Skip to main content

Jun 05, 2024

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌တွေ့ဆုံပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် Myanmar Rice Online-MyRo အစီအစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်စက်မှုဇုန်ရှိ Dekhina Meat Co.,Ltd ၏ အသားခြောက် ထုတ်လုပ်ရေးစက်ရုံ၌ ပြည်ပတင်ပို့ရန်တန်ဖိုးမြင့် အေးခဲသားထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဈေးကွက်နှင့် ကိုက်ညီသော အရည်အသွေးပြည့် ထုတ်ကုန်များ ပိုမိုတိုးတက်ထုတ်လုပ်ရန်၊ အစားအစာဘေးကင်းလုံခြုံရေးအတွက် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ လိုက်နာကျင့်သုံးရန်၊ ခိုင်မာသော ဈေးကွက်ဖော်ဆောင်နိုင်ရန်၊ ဈေးကွက်လိုအပ်ချက်ရှိသော တန်ဖိုးမြင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနနှင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် Snack & Bakery နည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂ ရက် နံနက်ပိုင်းက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးကာ ကျောင်းနေ အရွယ်ကလေးအားလုံး ကျောင်းတက်ရေးအတွက် ဆရာ ဆရာမများ၊ မိဘပြည်သူများ၊ ရပ်မိရပ်ဖများ၊ တာဝန်ရှိသူများအားလုံး ဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

AA အကြမ်းဖက်သောင်းကျန်းသူများအနေနဲ့ စစ်တွေမြို့နယ်ဗျိုင်းဖြူကျေးရွာ ကိစ္စနဲ့ပတ်သက်ပြီး မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်နေတာကိုတွေ့ရပါတယ်။ ဒီ စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာရဲ့ မြောက်ဘက်မှာရှိနေတဲ့ ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်ပေါ့၊ ဗျိုင်းဖြူကျေးရွာဟာလည်း စစ်တွေမြို့နယ်ရဲ့မြောက်ဘက်မှာပဲရှိတာပါပဲ။ ဒီရွာတွေကနေပြီးတော့ AA အကြမ်းဖက်သောင်းကျန်းသူတွေ ခိုအောင်းပြီးတော့စစ်တွေမြို့ထဲကို Drone တွေနဲ့ Drop Bomb လာချတာတွေ၊ အဝေးကနေလက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်တာတွေကို ယခင်ထဲကတိုင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဗျိုင်းဖြူကျေးရွာ၊ ခုနကပြောတဲ့ကံပြင်ရွာဟောင်း၊ ကံပြင်ရွာသစ်မှာ AA အကြမ်းဖက်သောင်းကျန်းသူတွေ ရောက်ရှိနေတယ်ဆိုတဲ့ဒေသခံတွေရဲ့ မြေပြင်သတင်းပေးချက်အရ တပ်မတော်အနေနဲ့ မေလ ၂၉ ရက်နေ့မှာ ဗျိုင်ဖြူကျေးရွာမှာ ဝင်ရောက်နယ်မြေလုံခြုံရေး ဆောင်ရွက်ခဲ့တယ်။ နယ်မြေလုံခြုံရေးဆောင်ရွက်ခဲ့တဲ့နေရာမှာ ရွာထဲဝင်သွားတုန်းကတော့ အေးအေးဆေးဆေးပါပဲ၊ ရွာထဲမှာ ရောက်တဲ့အခါမှာ ရွာသားမဟုတ်တဲ့ မသင်္ကာတဲ့လူတွေကို ခေါ်ယူမေးမြန်းနေတယ်၊ ခေါ်ယူမေးမြန်းနေတဲ့ အချိန်မှာပဲ ဗျိုင်းဖြူရွာသား မဟုတ်တဲ့ရွာသားသုံးဦးပေါ့၊ ဗျိုင်းဖြူရွာသားမဟုတ်တာတော့ သေချာတယ်၊ အဲဒီလူသုံးယောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ယောက်ရဲ့သေနတ်ကို လုယူပြီးရန်ပြုဖို့ကြိုးစားတယ်။ ဒါကြောင့်မို့လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးက ပစ်ခတ်ခဲ့ရတယ်။ ပစ်ခတ်ခဲ့တဲ့နေရာမှာ ခုနကသေနတ်လုယူတဲ့ အမျိုးသားသုံးဦးသေဆုံးခဲ့တာရှိတယ်။ အဲဒီအထဲမှာ မသင်္ကာတဲ့သူလူ ၂၀ လောက်ကို ခေါ်ယူထိန်းသိမ်းပြီးတော့မှ စစ်ဆေးလျက်ရှိတယ်။ အဲဒီအထဲမှာ ပါတဲ့ AA ရဲ့ ယုတ်မာကောက်ကျစ်ပြီး ဝါဒဖြန့်မှုဖြစ်တဲ့ လူ ၄၀ လောက် သေဆုံးတယ်တို့၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်သွားတယ်ဆိုတဲ့ ကိစ္စမျိုးဖြစ်ပျက်ခဲ့ခြင်း မရှိပါဘူး။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စက်ပစ္စည်းကြီးကြပ်မှုကော်မတီ၏ လုပ်ထုံးလုပ်နည်းညွှန်ကြားချက်(၁/၂၀၂၄) ရှင်းလင်းဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဇွန် ၁ ရက် မွန်းလွဲပိုင်းက အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး ဒေသတွင်းရှိ သီလဝါအထူးစီးပွားရေးဇုန်နှင့် MSME ဖွံ့ဖြိုးရေးအတွက် နည်းပညာရှင်များကို သတ်မှတ်စံနှုန်းများအတိုင်း မွေးထုတ်ပေးနိုင်ရေး အလေးထားဆောင်ရွက်ရန်နှင့် ပြည်သူများဘဝရပ်တည်မှုခိုင်မာစေရေးအတွက် လက်တွေ့ကျသည့် သက်မွေးနည်းပညာ သင်တန်းများဖွင့်လှစ်သင်ကြားပေးရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြား၍ ဝန်ထမ်းများ၏ အခက်အခဲတင်ပြမှုများအပေါ် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးပြီး စာကြည့်တိုက်၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် အလုပ်ရုံများ၊ ကျောင်းသန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အလှူရှင်အသီးသီးက လှူဒါန်းသည့် ပိဋကတ်သုံးပုံပါဠိတော် (မြန်မာ၊ ရိုမန်) အက္ခရာ နှစ်မျိုးဖြင့် ပြုစုထားသော ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံပါဠိတော်ကျမ်းစာအုပ်များကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်သည် မန္တလေးတိုင်းဒေသကြီးအတွင်း မဟာအောင်မြေ ခရိုင်၊ မဟာအောင်မြေမြို့နယ်ရှိ ပရိယတ္တိစာသင် တိုက်ကြီးများသို့ ယနေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jun 05, 2024

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ ပို့ကုန်လျာထားချက် ပြည့်မီကျော်လွန်စေရေးအတွက် အဓိကပို့ကုန်များဖြစ်သည့် ဆန်/ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ ရော်ဘာ၊ ရေထွက်ပစ္စည်းများကို တင်ပို့သည့် ကုမ္ပဏီအလိုက် ဆောင်ရွက်နိုင်သည့် အခြေအနေအပေါ် သက်ဆိုင်ရာအသင်း အဖွဲ့များနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ လအလိုက်လျာထားသတ်မှတ်ပြီး လျာထားသတ်မှတ်ချက်အတိုင်း တင်ပို့နိုင်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့်နှမ်းကုန်သည်များအသင်း၊ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များ အသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း အစရှိသည့် အသင်းအဖွဲ့များနှင့်ညှိနှိုင်း၍ ပို့ကုန်တင်ပို့ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကိုလည်း ကူညီဖြေရှင်းဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်