ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ အ.ထ.က သံလှယ်ကျောင်း၏ ကိုယ်ထူကိုယ်ထ ကျောင်းဆောင်သစ်နှင့် ခန်းမဆောင် လွှဲပြောင်းပေးအပ်ပွဲနှင့်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သံလှယ်ကျေးရွာရှိ အဆိုပါ ကျောင်းဆောင်သစ်၌ကျင်းပရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဒေသတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကရင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံဆွေးနွေး
ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်-၁၉ ကာလ ဆန်နှင့်စားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။