ရေသည် နိုင်ငံ့အရေးနှင့် ကျေးလက်ရေရရှိရေးမဟာဗျူဟာကို ဆန်းစစ်ခြင်း
ကျေးလက်ဒေသများ၊ ကျောင်းများနှင့် ဆေးရုံဆေးခန်းများ ရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ မဟာဗျူဟာကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ရေးဆွဲအတည်ပြုခဲ့ပြီး အကောင်အထည်ဖော်ဆောင်ရွက်ရန် ကုန်ကျစရိတ်ပါဝင်သည့် Costed Plan ရင်းနှီးမြှုပ်နှံမှုအစီအစဉ် (၂၀၁၆-၂၀၃၀)ကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ယခုသမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် UNICEFတို့ပူးပေါင်း၍ အပိုင်း (၃) ပိုင်းခွဲပြီး လျာထားခဲ့ပါသည်။ အပိုင်း (၁) အနေဖြင့် (၂၀၁၇-၂၀၁၈) ခုနှစ်ကို အပြောင်းအလဲဆောင်ရွက်သည့် ကာလ၊ အပိုင်း (၂) အနေဖြင့် (၂၀၁၉-၂၀၂၃) ခုနှစ်သည် တိုးမြှင့်ဆောင်ရွက်သည့်ကာလနှင့် အပိုင်း(၃) အနေဖြင့် (၂၀၂၃-၂၀၃၀) ပြည့်နှစ်သည် အပြီးသတ်ဆောင်ရွက်မည့်ကာလဟူ၍ ရေးဆွဲသတ်မှတ်ခဲ့သည်။
