Aug 28, 2024
သာယာဝတီ ဗဟိုအကျဉ်းထောင်သို့ ပြောင်းရွှေ့ခံခဲ့ရသည့် အကျဉ်းသား ၄၀ ကျော်ကို ထောင်ဝန်ထမ်းများက ရိုက်နှက်မှုကြောင့် ဦးခေါင်းနှင့်ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိပြီး တိုက်ပိတ်မှုများ၊ ခြေကျင်းခတ်မှုများလည်း ခံနေရသည်ဟူ၍ Khit Thit အမည်ခံ Facebook Page က ဩဂုတ် ၁၉ ရက်တွင် ပြည်သူလူထု အထင်အမြင်လွဲမှားစေရန် အဖျက်အမှောင့်သတင်းအဖြစ် မဟုတ်မမှန် လုပ်ကြံသတင်းရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။
Aug 28, 2024
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ၂၀၂၃-၂၀၂၄ ပညာသင်နှစ် (၂၇)ကြိမ်မြောက် ပန်းချီ၊ ပန်းပု ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူလက်ရာမွန်ပြပွဲနှင့် ဂီတ၊ သဘင်၊ ရုပ်ရှင်နှင့် ပြဇာတ်ကျောင်းသား ကျောင်းသူများ၏ ဘွဲ့ယူ စင်တင် တင်ဆက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသား ကဇာတ်ရုံ၌ ကျင်းပသည်။
Aug 28, 2024
သုတေသနနည်းပညာဖွံ့ဖြိုးရေးသင်တန်း (ငါး၊ ပုစွန် အစာအာဟာရ) အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က နေပြည်တော်ဇေယျာသီရိမြို့နယ်ရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
Aug 28, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Iskander Azizov အား နေပြည်တော်ရှိ ရုံးအမှတ် (၁၆) ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးလွင်ဦးသည် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ညွှန်ကြားရေးမှူးများအဖွဲ့ (Emergency Directors Group – EDG) ဥက္ကဋ္ဌနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ လုပ်ငန်းလည်ပတ်မှုနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ တုံ့ပြန်မှုဆိုင်ရာဌာနညွှန်ကြားရေးမှူး Ms. Edem Wosornu ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အားယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander Azizov ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက် ၇ နာရီ ခွဲက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းအတွင်းရှိ ဝူရှူးအားကစားရုံသို့ ရောက်ရှိပြီး ပေ(၂၄၀ x ၆၀)ကြမ်းခင်းအဟောင်းဖျက်သိမ်းပြီး နှစ်ထပ်လျှာထိုးခင်းကျင်းရန် ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကောင်းမွန်သော သစ်အမျိုးအစားကို အသုံးပြု၍ စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်တည်ဆောက်ရန် မှာကြားသည်။
Aug 28, 2024
အဆင့်မြင့် နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာ ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကျောင်း (LAC)၊ ပထမထပ်သင်တန်းခန်းမ (MOLA Lecture Hall) ၌ ကျင်းပသည်။
Aug 28, 2024
၂၀၂၄ ခုနှစ်၊ မိုးနှောင်းကာလသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့ (မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၁၃ ရက်နေ့)မှစ၍ အနောက်တောင်မုတ်သုံလေ မြန်မာနိုင်ငံတစ်ဝန်းလုံးမှ ပြန်လည်ဆုတ်ခွာသွားသည့်နေ့အထိ ဖြစ်ပါသည်။
Aug 28, 2024
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအောက်ရှိ နည်းပညာတက္ကသိုလ်(တောင်ငူ)တို့ ပူးပေါင်းကျင်းပသည့် “လူငယ်နှင့်ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(တောင်ငူ)၌ ကျင်းပသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြစ်ချောင်းများမှ ရေစီးဆင်းမှုအခြေအနေများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Aug 28, 2024
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း နေရာအနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် မြစ်၊ ချောင်းများတစ်လျှောက် ရေကြီးနစ်မြုပ်မှုများ လျော့နည်းသက်သာစေရေးနှင့် အချိန်တိုအတွင်း ရေထုတ်နုတ်စီးဆင်းနိုင်ရေးအတွက် ဩဂုတ် ၂၅ ရက် နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တင်းဝါးချောင်း၊ ဆင်သေချောင်းနှင့် ငလိုက်ချောင်းတို့ကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Aug 28, 2024
၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဦးတည်ချက် (၄)ရပ်
Aug 28, 2024
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီ သတ္တမအကြိမ် လုပ်ငန်းညိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ဥပဒေရေးရာဝန်ကြီးဌာနရှိ မြေညီထပ်အစည်းအဝေးခန်းမ၌ Hybrid Format ဖြင့် ကျင်းပရာ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ဥပဒေရေးရာလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ဥပဒေရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦး တက်ရောက်အမှာစကားပြောကြားသည်။
Aug 28, 2024
(၁၃) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများ အစည်းအဝေး၊ (၇)ကြိမ်မြောက် အာဆီယံအပေါင်း ၃ နိုင်ငံများ ပညာရေးဝန်ကြီးများအစည်းအဝေးနှင့် (၇)ကြိမ်မြောက် အရှေ့အာရှ ပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့သည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေ ၆ နာရီတွင် ထိုင်းနိုင်ငံမှ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိသည်။
Aug 28, 2024
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် နယူးယောက်မြို့အခြေစိုက် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် လူသားချင်းစာနာထောက်ထားမှု အဖွဲ့အစည်းများ၏ အရေးပေါ်ကိစ္စရပ်များဆိုင်ရာ ညွှန်ကြားရေးမှူးများအဖွဲ့(EDG)အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
ဩဂုတ်(၂၇)ရက်ထုတ် မြန်မာ့အလင်းသတင်းစာ၏ စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မန္တလေး ပညာရေးဒီဂရီကောလိပ်ရှိ နည်းပြ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအမှာစကား ပြောကြားသည့် သတင်း၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသစာအုပ်စာစောင်များ၊ သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့က မန္တလေးပညာရေးဒီဂရီကောလိပ်စာကြည့်တိုက်အတွက် လူထုသိပ္ပံကျမ်းများ၊ သုတရသစာအုပ်စာစောင်များနှင့် လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်း” ဟု ဖြည့်စွက်ဖတ်ရှုပါရန်နှင့် စာမျက်နှာ ၆ တွင် ဖော်ပြပါရှိသည့် ပုံညွှန်းစာ၌ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က မန္တလေးပညာရေးဒီဂရီကောလိပ် စာကြည့်တိုက်အတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” အစား “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့က လေ့ကျင့်ရေးအခြေခံပညာအလယ်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်လှူဒါန်းစဉ်” ဟု ပြင်ဆင်ဖတ်ရှုပါရန်။
Aug 28, 2024
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Aug 28, 2024
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ Horizon Lake View ဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (Ministry of Commerce- MOFCOM) ပညာ တော်သင်ဆုပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။
Aug 28, 2024
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီခွဲက မကွေးတိုင်းဒေသကြီး မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ မကွေးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ မကွေးတိုင်းဒေသကြီး သန်းခေါင် စာရင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
Aug 28, 2024
ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စမာကျားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။