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးမင်းဟိန်းနှင့်အဖွဲ့သည် ဇူလိုင် ၂၄ ရက်နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့မှ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့အား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ ဒုတိယသံအမတ်ကြီး Ms. Nabanita Chakrabarti နှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် တဲဟုန်ပြည်နယ်ခွဲ ပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူး Mr. Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 27, 2023

ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်စတုတ္ထ မဏ္ဍိုင်ဖြစ်သည့်သတင်းမီဒီယာတို့အကြား သတင်းမီဒီယာကျင့်ဝတ်ကို အခြေခံ၍ အပြန်အလှန်လေးစားမှုရှိသော ဆက်ဆံမှုတည်ဆောက်ရေးနှင့် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေး၊ မြန်မာနိုင်ငံသတင်းမီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ လွတ်လပ်စွာသတင်းရယူပိုင်ခွင့်ပိုမိုရရှိရေးနှင့် မဏ္ဍိုင်(၄)ရပ်တို့ ဆက်ဆံရေးပိုမိုကောင်းမွန်ရေး၊ ရှေ့ဆက်လက်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်ကောင်းများကိုဖော်ဆောင်နိုင်ရေး၊ သတင်းအချက်အလက်ရယူခွင့်နှင့်ပတ်သက်၍ အပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ရည်ရွယ်၍ မဏ္ဍိုင်(၄)ရပ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 26, 2023

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၃ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ်ကို ၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်မှ စတင်၍ ထုတ်ဝေသွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ အများပြည်သူ သိရှိစေရန် ရည်ရွယ်ပြုလုပ်သော သတင်းမီဒီယာ ရှင်းလင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၌ပြုလုပ်သည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 26, 2023

ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် မြန်မာနိုင်ငံ၌ တရားဝင်ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို ယမန်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ပြည်ထောင်စု တရား လွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ လက်ခံ တွေ့ဆုံသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်

Jul 26, 2023

ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရား ရုံးချုပ် တရားသူကြီးချုပ် H.E. Mr . Vyacheslav Lebedev ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၃ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးစဉ်ဖြင့် နေပြည်တော်သို့ ရောက်ရှိကြရာ ပြည် ထောင်စု တရားလွှတ် တော်ချုပ် တရားသူကြီးနှင့် တာဝန်ရှိသူများက နေပြည်တော်တပ်မတော် လေဆိပ်၌ ကြိုဆိုနှုတ်ဆက် ကြသည်။

အပြည့်အစုံ ဖတ်ရန် "> ဆက်လက်ဖတ်ရှု့ရန်