Skip to main content

Sep 03, 2023

ရန်ကုန်မြို့တွင်ပြုလုပ်သည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာ−ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံရေတပ်ဦးစီးအရာရှိများ တွေ့ဆုံဆွေးနွေးပွဲ (6th Myanmar-Bangladesh Navy to Navy Staff Talks) သို့ တက်ရောက်ရန်အတွက် ဘင်္ဂလားဒေ့ရှ်ရေတပ်မှ Commodore Mustaque Ahmed, (G), NPP, pcs, BN ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိပြီး တပ်မတော် (ရေ) မှ ဗိုလ်မှူးချုပ်ကျော်ကျော်ထူး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် စက်တင်ဘာ ၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ်စခန်းဌာနချုပ် အရာရှိရိပ်သာ၌ တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုကိုအကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္တုကံတော်တွင် တည်ထားပူဇော်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်တော်မူသော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၌ ယနေ့တွင်လည်း အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမြော်ကြည်ညိုကြသည့် ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ (၂-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၃-၉-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၂,၉၂၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိပါ။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ရန်ကုန်မြို့နှင့်မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ ၃-၉-၂၀၂၃

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်သည် ပြည်ထောင်စုရာထူးဝန်အဖွဲ့ တာဝန်ခံအဖွဲ့ဝင် ဦးဆန်းမြင့်၊ ဥက္ကဋ္ဌရုံး ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေတို့နှင့်အတူ ယမန်နေ့က နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဩဂုတ် ၃၀ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ကျင်းပသည့် (၇) ကြိမ် မြောက် အာဆီယံအားကစားဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများ (Seventh ASEAN Ministerial Meeting on Sports AMMS-7 and Related Meetings) သို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် သြဂုတ် ၂၇ ရက်မှ စက်တင်ဘာ ၂ ရက်အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပခဲ့သည့် (၁၄) ကြိမ်မြောက် အာဆီယံအားကစားဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ တိုင်းဒေသကြီး၏ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းဆောင်ရွက်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ကြည်ညိုသပ္ပာယ်ဖွယ်ကောင်းလှသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ဖူးမြော်ကြည်ညို ခွင့်ပြုခဲ့သည့် ဩဂုတ် ၈ ရက်မှ ယနေ့အထိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း ဘုရားဖူးလာ ပြည်သူများဖြင့် အထူးစည်ကား လျက်ရှိပြီး ဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ ဘုရား၊ ကျောင်း၊ ကန်၊ သာသနိက အဆောက်အဦများကိုလည်း စိတ်ဝင်တစားလေ့လာ လျက်ရှိကြရာ ဘုရားဖူးလာ ပြည်သူများနှင့် တွေ့ဆုံ၍ ဘုရားကြီး ဖူးမြော်ရခြင်းအတွက် ရင်တွင်းခံစားချက်၊ စိတ်ချမ်းမြေ့ဖွယ်ရာ ဘုရားဖူးအတွေ့အကြုံများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းဖော်ပြ လိုက်ရပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်ထားရှိသည့် ကမ္ဘာ ပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သြဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူပြည်သူများအား အခမဲ့ဖူးမြော်ကြည်ညိုခွင့်ပြုပေးခဲ့ကာ နေ့စဉ် နိုင်ငံတစ်ဝန်းမှ ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဘုရားဖူးလာပြည်သူများဖြင့် စည်ကားသိုက်မြိုက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် ယမန် နေ့က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျင်းသကျန်းမြို့၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ပိုးလမ်းမမြို့တော်များ ခရီးသွားလာရေး မဟာမိတ် အဖွဲ့ (International Tourism Alliance of Silk Road Cities) စတင် တည်ထောင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းနှင့်နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း (Standard Operating Procedure –SOP) ရေးဆွဲပြုစုရေး ပြည်ထောင်စုအဆင့် လုပ်ငန်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ လုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်၊ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးဌာန အသီးသီးမှ ကော်မတီဝင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့ နံနက်ပိုင်းက ကလောမြို့နယ်ရှိ စိုက်ပျိုးရေးဦးစီးဌာန၊ ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ၊ ဟဲဟိုးဥယျာဉ်ခြံ၏ လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံရုံးအကြီးအကဲများနှင့် သံတမန်များသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြပြီး မောင်တောမြို့နယ် တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းသို့ ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

၂ဝ၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက်(၄)ရပ်

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

ပညာသည် လူ၏တန်ဖိုးဖြစ်သည်။ ပညာသည် ဆီမီးတိုင်ပမာ ဝန်းကျင်တစ်ခုလုံးကို အလင်းရောင်ပေးနိုင်သည်။ ပညာသည် ရွှေအိုးပမာ အကျိုးရှိအောင် အသုံးပြုနိုင်သည်။ ပညာ၏တန်ဖိုးမှာ များပြားသည်။ ပညာဖြင့် အရာရာကို ပိုင်းခြားဆင်ခြင် အလင်းဆောင်နိုင်သည်။ “ပညာမတတ်လျှင် အကန်းနှင့်တူသည်” “စာတတ်ပြီး စာမဖတ်လျှင် ပြတင်းပေါက်ရှိလျက် မဖွင့်သောအိမ်နှင့်တူသည်”ဟု သတင်းစာ ဆရာကြီးတစ်ဦး ပြောသကဲ့သို့ အရာအားလုံးသည် အမှောင်အတိဖုံးနေမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 03, 2023

နိုင်ငံတော်တွင် အသိအလိမ္မာ ဉာဏ်ပညာချို့တဲ့၍ ဗဟုသုတ အတွေ့အကြုံ ကြွယ်ဝမှုမရှိသော နိုင်ငံသားများ၊ အမှားအမှန် ဝေဖန် ပိုင်းခြားခြင်းငှာ မတတ်နိုင်သောနိုင်ငံသားများ၊ စဉ်းစားဉာဏ် နည်းပါး၍ သူတစ်ပါးပြောသမျှကိုသာ လက်ခံလျက် နောက်ယောင် လိုက်တတ်သော နိုင်ငံသားများ၊ စိတ်ကူးကြံဆ တီထွင်တတ်သော စွမ်းရည်သတ္တိမရှိ နှလုံးရည်ကင်းမဲ့သော နိုင်ငံသားများ စသည်တို့ဖြင့်သာ ပြည့်နှက်နေပါမူ ထိုနိုင်ငံသည် လျင်စွာပြောင်းလဲ

ဆက်လက်ဖတ်ရှုရန်

Sep 02, 2023

မိမိတို့၏ နေ့စဉ်လူမှုဘဝနေထိုင်ဖြတ်သန်းရာတွင် ပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေမှသာ ကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီးမျက်စိပသာဒဖြစ်ဖွယ်ရာ သန့်ရှင်း သာယာလှပသော မြို့၊ ရွာ Clean city၊ Clean Village များဖြစ်လာမည် ဖြစ်ကာ ကျန်းမာရေးနှင့် ညီညွတ် မျှတမည်ဖြစ်သည့်အတွက် မိမိဒေသ၊ မိမိမြို့ရွာ သန့်ရှင်းသာယာရေးကိုဒေသခံများ၊ ဒေသတွင် တာဝန်ထမ်းဆောင်နေကြသည့် အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့် စည်ပင်သာယာရေးတာဝန်ရှိသူများက မဖြစ်မနေဆောင် ရွက်ကြရမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2023

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Sep 02, 2023

ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ်သင့် ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၏ စားသောက်ရေးအဆင်ပြေစေရန်နှင့် မိမိတို့အလိုရှိရာစားသောက် ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက် နိုင်ရေးအတွက် အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် တာဝန်ရှိသူများက နေ့စဉ်ရောင်းချပေး လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်