Skip to main content

အောင်သပြေ ညောင်ရေလောင်းလို့

တိုင်ထိပ်ဖျားတွင် အလံတော်သည် ကြွားကြွားဝင့်ဝင့်ငွားငွားစွင့်စွင့် လွင့်ပျံ၍နေသည်။ မိုးကောင်းကင်အထိ ထိုးထွက်နေဘိသည့်အလား ကြီးမားခံ့ခိုင်သည့် ဖြူလွလွကျောက်တိုင် ကြီးသည်လည်း ဧည့်ပရိသတ်တို့ရှေ့တွင် မားမားမတ်မတ် ရပ်၍နေသည်။ ထိန်ထိန်ညီးသည့် မီးရောင်စုံတို့သည်လည်း အစွမ်းကုန်ထွန်းလင်းတောက်ပလျက်ရှိနေပြီ။ လောကဓာတ် တစ်ခွင်လုံးကား ဘေးမသမ်း အေးချမ်းခြင်း၏ အတိတ်နိမိတ်ကိုယူ၍ အေးချမ်းဆိတ်ငြိမ်စွာဖြင့် လှပရွှန်းတင့်အသရေမြင့်လျက် ရှိနေကြပါ၏။
Subscribe to (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုဆောင်းပါး