ဂါဇာ ပဋိပက္ခနှင့်ဆက်စပ်၍ အကျပ်အတည်းနှင့် ရင်ဆိုင်လာရသည့်အီရတ်
အစ္စရေး နှင့် ပါလက်စတိုင်း အစ္စလာမ္မစ်တော်လှန်ရေးလှုပ်ရှားမှု (ဟားမားစ်) တို့အကြား တိုက်ပွဲများကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရပြီး အီရတ်နိုင်ငံသည်ပင်လျှင် အမေရိကန်နှင့် ရှီးယိုက်လက်နက်ကိုင်အုပ်စုတို့အကြား ကြားမညှပ်ဘဲ ဟန်ချက်ညီအောင် ထိန်းသိမ်းနေရသည်။
