Jul 27, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ အခြေခံပညာကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် ကျောင်းအဆောက်အအုံနှင့် ပရိဘောဂပစ္စည်းများပြုပြင်ခြင်း၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် မိုင်းအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များ ဆောင်ရွက်ပေးပြီး ဒေသခံတိုင်းရင်းသားမိဘပြည်သူများကလည်း ပူးပေါင်းပါဝင်ပေးလျက်ရှိရာ ယနေ့တွင်လည်း နောင်ချိုမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်းကျောင်းခွဲ(လောက်ဖန်း)တို့၌ ကျောင်းအပ်စတင်လက်ခံခြင်းများ ဆောင်ရွက်ပေးသည်။
Jul 27, 2025
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ ကျောင်းပြန်လည်တက်ရောက်ကြမည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်အစိုးရနှင့် တပ်မတော်က ပုံနှိပ်စာအုပ်၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် နောင်ချိုမြို့ရှိ အခြေခံပညာအလယ်တန်းကျောင်း (လောက်ဖန်း)၌ ပြုလုပ်ရာ တပ်မတော်မှတာဝန်ရှိသူများ၊ ကျောက်မဲခရိုင်အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
Jul 27, 2025
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးမြို့၏ အနောက်ဘက်မီတာ ၄၀၀၀ ခန့်အကွာ လပတ်ကျေးရွာရှိ အပြစ်မဲ့ပြည်သူများအား KNLA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များ၊ တုတ်၊ ဓားများဖြင့် အကြောင်းမဲ့ပစ်ခတ်ခုတ်ဖြတ်ခဲ့မှုကြောင့် လူမမယ်ကလေးငယ်များနှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ပြည်သူ ၁၃ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
Jul 27, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် MDY-PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင်(၁၃)ဦးသည် ယနေ့တွင် ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာကြသည်။
Jul 27, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Jul 27, 2025
၂၀၂၅ ခုနှစ် မတ်လတွင် ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲနှင့် မန္တလေးငလျင်ကြီး ဘေးဒဏ်ခံခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ဖြေဆိုသော ၂၀၂၅ ခုနှစ် ဇွန်လတွင်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်ပိုင်းတွင် တစ်ပြည်လုံးအတွက် တစ်ပြိုင်တည်းအပြီးထုတ်ပြန်ကြေညာသည်။
Jul 27, 2025
မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ် Block of Stamp အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်တစ်မျိုးကို ဇူလိုင် ၂၀ ရက်က မြန်မာ့စာတိုက်လုပ်ငန်းမှ ထုတ်ဝေခဲ့ပြီး မြန်မာ-ရုရှား နှစ်နိုင်ငံကျားထိန်းသိမ်းရေးအထိမ်းအမှတ်မှသည် နည်းပညာပူးပေါင်းဆောင်ရွက်မှုဖြင့် ကျားကောင်ရေတည်တံ့မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Jul 27, 2025
တောင်သူလယ်သမားများအပါအဝင် စိုက်ပျိုးလုပ်ကိုင်သူများအားလုံး လယ်ယာကဏ္ဍဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ထဲထဲဝင်ဝင်သိရှိလိုက်နာရေးနှင့် ဥပဒေ၏ အကာအကွယ်နှင့် အထောက်အပံ့ကို ခံယူနိုင်ကြစေရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက နည်းလမ်းစုံဖြင့်ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇေယျာသီရိမြို့နယ် ရေဆင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း AERDTC ခန်းမ၌ ကျင်းပသည့် တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် သက်ဆိုင်ရာပညာရှင်များက “မြေဩဇာဥပဒေအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြသည်။
Jul 27, 2025
ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် နမ့်စန်မြို့နယ် ကျောက်တိုင်အားကစားကွင်း၌ ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ ဒိုင်အဖွဲ့ဝင်များ၊ ဒေသခံတိုင်းရင်းသားနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jul 27, 2025
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 27, 2025
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံသို့ သွားရောက်၍ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသည့် အဆောက်အအုံများထဲမှ ပြုပြင်ပြီး ကျောင်းသူအိပ်ဆောင်နှင့် စားရိပ်သာတို့ကိုလည်းကောင်း၊ ပြုပြင်ဆဲဆေးဆိုးနှင့် ပန်းပုံရိုက်နည်းပညာဌာန၊ သင်ကြားရေးစက်ရက်ကန်းရုံ၊ ဝန်ထမ်းအိမ်ရာတို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး အနီရောင်အဆင့် သတ်မှတ်ချက်အဆောက်အအုံများနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် တာဝန်ရှိသူများအား မှာကြားသည်။
Jul 27, 2025
ဆေးဘက်ဆိုင်ရာနည်းပညာတက္ကသိုလ် (ရန်ကုန်) ဘရဏီကျောင်းသူဆောင်နှင့် ဆေးတက္ကသိုလ်-၁ (ရန်ကုန်) သမားဂုဏ်ရည်ကျောင်းသားဆောင်အဆောက်အအုံများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
Jul 27, 2025
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၅ ခုနှစ် တရုတ်-အာဆီယံ ပညာရေးပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ်အခမ်းအနား တက်ရောက်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့သို့ ဇူလိုင် ၂၄ ရက်တွင် ရောက်ရှိသည်။
Jul 27, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့ ရောက်ရှိကာ ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး ဒုတိယပါမောက္ခချုပ်က ကျောင်းဆိုင်ရာ အချက်အလက်များ၊ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြုပြင်ဆောင်ရွက်ခဲ့ပြီးသော လုပ်ငန်းများနှင့် ပြုပြင်ရန်ကျန်ရှိသည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လတ်တလောပြုပြင်ရေးလုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးနှင့် ထိခိုက်မှုလျော့နည်းအောင် ဆောင်ရွက် ကြရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားသည်။
Jul 27, 2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် မကွေးတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး မကွေးမြို့အနီးရှိ နေရောင်ခြည်စွမ်းအင်နှင့် သဘာဝဓာတ်ငွေ့အင်ဂျင်ပေါင်းစပ်သုံး (Solar+ Gas Engine Hybrid) ဓာတ်အားပေး စက်ရုံစီမံကိန်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် မကွေးပင်မဓာတ်အားခွဲရုံ၏ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
Jul 27, 2025
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ ပြေးဆွဲနေသော အမြန်ရေယာဉ်များနှင့် ကုန်တင်စက်လှေများသည် ဇူလိုင် ၂၃ ရက်မှစ၍ ရာသီဥတုအခြေအနေကြောင့် ခေတ္တရပ်နားထားရှိရာမှ ယနေ့နံနက်ပိုင်းတွင် အမြန်ရေယာဉ်များ ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း သိရသည်။
Jul 27, 2025
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုတို့တွင် ဇူလိုင် ၂၆ ရက်အထိ သေဆုံးသူ ၃၇၇၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၃၇ ဦး ရှိသည်။
Jul 27, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိသည်။
Jul 27, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ဇေယျသည် ဇူလိုင် ၂၂ ရက် မွန်းလွဲပိုင်းတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) ကို သွားရောက်စစ်ဆေးရာ ကျောင်းအုပ်ကြီးက ကျောင်းလုပ်ငန်းဆိုင်ရာ တင်ပြပြီး ဒုတိယဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်ပေးကာ ကျောင်းစာကြည့်တိုက်ကို ကြည့်ရှုစစ်ဆေးသည်။
Jul 27, 2025
စာဆိုဗိမာန်အဆောက်အအုံတွင် ခင်းကျင်းပြသမှုဆိုင်ရာ စိစစ်အတည်ပြုအဖွဲ့ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် စာဆိုဗိမာန်တည်ဆောက်ပြီးစီးပါက အတွင်းပိုင်းအခန်းများ ပြင်ဆင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။