Skip to main content

Jul 01, 2023

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းကော်မတီတစ်ရပ်ဖြစ်သော နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၏ (၂/၂၀၂၃) ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဧရာဝတီခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်အား ယနေ့ မွန်းလွဲ ၁၂နာရီ ခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jul 01, 2023

ပြည်ပနိုင်ငံများ၌ စာတမ်းဖတ်ပွဲ၊ အလုပ်ရုံဆွေးနွေးပွဲ၊ အစည်းအဝေးများတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် ပြန်ကြားရေးဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၏ ပြည်ပခရီးစဉ် အတွေ့အကြုံ ရှင်းလင်းတင်ပြခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းတည့် ၁၂ နာရီတွင် နေပြည်တော်ရုံးအမှတ် ၁၃ အစည်းအဝေးခန်းမ၌ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များနှင့်အတူ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီဝင်များနှင့် Virtual စနစ်ဖြင့် တွေ့ဆုံကာ ပုဂ္ဂလိကပညာရေးဥပဒေနှင့်အညီ သင်ရိုးညွှန်းတမ်းများ သင်ကြားရေးဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

၂၀၂၃ ခုနှစ်၊ ဇူလိုင် (၃)ရက်တွင်ကျရောက်မည့် “မြန်မာအမျိုးသမီးများနေ့”ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီက ကြီးမှူး၍ စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့်မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး ဒေါက်တာနီကိုလိုင်းလစ်စတိုပါဒေါ့ဗ်အား ယနေ့မွန်းလွဲ ၂ နာရီတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

၂၀၂၂-၂၀၂၃ ခု ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် စက်မှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သား၊ သမီးများအား ဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း တက်ရောက်၍ ဂုဏ်ပြုဆုများချီးမြှင့်ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ရုံးဝန်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ တူးဖော်လျက်ရှိသော ပြလို့ရေနံ အစမ်းတွင်းများနှင့် မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်းလက်အောက်ရှိ အမှတ် (၃) ဓာတ်မြေဩဇာစက်ရုံ (ကျော်စွာ) တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့၏ မြောက်ဘက် ငါးမိုင်ခန့်အကွာရှိ ဧရာဝတီမြစ်၏ ရေအရင်းအမြစ်၊ မြစ်ရေလမ်းကြောင်း စီးဆင်းမှုအခြေအနေ၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အနည် ပို့ချနှုန်းနှင့် သောင်ထွန်းနေမှု အခြေအနေ၊ မြစ်ကမ်းပါး ဝဲ/ ယာ မြေမျက်နှာသွင်ပြင် ဘူမိဗေဒ အခြေအနေ၊ ရေတားတမံများ အခြေအနေနှင့် ကမ်းပြိုမှုအခြေ အနေတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 30, 2023

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ ROSATOM တို့ ပူးပေါင်းဆောင်ရွက်သော သိပ္ပံပွဲတော် ၂၀၂၃ (Science Festival 2023) ဒုတိယနေ့ကို ယနေ့တွင် ရန်ကုန်မြို့ရှိ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့် နျူကလီးယား နည်းပညာသတင်းအချက်အလက် စင်တာတို့တွင် ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည်တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr.Nikolay Listopadov အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးဌာနဧည့်ခန်းမ၌လက်ခံ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 29, 2023

ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ရုရှား-မြန်မာချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌမစ္စတာ အန်နာသိုလီဘူးလော့ချ်နိကော့ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရုံးအမှတ်-၁၉ ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 28, 2023

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း ဒုတိယဥက္ကဋ္ဌဌမစ္စတာအန်နာသိုလီ ဘူးလော့ချ်နိကော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိရတနာခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ ခရီးသွားများ လာရောက်လည်ပတ်မှုတိုးမြှင့်လာရေး၊ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍအလားအလာများကို ရုရှားခရီးသွား အော်ပရေတာများနှင့် ခရီးသွားများသို့ မိတ်ဆက်ပြသနိုင်ရေး၊ ဈေးကွက်မြှင့်တင်ရေးဆိုင်ရာ အတွေ့အကြုံများ မျှဝေရေးနှင့် ရုရှားခရီးသွားများကို ဆွဲဆောင်နိုင်ရေးတို့အတွက် ဆွေးနွေးနိုင်ရန်ရည်ရွယ်၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကဦးဆောင်၍ ရုရှားခရီးသွားဧည့်သည်များ အတွက် အလားအလာရှိသော ခရီးစဉ်ဒေသအသစ်များ ရှာဖွေခြင်းဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်သော် အွန်လိုင်းမှတက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

စွမ်းဆောင်ရည်မြင့်မားသော ဘွိုင်လာစစ်ဆေးရေးမှူးများဖြစ်လာစေရန်၊ ဘွိုင်လာဥပဒေနှင့် ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်စေရန်၊ မြန်မာနိုင်ငံနှင့် နိုင်ငံတကာရှိ ဘွိုင်လာနှင့်ပတ်သက်သည့်စံများကို သိရှိနားလည်စေရန်၊ ဘွိုင်လာဆိုင်ရာ နည်းပညာများကို သိရှိနားလည်လာစေရန်၊ လုပ်ငန်းကျွမ်းကျင်သော ဘွိုင်လာစစ်ဆေးရေးမှူးများ တိုးပွားလာသည်နှင့်အမျှ စက်မှုလုပ်ငန်းများတွင် ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဘွိုင်လာများကို စွမ်းဆောင်ရည်ပြည့် သုံးစွဲနိုင်စေရန်ရည်ရွယ်၍ ဘွိုင်လာစစ်ဆေးရေးမှူးများ သင်တန်းအမှတ်စဉ် (၁/၂၀၂၃) ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

တက္ကသိုလ်လက်ရွေးစင်မှသည် မြန်မာ့လက်ရွေးစင်ဆီသို့ဟူသော ဦးတည်ချက်ဖြင့် ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ တက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ပဉ္စမနေ့ အုပ်စုပွဲစဉ်များအဖြစ် ယနေ့တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်း အမှတ် (၃) ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 27, 2023

ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ကွပ်ကဲရန် စစ်တွေမြို့၌ ရောက်ရှိနေသော သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့တွင် နန္ဒဝန်ဥယျာဉ်အတွင်း သစ်ပင်များ ဖယ်ရှားရှင်းလင်းနေမှု၊ ကျောက်တန်းတံတားရှိ ကြမ်းခင်းပျက်စီးနေမှု၊ ကျောက်တန်းကြီးကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၊ ကျားမသောက် ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၊ အမှတ် (၈၁) အခြေခံပညာမူလတန်းကျောင်းနှင့် တပ်နယ်အခြေခံပညာမူလတန်းကျောင်း၊ နယ်မြေခံတပ်နယ်ရှိ ဧက ၄၀ မျိုးစပါးစမ်းသပ်ကွက်များ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ရခိုင်ပြည်နယ် သမဝါယမအသင်းစုချုပ် (လီမိတက်) ၌ အသင်းဥက္ကဋ္ဌနှင့် ဒါရိုက်တာ အဖွဲ့ဝင်များအား တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်