Skip to main content

Oct 30, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၏ ၂၀၂၄ ခုနှစ် ပြည်ထောင်စုဝန်ကြီးဖလား အားကစားပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် ဝန်ကြီးဌာနပိုင် အားကစားကွင်းများတွင် ဆက်လက်ကျင်းပလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) နှင့် အိန္ဒိယနိုင်ငံ ကောင်စစ်ဝန်ချုပ်ရုံးတို့ ပူးပေါင်းကျင်းပသည့် (၉) ကြိမ်မြောက် အာယုဗေဒနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ ထိန်းသိမ်းခြင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်ခြင်း (၁၀) နှစ်ပြည့်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ Grand Amara ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် ထိန်းသိမ်းထားသော ရေလှောင်တမံနှင့် ရေထိန်းတမံ စုစုပေါင်း ၁၂ ခုရှိရာ အောက်တိုဘာ ၂၉ ရက်၌ ပေါင်းလောင်းရေလှောင်တမံတွင် HED ရေတံခါး အချပ် ၂၀ ထောင်ထားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

စစ်ကိုင်းတိုင်းဒေသကြီး ဘုတလင်မြို့နယ်၌ မိုးသီးနှံ နေကြာ ၅၇၁၂ ဧက စိုက်ပျိုးပြီးစီး၍ လျာထားဧကထက် ၆ ဧက ကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄၊ ပုဒ်မခွဲ (ဂ) အရ ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့် လိုအပ်သလိုဆောင်ရွက်စေသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်ကို (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ စစ်ပင်မြောက်ကျေးရွာရှိ ဒေသခံပြည်သူများအား ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က အဆိုပါကျေးရွာရှိ ဓမ္မဝိဟာရကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ဆောင်းအကြိုကာလဖြစ်၍ ရန်ကုန်မြို့တော်ကြီး၏ နံနက်ခင်းစောစောမြင်ကွင်းမှာ အေးချမ်းသာယာလှပနေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ထားဝယ်ထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦး လုံလောက်သော ဆေးကုသခွင့်မရရှိဘဲ လေဖြတ်ရောဂါဖြင့် သေဆုံးခေါင်းစဉ်ဖြင့် Khit Thit Media အမည်ခံ Facebook Page တွင် အောက်တိုဘာ ၂၁ ရက်က မဟုတ်မမှန် လုပ်ကြံရေးသားဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ချင်းပြည်နယ်၊ ဟားခါးမြို့တွင် အောက်တိုဘာလ ၂၈ ရက် မနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး ဒေသခံအမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ် ကြောင်း မိဘပြည်သူများ သိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများအား ယနေ့မွန်းလွဲပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်မှုအခြေအနေများအား ရင်းရင်းနှီးနှီးမေးမြန်းအားပေးစကားပြောကြားပြီး ဆေးရုံတက်လူနာများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

လာမည့်ခရီးသွားရာသီတွင် ပုဂံယဉ်ကျေးမှုနယ်မြေသို့ ပြည်ပခရီးသွား ပိုမိုဝင်ရောက်မည်ဟု ခန့်မှန်းထားကြောင်း ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ) မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

၁၃၈၆ ခုနှစ် မြန်မာနိုင်ငံစာဆိုတော်နေ့အထိမ်းအမှတ် (၃၇) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် မြန်မာနိုင်ငံ စာရေးဆရာအသင်းသို့ စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းကြရာ ဆရာတော်ဘဒ္ဒန္တရေဝတ (အရှင်ရေဝတ-ရွှေကွမ်းသား) က အလှူငွေကျပ် ၁၀ သိန်း၊ ဘဒ္ဒန္တကေလာသ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ပဏ္ဍိတာရာမကျောင်းတိုက်က ငွေကျပ်သုံးသိန်း၊ အောင်မြေသာစံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၂၈ဝဝဝဝ၊ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇ ဦးစိုးဝင်း (တက္ကသိုလ်စိုးယဉ်) - စာရေးဆရာမ (မလေးယဉ်) မိသားစုနှင့် အင်းစိန်မြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ်တစ်သိန်းစီ၊ လှိုင်မြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ကြယ်နီလေး (ဥပဒေ)၊ ကျောက်တံတားမြို့နယ် စာရေးဆရာအသင်း ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်(မောင်မောင်-စင်ထရယ်)၊ သံဖြူဇရပ်မြို့နယ် စာရေးဆရာအသင်းနှင့် ပုဗ္ဗသီရိမြို့နယ် စာရေးဆရာအသင်းတို့က ငွေကျပ် ငါးသောင်းစီ၊ ဒေါ်သဉ္ဇာလှိုင် (နှင်းစက်-လားရှိုး) က ငွေကျပ် ၁၅၀ဝဝ ပေးအပ်လှူဒါန်းကြပြီး ဆရာတော်ဘဒ္ဒန္တရေဝတ(အရှင်ရေဝတ-ရွှေကွမ်းသား)က အသင်းမဂ္ဂဇင်းထုတ်ဝေရန်အတွက် ငွေကျပ် ၁၀ သိန်း ထပ်မံလှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင်(မြင်းမူမောင်နိုင်မိုး)၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမျိုးထွန်း(မောင်စိမ်းနောင်-လယ်ဝေး)နှင့် ဦးမြတ်စိုး (မြတ်စိုး-လှိုင်)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် တာဝန်ရှိသူများက လက်ခံရယူပြီး ကျေးဇူးတင် စကား ပြန်လည်ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးသည် ယမန်နေ့ မွန်းလွဲပိုင်းက AZURA RESORT HOTEL ၌ ချောင်းသာညဈေးတန်း ဖွင့်လှစ်ရန် တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ခရီးသွားဧည့်သည်များ ဒေသထွက်အစားအစာများ၊ လွယ်ကူအဆင်ပြေစွာ စားသောက်၊ ဝယ်ယူနိုင်ရေးနှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO) ၌ အကျုံးဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမား မောင်ကျော်မြင့်ဦး (MD 372855) သည် မလေးရှားနိုင်ငံ၌ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်တွင် လုပ်ငန်းခွင်ထိခိုက်သေဆုံးခဲ့မှုအတွက် မလေးရှားနိုင်ငံ အလုပ်သမားများ၏ လူမှုဖူလုံရေးအက်ဥပဒေ (Act - 4) အရ မှီခိုသူ အကျိုးခံစားခွင့်ရရှိရန် မြန်မာနိုင်ငံ လူမှုဖူလုံရေးအဖွဲ့သည် သက်ဆိုင်ရာမိသားစုများနှင့် ချိတ်ဆက်၍ မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့ (PERKESO)သို့ ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ဇနီးဖြစ်သူ ဒေါ်စန်းစန်းရင်သည် မလေးရှားနိုင်ငံ လူမှုဖူလုံရေးအဖွဲ့မှ ပေးအပ်သည့် မှီခိုသူအကျိုးခံစားခွင့် ငွေကျပ် ၂၄၉၉၃၅၂၈ ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၂၂ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် တောင်ကြီးတက္ကသိုလ်သို့ ရောက်ရှိပြီး အဝေးသင်တက္ကသိုလ် ဒုတိယအသုတ် ဝိဇ္ဇာတွဲဘာသာရပ်စာမေးပွဲများ ဖြေဆိုနေမှုကို ကြည့်ရှုအားပေးကာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဖျောက်ဆိပ်ပင်ကျေးရွာသို့ ရောက်ရှိပြီး ဖျောက်ဆိပ်ပင်လယ်ယာနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ မှိုင်းပန်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်း၊ ကလေးလယ်ယာနှင့် အထွေထွေ စီးပွားရေးသမဝါယမအသင်းတို့မှ အသင်းသားတောင်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ မြို့နယ်သုံးမြို့နယ်အတွင်းမှ ကျေးရွာလေးရွာရှိ ရေဘေးသင့်နေအိမ်များအနက် အလုံးစုံပြန်လည်ပြင်ဆင်ရမည့် နေအိမ် ၃၄ လုံး၊ တစ်စိတ်တစ်ပိုင်း ပြင်ဆင်ခြင်း ၁၀ လုံး စုစုပေါင်း ၄၄ လုံးကို အလှူရှင် CB Bank ဥက္ကဋ္ဌ၏ လှူဒါန်းငွေကျပ်သိန်း ၃၀၀၀ ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေကို ယနေ့မွန်းလွဲပိုင်းက အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 30, 2024

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာနရှိ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ နည်းပညာတက္ကသိုလ်များ၊ ကွန်ပျူတာတက္ကသိုလ်များနှင့် Polytechnic University များ၏ ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများအားလုံးကို (၂၁-၁၁-၂၀၂၄) ရက်တွင် ဖွင့်လှစ်မည်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၁၄-၁၁-၂၀၂၄) ရက်မှစတင်၍ လက်ခံဆောင်ရွက်မည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်