Aug 12, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် လာအိုနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးအောင်ကို၊ လာအိုနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် ခင်မောင်စိုးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက လာအိုနိုင်ငံဗီယန်ကျင်းမြို့ Thatluang သံဃနာယကတိပိဋက ကျောင်းတိုက်၌ကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆက်ကပ်လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ ပါဠိတော်ကျမ်းများ လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်သည်။
Aug 12, 2024
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးသည် ၎င်းတို့နိုင်ငံ၏ အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကြရာတွင် မျိုးဆက်သစ်လူငယ်များကို အားကိုးအားထားပြုကြသည်။ ယနေ့လူငယ်သည် နောင်တစ်ခေတ်တွင် လူကြီးများဖြစ်လာပြီး နိုင်ငံ့တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့်သူများဖြစ်သည်။ ထို့ကြောင့် လူငယ်လူရွယ်များကို တန်ဖိုးထားသောအားဖြင့် ကုလသမဂ္ဂ၏ (၅၄) ကြိမ်မြောက် အစည်းအဝေးတွင် နှစ်စဉ်ဩဂုတ်လ ၁၂ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟု သတ်မှတ်ခဲ့သည်။
Aug 12, 2024
လူငယ်များသည် နိုင်ငံအတွက်လိုအပ်သည့် လူသားအရင်းအမြစ်များဖြစ်ရာ လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို မဖြစ်မနေပြုလုပ်ရန်လိုသည်။ လူငယ်များဖွံ့ဖြိုးတိုးတက်မှုနှင့် စွမ်းရည်တို့ မြင့်မားသည်နှင့်အမျှ နိုင်ငံ၏အနာဂတ်ကိုလည်း ပိုမိုကောင်းမွန်အောင် တည်ဆောက်နိုင်မည်ဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ မိမိတို့နိုင်ငံတွင် အသက် ၁၅ နှစ်မှ ၆၄ နှစ်ရှိ အလုပ်လုပ်နိုင်သော လူဦးရေအချိုးအစား ၆၅ ဒသမ ၆ ရာခိုင်နှုန်းရှိနေရာ လူဦးရေပညာရှင်များ၏ အဆိုအရ “လူဦးရေ ဆိုင်ရာဆုလာဘ်” ဖြစ်ပြီး ဆယ်စုနှစ်နှစ်စုအတွင်း အကျိုးရှိစွာအသုံးချနိုင်လျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သည်ဟု သိရသည်။
Aug 11, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီးမြထွန်းဦးသည် ဝန်ကြီးဌာနမှ တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်-ကျောက်တန်း သီလဝါဆိပ်ကမ်းဧရိယာရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်စီမံခန့်ခွဲလျက်ရှိသည့် သီလဝါဆိပ်ကမ်း တံတားများနှင့် မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်၊ ရန်ကုန်မြို့ရှိ ဝန်ကြီးဌာနလက်အောက်မှ ဦးစီးဌာနများအား လှည့်လည်ကြည်ရှုစစ်ဆေးသည်။
Aug 11, 2024
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ငွေကျပ် ၂ ဒသမ ၁၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၉ ဒသမ ၈ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၆ သိန်း ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသိရသည်။
Aug 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသောအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Aug 11, 2024
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်ရှိသည့်နေရာများမှ ပဲခူးမြို့ရှိ ပုညကာရီဆုတောင်းပြည့်စာသင်တိုက်သို့ ယာယီရွှေ့ပြောင်းနေထိုင်နေသည့် ရေဘေးသင့်ပြည်သူများအား ဩဂုတ်လ ၁၀ ရက် နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ကြည်သိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။
Aug 11, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 11, 2024
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
Aug 11, 2024
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည့် မင်္ဂလာအဖြာဖြာဆုံဆည်းရာ လက်ဖက်ရည်ကြမ်းအနုပညာ (Tea for Harmony Yaji Cultural Salon) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်သည်။
Aug 11, 2024
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သော စီးပွားရေးလုပ်ငန်းများအား ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက်တမ်း ၁ နှစ် (အတိုးနှုန်း ၁%) ဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစတင်၍ ချေးငွေများ ထုတ်ချေးခဲ့ပါသည်။
Aug 11, 2024
တတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၏ အဋ္ဌမပုံမှန်အစည်းအဝေး (၃/၂၀၂၄) ကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အင်ဂျင်နီယာအထူးပြုပညာရပ်အလိုက် လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဝင်များ တက်ရောက်ကြသည်။
Aug 11, 2024
မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ပေါ်တွင် ယခင်ရက်များအတွင်း လိုင်စင်ရစက်သုံးဆီအရောင်းဆိုင်များတွင် ယာဉ်တန်းစီမှု၊ စက်သုံးဆီပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့သည့် အကြောင်းရင်းမှာ ဇူလိုင်လလယ်ခန့်မှစ၍ နိုင်ငံအနှံ့အပြားတွင် မိုးအဆက်မပြတ် ရွာသွန်းပြီး ဒေသအချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေခြင်းကြောင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် သီလဝါဆိပ်ကမ်းဒေသရှိ Terminal များ၏ ပုံမှန်လုပ်ငန်း ဆောင်ရွက်မှုများ အနည်းငယ်နှောင့်နှေးကြန့်ကြာခြင်း၊ သယ်ယူပို့ဆောင်ရာတွင်လည်း လမ်းခရီးအခြေအနေများအရ ဆီတင်ယာဉ်ရောက်ရှိရန် အချိန်အနည်းငယ်ကြန့်ကြာခြင်းကြောင့် အရောင်းဆိုင်အချို့သို့ ဆီတင်ယာဉ်မရောက်မီ စက်သုံးဆီအမျိုးအစားအချို့ ယာယီပြတ်လပ်မှုဖြစ်ပေါ်စေမည်ဟူသော ပြည်သူများ၏ စိုးရိမ်စိတ်ကြောင့် အရောင်းဆိုင်ကြီးများ၌ စက်သုံးဆီဝယ်ယူမှု ယခင်ကထက် အဆမတန် များပြားလာမှုကြောင့် ယာဉ်တန်းစီမှုများ ဖြစ်ပေါ်စေခဲ့သည်။
Aug 11, 2024
ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ပဲခူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် ကြည်သိုက်နှင့် တာဝန်ရှိသူများ၊ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။
Aug 11, 2024
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ရှိ မလိဝမ်းရွှေဖြူ ရော်ဘာစက်ရုံသို့ ရောက်ရှိပြီး စက်ရုံတာဝန်ရှိသူက ရော်ဘာစေးမှ မှိုင်းခံရော်ဘာပြား (Ribbed Smoked Sheet - RSS) ရော်ဘာကုန်ကြမ်းထုတ်လုပ်နေမှုအဆင့်ဆင့်ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ရော်ဘာစေးအထွက်တိုးအောင် ဆောင်ရွက်ရန်၊ မှိုင်းခံရော်ဘာပြားများ ပိုမိုထုတ်လုပ်နိုင်ရေးအတွက် စက်စွမ်းအားပြည့် အသုံးပြုထုတ်လုပ်ရန်၊ ပြည်ပနိုင်ငံများသို့ ရော်ဘာများ ပိုမိုတင်ပို့နိုင်ရေးဆောင်ရွက်ရန်၊ ကုန်သွယ်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရန် မှာကြားသည်။
Aug 11, 2024
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင် အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။
Aug 11, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ဒုတိယဝန်ကြီး ဦးအေးကျော်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Aug 11, 2024
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများတွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို စုပေါင်းဆောင်ရွက်ပေးလျက်ရှိသည်။
Aug 11, 2024
ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) ခိုလမ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား သွားရောက်ကြည့်ရှုအားပေးစကား ပြောကြားသည်။
Aug 11, 2024
ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ခန့်အပ်တာဝန်ပေး