ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ သြဂုတ် ၂၆ရက် နံနက် ၁၀နာရီက ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ရှေ့ပြေးစီမံကိန်းများ လာရောက်ရှင်းလင်းတင်ပြခြင်း အခမ်းအနား ကျင်းပခဲ့ သည်။
မိုးညိုမြို့နယ်တွင် မြောက်လုပ်ကုန်း-ကရင်ချောင်မြစ်မခမြစ်ကူးတံတား ရံပုံငွေပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံကျေးလက်ဆေးပေးခန်းဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့မှ မိုးညိုမြို့နယ်ရှိမြောက် လုပ်ကုန်း-ကရင်ချောင်မြစ်မခမြစ်ကူးတံတား ရံပုံငွေပေးအပ်ပွဲနှင့် ဆင်မနိုင်ဇုံအတွင်း ကျေးလက်ဆေးပေးခန်း ဆောက်လုပ်မည့်ကိစ္စနှင့် ပတ်သက်၍ တွေ့ဆုံပွဲကို သာယာဝတီခရိုင်၊ မိုးညိုမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်က ပြုလုပ်ခဲ့သည်။
