လက်ယက်တွင်းရေ အေးမြမြနှင့် အညာဒေသက မြေအောက်တမံများ
တမံဟုဆိုလျှင် သဖန်းဆိပ်ရေလှောင်တမံ၊ ငမိုးရိပ်ရေလှောင်တမံစသည်ဖြင့် မြေပေါ်တွင် တည်ဆောက်ထားသည့် မြေသားတမံ၊ ကွန်ကရစ်တမံများကိုသာ ရင်းနှီးကြပြီး မြေအောက်တမံ (Underground Dam) ဟူသောအသုံးအနှုန်းသည် အများစုအတွက် ရင်းနှီးမှုနည်းပါးသည့် ဝေါဟာရအသုံးအနှုန်းသစ်တစ်ခု ဖြစ်နေနိုင်ပါသည်။