Jul 16, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 16, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့ ပြုလုပ်လျက်ရှိပါသည်။
Jul 16, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ (၄)ရပ်ကွက်၊ အနောက်ဈေးရပ်ရှိ မြို့မဈေးအတွင်းသို့ PDF အမည်ခံအကြမ်းဖက်သမားများက Drone ယာဉ်အသုံးပြု၍ Drop Bomb များဖြင့် ယနေ့နံနက်ပိုင်းတွင် ပစ်ချတိုက်ခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Jul 16, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား PDF အမည်ခံအကြမ်းဖက်သမားများက ဇူလိုင် ၁၅ ရက်နေ့တွင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် လာရောက်တိုက်ခိုက်၍ ကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ကျေးရွာရှိ စာသင်ကျောင်း ၁ ကျောင်း အပါအဝင် လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ပြီး အရပ်သားပြည်သူအချို့ သေဆုံး ဒဏ်ရာရရှိကာ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jul 16, 2023
ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထားကိုးကွယ်လျက်ရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်လာမည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပြီးစီးမှုအခြေအနေများ ရှင်းလင်းပြသခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
Jul 16, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ် ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၅-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၆-၇-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၂၄၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၃)ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၁) ရာခိုင်နှုန်း ရှိပါသည်။
Jul 16, 2023
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၊ အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်၊ ကျောရိုးပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်တွင် အရိုးရောဂါအထူးကုဆေးရုံကြီး-ရန်ကုန်မှ ကျောရိုးပိုင်းဆိုင်ရာခွဲစိတ်အထူးကု ဆရာဝန်ကြီးများဖြစ်ကြသော ဒေါက်တာသိန်းအောင်ကျော်၊ ဒေါက်တာရှိန်မြင့်ဟန်၊ အထူးကုဆရာဝန်များဖြစ်ကြသေ
Jul 16, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ(ရန်ကုန်)၌ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံး(ဗဟို) အဖွဲ့ဝင်များနှင့် တွေ့ဆုံ ဆွေးနွေးသည်။
Jul 16, 2023
၁။ မြန်မာနိုင်ငံတွင် ၁၄-၅-၂၀၂၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် ဘေးသင့်ပြည်သူများအတွက် ပါဝင်လှူဒါန်းလိုသော စေတနာရှင်ပြည်သူများ အနေဖြင့် မြန်မာကျပ်ငွေစာရင်းအမှတ် OA -011834 နှင့် နိုင်ငံခြား ငွေစာရင်းအမှတ် 1DA- 0300086 သို ထည့်ဝင်လှူဒါန်းနိုင်ကြောင်း ကြေညာခဲ့ပါသည်။
Jul 16, 2023
ယခုရက်ပိုင်းအတွင်းပြုလုပ်သော မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံတကာအစည်းအဝေး အချို့တွင် သက်ဆိုင်ရာနိုင်ငံမပါဘဲ တစ်ဖက်သတ် မမျှမတဖော်ပြထားသည့် အချက်အလက်အချို့ ဆွေးနွေးပြောဆိုနေမှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် ရှင်းလင်းပြတ်သားစွာ အသေးစိတ် တုံ့ပြန်ပယ်ချထားသည်။ မြန်မာနိုင်ငံ၏ပြည်တွင်းရေးတွင် ဝင်ရောက်စွက်ဖက်ပြောဆိုမှုများကို ရှေးယခင်ကာလများမှ ယခုအချိန်ထိတိုင် ပြောဆိုနေကြဆဲဖြစ်သည်။
Jul 16, 2023
လွန်ခဲ့သည့် (၇၆)နှစ်။ ခေတ်သစ်မြန်မာနိုင်ငံ၏ သမိုင်းသည် နိဒါန်းပဏာမအစမှာပင် အကြမ်းဖက်လုပ်ကြံသတ်ဖြတ်မှုဖြင့် အရုပ်ဆိုးအကျည်းတန်စွာ ဖွင့်လှစ်ခဲ့ရာ လွတ်လပ်ပြီးနောက် မြန်မာနိုင်ငံအပေါ် အဆိုပါဖြစ်ရပ်က များစွာပြောင်းလဲသွားစေသည်ဟု မြန်မာနိုင်ငံသား အများအပြားတို့က ယနေ့ထက်တိုင် ယုံကြည်ကြသည်။ အကယ်၍သာ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက် နိုင
Jul 16, 2023
သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဗဟိုဌာန(Disaster Management Centre- DMC)သည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်ပေးသည့် ဗဟိုဌာနဖြစ်ပါသည်။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီအောက်တွင် လုပ်ငန်းကော်မတီ (၁၂) ခုကို ဖွဲ့စည်းထားရှိပြီး အဆိုပါလုပ်ငန်းကော်မတီများသည် DMC တွင် စုဖွဲ့ကာ မိုခါမုန်တိုင်းနှင့် ပတ်သက်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို အရေးပေါ်တုံ့ပြန် ဆောင်ရွက်လျက်ရှိပါသည်။ လုပ်ငန်းကော်မတီ (၁၂) ခုအနက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်-
Jul 16, 2023
နိုင်ငံကုန်ထုတ်လုပ်မှုမြှင့်တင်ရေးအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် အမှာစကားပြောကြားသည်။
Jul 15, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPHI NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်း များကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 15, 2023
တပ်မတော်(လေ)အနေဖြင့် သဘာဝဘေးဒဏ်သင့်ဒေသများသို့ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများ၊ စေတနာရှင် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ကူညီထောက်ပံ့ရေးပစ္စည်းများ၊ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ထောက်ပံ့ပေးအပ်သည့်ပစ္စည်းများကို တပ်မတော်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် ကူညီပို့ဆောင် ပေးလျက်ရှိသည်။
Jul 15, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်တွေမြို့ရှိ မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေ စေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 15, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ် တာဝန်ပေးထားပြီး ဖြစ်သည်။
Jul 15, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင် အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာ သူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ ခဲယမ်းများဖြင့် ဝင်ရောက်လာသူများကို ဆုကြေးငွေများ သီးသန့်ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
Jul 15, 2023
မန္တလေးတိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးထားမှု၊ ဓာတ်အားခ ကောက်ခံ ရရှိမှုနှင့် ဘဏ္ဍာရေးဆိုင်ရာ အလွဲသုံးစားမှုများ မဖြစ်ပေါ်စေရေးတို့နှင့် ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးလျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်း (ရုံးချုပ်)၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jul 15, 2023
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာ နိုင်ငံသို့ ပြန်လည်ရောက်ရှိကြသည်။