Skip to main content

Aug 20, 2025

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဗိုလ်လုပွဲကို သြဂုတ် ၁၉ ရက်ကပြုလုပ်ရာ မြန်မာအသင်းက သြစတြေးလျအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်ပြီး ဒုတိယဆုဖြင့် ကျေနပ်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဟိုတယ်လုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့်အတူ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ် နိုင်ငံတော်ဧည့်ဂေဟာဝင်းအတွင်းရှိ ဟိုတယ်များမှ ငလျင်ဒဏ်သင့် ဟိုတယ်အဆောက်အအုံနှင့် အခန်းများ၊ ခန်းမများပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုအခြေအနေများ၊ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ဧည့်သည်လက်ခံနိုင်ရေး ပြင်ဆင်ထားရှိမှုအခြေအနေများ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်သည် ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် သဲကောကြီး အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ယူနေမှုကို ကြည့်ရှုအားပေးစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဝင်းနှင့်အဖွဲ့ကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မြန်မာ-ထိုင်း ချစ်ကြည်ရေး အသင်းဥက္ကဋ္ဌ ဦးတင်ဝင်း(သံအမတ်ကြီး-ငြိမ်း)နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး H.E. Gen. Luong Tam Quang ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ဩဂုတ် ၁၇ ရက်တွင် ကျင်းပသည့် နှစ် (၈၀) ပြည့် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နေ့ (The 80th Anniversary of the Traditional Day of the Viet Nam People's Public Security) အခမ်းအနားသို့ တက်ရောက်ရန် ဩဂုတ် ၁၅ ရက်မှ ၁၈ ရက်အထိ ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ရှိဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအတွက် ရွေးကောက်ပွဲဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ကျင်းပရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုး၊ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ပြည်ထောင်စုနယ်မြေနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် ဇနီးဒေါ်ကြူကြူလှနှင့် ကော်မရှင်အတွင်းရေးမှူး၊ တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ချောက်မြို့နှင့် ရေနံချောင်းမြို့တို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများအား သီးခြားစီတွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

​​​​​​​နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဩဂုတ်လ ၁၈ ရက်နေ့က မကွေးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME လုပ်ငန်းရှင်များနှင့်တွေ့ဆုံစဉ် “တပ်မတော်သည် နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး တပ်မတော်သားများသည် ပြည်သူများမှ ပေါက်ဖွားလာကြသူ များဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်၌ လျှောက်လှမ်းရန်အတွက် သဘောတူညီမှုရှိပြီးဖြစ်ကြောင်း၊ ယခုနှစ်ဒီဇင်ဘာလအတွင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း” ပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 20, 2025

​​​​​​​ရွက်အုပ်များသည့် သစ်ပင်များ ထူထပ်စွာပေါက်ရောက်သည့် နေရာဒေသများမှာ အပူချိန် သိသိသာသာ လျော့နည်းသည်။ နေပူပြင်းချိန်တွင် သစ်ပင်များမှ အရိပ်များကြောင့် နေရောင်သည် မြေကြီးပေါ်သို့ တိုက်ရိုက်မကျရောက်နိုင်တော့သည့်အခါ မြေကြီးမှ အပူစုပ်ယူခြင်းနှင့် အပူပြန်ခြင်းကို လျော့ကျသွားစေသည်။ ထို့အပြင်သစ်ရွက်များမှ ရေငွေ့ပျံသည့်ဖြစ်စဉ်များကလည်း လေထုထဲမှအပူရှိန်ကို လျော့နည်းသွားစေသည်။ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးစီမံကိန်းများအရ သစ်ပင်သစ်တောများ ပြန်လည်ပြုစုပျိုးထောင်ခဲ့ရာတွင် ဒေသများအတွင်း စိမ်းလန်းစိုပြည်မှု အခြေအနေကောင်းအချို့ ရရှိခဲ့သော်လည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၌ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တစ်နှစ်နီးပါးပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား စာပေပညာရပ်များကို သင်ကြားပေးလျက်ရှိသည့်အပြင် ကျောင်းအပ်လက်ခံခြင်းကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ ယာယီထိန်းချုပ်ထားသည့် ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့အား တပ်မတော်က ယနေ့ဩဂုတ် ၁၉ ရက်တွင် အပြည့်အဝပြန်လည်ထိန်းချုပ်ပြီး လိုအပ်သည့် နယ်မြေလုံခြုံရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မင်းဘူးမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိ ရပ်ဖများနှင့် ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့ သာသနာ့ဗိမာန်တော်ရှိ ဦးဩဘာသခန်းမ၌ တွေ့ဆုံ၍ဒေသဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲတွင် သိပ္ပံဘာသာတွဲ၌ ၆ ဘာသာဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ပထမရရှိသူနှင့် ၆ ဘာသာဂုဏ်ထူးရှင် တစ်ဦးတို့အား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး၊ ၂၀၂၅ ခုနှစ် နိုင်ငံတော်အဆင့် ဒုတိယအကြိမ် လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် မင်းဘူးမြို့နယ်၊ မင်းဘူး-ပဒါန်း-အမ်းကားလမ်း မိုင်တိုင်အမှတ် ၄/၇ မှ ၅/၀ အကြားကျင်းပပြလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ တမာပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် သြဂုတ် ၁၅ ရက် နံနက်ပိုင်းက ပြင်ဦးလွင်မြို့ရှိ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုက်ဘာစီးတီး) ပင်မစာသင်ဆောင်၌ ခင်းကျင်းပြသထားသည့် မဟာဌာနကျောင်းသား ကျောင်းသူများ၏ သုတေသနပရောဂျက်ပြပွဲတွင် ဆိုလာနည်းပညာ၊ စက်ရုပ်နည်းပညာ၊ စွန့်ပစ်ပစ္စည်း မှထုတ်ကုန်များ ပြန်လည်ထုတ်ယူသည့်နည်းပညာ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်နေသည့် AI သုံး ကျန်းမာရေးနှင့် မွေးမြူရေးဆိုင်ရာ သုတေသနပရောဂျက်များမှရလဒ်များကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

ကန့်ကွက်နိုင်ကြောင်း အများသိစေရန် ကြေညာခြင်း

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ယနေ့မွန်းလွဲပိုင်းက နေပြည်တော်သို့ လေ့လာရေးခရီးရောက်ရှိနေသည့် မန္တလာတက္ကသိုလ်မှ ခရီးသွားလုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှုဆိုင်ရာစီမံခန့်ခွဲမှုဘာသာရပ် အထူးပြုပထမနှစ်ကျောင်းသား ကျောင်းသူများအား ဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 19, 2025

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းက မကွေးမြို့ အမှတ်(၅)စက်မှုသင်တန်းကျောင်း၌ သင်တန်းသားများအား စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးနေမှုနှင့် မကွေးအချိုရည်နှင့်ရေခဲစက်ရုံ၊ ဆပ်ပြာစက်ရုံ(မကွေး)တို့၌ ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်