Jul 18, 2023
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Ms. Noriko Takagi နှင့် အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 18, 2023
ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် (၁၂) ကြိမ်မြောက် မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အေ ကေ အဗ္ဗဒူလ် မိုမန်နှင့်လည်းကောင်း၊ ဒေသစံတော်ချိန် ညနေ ၅ နာရီ ၁၅ မိနစ်တွင် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီး မစ္စတာ အလီဆာဘရီနှင့် လည်းကောင်း သီးခြားစီတွေ့ဆုံသည်။
Jul 18, 2023
သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) တွင် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ အခြေခံသဘောတရားများကို သိရှိစေရန်၊ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းများကို တတ်သိနားလည်ပြီး အသုံးချနိုင်စေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်စေရန်ရည်ရွယ်၍ စွန့်ဦးတီထွင်မှုနှင့် စီးပွားရေးစီမံခန့်ခွဲမှုပညာအသိမှတ်ပြုလက်မှတ်သင်တန်း Certificate in Entrepreneurship and Business Management (Batch I) ကို ၁၂-၅-၂၀၂၂ ရက်မှ ၁၂-၈-၂၀၂၂ ရက်အထိလည်းကောင်း၊ (Batch II) ကို ၁၅-၂-၂၀၂၃ ရက်မှ ၁၅-၅-၂၀၂၃ ရက်အထိလည်းကောင်း Free Online Certificate Course အဖြစ် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
Jul 18, 2023
Campana Mythic Co.,Ltd သည် မြန်မာ-စင်ကာပူ အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ်လ်သွယ်တန်းခြင်း လုပ်ငန်းကို ရေအောက်ကေဘယ်လ်ချခင်းသည့် သင်္ဘော CS.Nusan- tara Explorer ဖြင့် မြန်မာအထူးသီးသန့်စီးပွားရေးဇုန်အတွင်း ကေဘယ်လ်ကြိုးကို Rov သုံး၍ ပင်မလိုင်းခွဲ ယူနစ် (၁) တပ်ဆင် ထားသောနေရာတွင် သောင်တူးခြင်းဖြင့်မြှုပ်နှံခြင်း ဆောင်ရွက်သွားမည့် ဧရိယာများဖြစ်သော မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၇ ဒသမ ၃၈၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၄၁၇ မိနစ်၊ မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၆ ဒသမ ၆၃၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၀၉၆ ဒီဂရီ ၂၂ ဒသမ ၁၀၉ မိနစ်အတွင်း၌ ၂၀၂၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင်လည်းကောင်း၊
Jul 18, 2023
နိုင်ငံရေးပါတီ တည်ထောင်လိုသူများက ယင်းတို့တည်ထောင်လိုသော ပါတီအမည်ကိုဖော်ပြ၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လျှောက်ထားလျက်ရှိကြရာ ယနေ့အထိ ပါတီတည်ထောင်ခွင့် လျှောက်ထားလာသည့်အဖွဲ့ ၁၃ ဖွဲ့ရှိပြီး ယင်းသို့လျှောက်ထားသည့် အဖွဲ့များအနက် နိုင်ငံရေးပါတီ ၈ ပါတီကို တည်ထောင်ခွင့်ပြုပြီးဖြစ်သည်။
Jul 18, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးခင်ဇော် (၂) ကို ယင်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ အစမ်းခန့်ထားလိုက်သည်။
Jul 18, 2023
နေပြည်တော် ဇူလိုင် ၁၇
Jul 18, 2023
မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၁ ရက်မှ ၁၄ ရက်အထိ ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း၊ ကြက်သွန်နီ၊ ရေထွက်ကုန်များဖြစ်သည့် ပုစွန်၊ ငါးခွေးလျှာ၊ ငါးကြင်းတို့အပြင် ဂေါ်ဖီထုပ်၊ ငရုတ်၊ မန်ကျည်းသီး (အစေ့ပါ)၊ ချင်းခြောက်နှင့် CMP ပစ္စည်းများဖြစ်သည့် အမျိုးသား/အမျိုးသမီး အဝတ်အထည်များ တင်ပို့နိုင်ခဲ့သည်။
Jul 18, 2023
နေပြည်တော် ဇူလိုင် ၁၇
Jul 18, 2023
၂၀၂၃ ခုနှစ် ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဇူလိုင် ၁၉ ရက် နံနက် ၈ နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်၌ ကျင်းပမည်ဖြစ်သည်။
Jul 18, 2023
မြန်မာနိုင်ငံသည် နယ်ချဲ့လက်အောက်၌ နှစ်ပေါင်းတစ်ရာကျော် ကျွန်ဘဝရောက်ခဲ့သည်။ သူ့ကျွန်ဘဝတွင် အခြယ်လှယ်ခံ၊ အဖိနှိပ်ခံ၊ သွေးစုပ်ခံဘဝဖြင့် နေခဲ့ရသည်။ သူ့ကျွန်မခံလိုသော မြန်မာတို့သည် နယ်ချဲ့တို့ကို အသက်သွေးချွေး တို့ဖြင့်ရင်းနှီးကာ နည်းမျိုးစုံဖြင့် တော်လှန်ခဲ့ကြသည်။ တော်လှန်ခဲ့သော သမိုင်းစဉ်တွင် အာဇာနည်ခေါင်းဆောင်များပေါ်ထွန်းခဲ့သည့်အနက် နိုင်ငံအတွက် ဂုဏ်ပြု မှတ်ကျောက်တင်ထားသည့် အာဇာနည်ခေါင်းဆောင်ကြီးများကို သတိရဂုဏ်ပြုသည့်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
Jul 18, 2023
မြန်မာလူမျိုးတို့၏ စရိုက်လက္ခဏာ (National Characteristic) သည် တစ်ဦးချင်း အလွန်လွတ်လွတ်လပ်လပ်နေလို၍ မိမိသဘောအရသာ(Individualistic) နေသွားလိုကြသည်။ ထိုစရိုက်သဘာဝကြောင့်ပင် ခိုင်မာစွမ်းပကားရှိသည့် ခေါင်းဆောင်များမရှိသည့်အခါ မြန်မာတို့သည် ညီညွတ်စည်းလုံးမှု လုံးဝမရှိဘဲ ဝါးအစည်းပြေသလို သူတစ်လူ ငါတစ်မင်းသာ နေထိုင်ခဲ့ကြသည်ကို တွေ့ရကြောင်း သုတေသီပညာရှင်တစ်ဦးက ဆိုမိန့်ထားသည်။
Jul 17, 2023
ဘင်းမ်စတက် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းဘုရင့်နိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်(ဒ်)ဝီနိုင်း၏ ဖိတ်ကြားချက်အရ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်ခဲ့သည်။
Jul 17, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။
Jul 17, 2023
ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာ စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
Jul 17, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Jul 17, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီမှ ၁၀ နာရီ ၃၀ မိနစ်ခန့်ထိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း ၂၀၀ ဦးတို့ဖြင့် ပါဝင်စိုက်ပျိုးခဲ့ပြီး မြို့တွင်းသို့ ပြန်လည်ထွက်ခွာလာစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက မြို့၏မြောက်ဘက်နှင့် တောင်ဘက်တို့မှ ၂ ဖွဲ့ခွဲ၍ မြို့အတွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် အကြောင်းမဲ့လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
Jul 17, 2023
နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများကို ရက်စက်စွာ လုပ်ကြံသတ်ဖြတ်ခြင်း၊ လုယက်ခြင်းများ၊ အပြစ်မဲ့ပြည်သူများ သေကြေပျက်စီးစေရန်ရည်ရွယ်ချက်ဖြင့် လူစည်ကားရာနေရာများအား ဖောက်ခွဲတိုက်ခိုက်ခြင်းများ၊ နိုင်ငံတော်အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်အတွက် CDM ပြုလုပ်ခြင်းမရှိသော နိုင်ငံ့ဝန်ထမ်းများအား လုပ်ကြံသတ်ဖြတ်မှုများ၊ နိုင်ငံတော်အစိုးရနှင့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်းများကို ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။
Jul 17, 2023
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဗဟန်းမြို့နယ် အာဇာနည်ဗိမာန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ (၇၆)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားပြင်ဆင်ရေးနှင့် စီစဉ်ရေးဆပ်ကော်မတီ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများက ပြင်ဆင်ဆောင်ရွက် ပြီးစီးမှုကို ရှင်းလင်းတင်ပြကြသည်။