ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေအရ အမှတ်တံဆိပ်များကို အကာအကွယ်ရယူခြင်းနှင့် အမှတ်တံဆိပ်မူပိုင်ခွင့်ချိုးဖောက်မှုများကို အရေးယူခြင်း
ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ အာဏာသက်ရောက်လာပြီဖြစ်၍ ယင်းဥပဒေအရစွဲဆိုမှုများ၊ အငြင်းပွားမှုများလည်း တိုးပွားလာမည်ဖြစ်ပါသည်။ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့် အခွင့်အရေးပိုင်ရှင်များအနေဖြင့် မိမိတို့၏အခွင့်အရေးကို ကာကွယ်ရန်လိုအပ်သကဲ့သို့ အခြားတစ်ဘက်တွင်လည်း အခြားသူ၏အမှတ်တံဆိပ်အခွင့်အရေးကို ချိုးဖောက်ရာမရောက်အောင် သတိပြုရန်လိုအပ်မည်ဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များမှ သိမှတ်ဖွယ်ရာများကို ကောက်နုတ်တင်ပြအပ်ပါသည်။
