Skip to main content

ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် ကမ်းခြေပတ်လမ်းစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး အနောက်ဘက်ကမ်းရိုးတန်းဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အတွက် ကမ်းရိုးတန်း အတိုင်း လမ်းအရှည် ၉၆ မိုင် ၅ ဒသမ ၅ ဖာလုံ ရှည်လျားသော ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်- ဂွလမ်းအထိ(ကမ်းခြေပတ်လမ်း)စီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန က အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင် မြောင်းမြမြို့ဝင် စစ်ဆေးရေးဂိတ်အား ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးလှမိုးအောင်နှင့်အဖွဲ့ဝင်များသည်မြောင်းမြမြို့၊ မြဟေမာရပ်ကွက်ရှိ မြို့ဝင်စစ်ဆေးရေးဂိတ်၌ ယနေ့နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အလှူငွေများပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄၄/၂၀၂၀)ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့သည် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄၄/၂၀၂၀)ကို ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၈) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၈) ကြိမ်မြောက် ARIC အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီခွဲအချိန်က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ပုသိမ်အမှတ် (၂) တံတားသစ်ကြီး ရာနှုန်းပြည့်ပြီးစီး၍ စက်တင်ဘာလအတွင်း ဖွင့်လှစ်မည်

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တံတားဦးစီးဌာန တံတားတည်ဆောက်ရေးအဖွဲ့(၄) တံတားအထူးအဖွဲ့ (၁၆) က တာဝန်ယူတည်ဆောက်ခဲ့သည့် ပုသိမ် အမှတ် (၂) တံတားသစ်ကြီး တည်ဆောက်မှုလုပ်ငန်းများ ဇူလိုင်လကုန်ပိုင်းက ရာနှုန်းပြည့်ပြီးစီးသွားပြီဖြစ်သောကြောင့် အများပြည်သူအသုံးပြုနိုင်ရန် စက်တင်ဘာလအတွင်း ဖွင့်လှစ်ပေးတော့မည်ဖြစ်ကြောင်း သိရသည်။

ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်း ပုသိမ်တံတားခံနိုင်ဝန်စမ်းသပ်ခြင်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာကျော်လင်းနှင့် ဧရာဝတီတိုင်းဒေသကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးတို့သည် ယနေ့နံနက်ပိုင်းတွင် ပုသိမ်တံတားတည်ဆောက်ပြီးစီး၍ (Load Test) တံတားခံနိုင်ဝန်စမ်းသပ်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

တောင်သူလယ်သမားများ၏ အကျိုးကို ရှေးရှု၍ ထွန်ယက်ခနှုန်းထားများ တစ်ဧက ကျပ် ၇၅၀၀ မှ ယခု ကျပ် ၆၅၀၀ သို့ လျှော့ချဆောင်ရွက်ပေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန ဧရာ၀တီတိုင်းဒေသကြီး စက်မှုလယ်ယာ ဦးစီးဌာနမှ COVID -19 ကြောင့် စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်ဖြင့် တောင်သူလယ်သမားများ၏အကျိုးကို ရှေးရှုကာ ထွန်ယက်ခနှုန်းထားများကို တစ်ဧက ထွန်ယက်ခ ငွေကျပ် ၇၅၀၀ မှ ယခုအခါ ငွေကျပ် ၆၅၀၀ သို့ လျှော့ချကာ ထွန်ယက်ရေးဆိုင်ရာ ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
Subscribe to ပုသိမ်