Dec 18, 2024
တရုတ်ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (China International Development Cooperation Agency-CIDCA) ၏ ဖိတ်ကြားချက်အရ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကူမင်းမြို့၌ ဒီဇင်ဘာ ၁၅ ရက်မှ ၁၇ ရက်အထိကျင်းပသည့် တတိယအကြိမ် တရုတ်-အိန္ဒိယ သမုဒ္ဒရာဒေသအပြာရောင်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (The Third China- Indian Ocean Region Forum on Blue Economy Development Cooperation)ကို တက်ရောက်ခဲ့သည်။
Dec 18, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 18, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲများ၏ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားများကို ယနေ့တွင် နေပြည်တော်ရှိ သက်ဆိုင်ရာအားကစားကွင်းနှင့် အားကစားရုံများ၌ ကျင်းပသည်။
Dec 18, 2024
လူသားအားလုံးအတွက် စား၊ ဝတ်၊ နေရေးအရေးသုံးပါးသည် နေ့စဉ်မလွဲမသွေ လိုအပ်လျက်ရှိသည့် အရေးကြီးသောအရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါအရေးကြီးသော လိုအပ်ချက်များကို အဆင်ပြေစွာ ဖြေရှင်းပေးနိုင်ရေးအတွက် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်စဉ်အချိန်မှစ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ကုန်ကြမ်းများကို ခိုင်မာသည့် ထုတ်ကုန်လုပ်ငန်းများအဖြစ် အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ကြိုးပမ်းဆောင်ရွက်ခဲ့သည်။
Dec 18, 2024
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံအတွင်းရှိ လူအင်အား၊ ရုပ်ဝတ္ထုအင်အား၊ ငွေကြေးအင်အားဟူသည့် အရင်းအမြစ်များကို ထိထိရောက်ရောက် သုံးစွဲဆောင်ရွက်ကြရသည်။ ယင်းသို့ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံအတွင်းတည်ငြိမ်အေးချမ်းသည့် အခြေအနေရှိနေရန်လိုသည်။ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုသည် နိုင်ငံရေးနယ်ပယ်အတွင်း၌ အကျုံးဝင်တည်ရှိနေရာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် အဖြေမရှာဘဲ လက်နက်ကိုင်တိုက်ခိုက်သည့်နည်းလမ်းကို ကျင့်သုံးသည့်အခါ နိုင်ငံနာသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးအကြောင်းတရားသည် နိုင်ငံရေး အကြောင်းတရားဖြစ်သည်ဟု ပညာရှင်များက အသိအမှတ်ပြုထားကြရာ မိမိတို့နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းဒေသများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို နိုင်ငံရေးနယ်ပယ်တွင် အဖြေရှာကြရမည်ဖြစ်သည်။
Dec 17, 2024
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း မိဘပြည်သူများသိရှိနိုင်ရေး အသိပေးသတင်းထုတ်ပြန်ပြီးဖြစ်သည်။
Dec 17, 2024
၂၀၂၄ ခုနှစ် (၁၇)ကြိမ်မြောက် အာခါတိုင်းရင်းသား ရိုးရာစုပေါင်းခါးထောင်းဖားပွဲတော်ကို ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဇန်းမွန်ဟိုတယ်၌ ကျင်းပပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ အာခါတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
Dec 17, 2024
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝိန်းကျောက်ရပ်ကွက်ရှိ ကျန်ကြားအန်၏နေအိမ်ကို သတင်းအရရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် အိုက်စ်(မက်သ်အဖက်တမင်း) ၁၄၁ ကီလို၊ ကက်တမင်း ၂၃ ကီလိုနှင့် အက်တက်စီဆေးပြား ၁၂၈,၀၀၀ ပြား သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီခွဲအချိန် တာချီလိတ်မြို့၊
Dec 17, 2024
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ စမ်းကလေးကျေးရွာကို ဒီဇင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း မဟုတ်မမှန် လုပ်ကြံရေးသားထားသည့် သတင်းတု၊ သတင်းအမှားများဖြင့် တရားမဝင်ပြည်ဖျက်မီဒီယာများက ဝါဒဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
Dec 17, 2024
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာအား ဒီဇင်ဘာလ ၁၅ ရက်နေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်စီးနင်းပြီး ပြည်သူ ၅ ဦးကို သတ်ဖြတ်သွားကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုက်မမှန်ရေးသားဖြန့်ဝေနေကြောင်း သိရသည်။
Dec 17, 2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ဂေါကြီးကျေးရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ ၅၀ ဦးတို့ကို ဖမ်းဆီးထားသည်ဟု သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လုပ်ကြံရေးသား၍ ဝါဒဖြန့်လျက်ရှိကြောင်း သိရသည်။
Dec 17, 2024
လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ရက်တိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ အမျိုးသားလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးသင်တန်းကျောင်း၌ကျင်းပရာ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။
Dec 17, 2024
အခုကျင်းပနေတဲ့ အမျိုးသားအားကစားပွဲတော်ရဲ့ မြန်မာ့ရိုးရာခြင်းလုံး အားကစားပြိုင်ပွဲ အမျိုးသားပြိုင်ပွဲမှာ ခြောက်ပေါက်တန်း၊ အမျိုးသမီးပြိုင်ပွဲမှာ လေးပေါက်တန်းဆိုပြီး နှစ်မျိုးယှဉ်ပြိုင်ပါတယ်။ အမျိုးသားပြိုင်ပွဲမှာ အပိုင်းကိုးပိုင်း၊ တစ်ပိုင်းကို ငါးမိနစ်၊ အဲဒီလိုကစားတဲ့အချိန်မှာ မျိုးတူရှိသလို မျိုးကွဲလည်းရှိတယ်။ အမျိုးသမီးမှာဆိုရင် အပိုင်းခုနစ်ပိုင်း၊ အမျိုးသားအသင်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခု၊ အမျိုးသမီးအသင်းက ခြောက်သင်းစုစုပေါင်း ၁၉ သင်းပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပါတယ်။ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းဟာဆိုရင် မြန်မာတစ်နိုင်ငံတည်းရှိတာဖြစ်ပြီး မြန်မာ့ရိုးရာအမွေအနှစ်အစစ်လည်းဖြစ်ပါတယ်။ အခုအမျိုးသားအားကစားပွဲတော်မှာ ရိုးရာခြင်းလုံး အားကစားနည်းကို ဖော်ထုတ်ပေးပြီးတော့ နိုင်ငံတော်အကြီးအကဲတွေက ပါဝင်ကစားခွင့်ပြုတယ်။ ပါဝင်ခွင့်ပြုတဲ့အတွက်လည်း ကျေးဇူးတင်တယ်။ မြန်မာ့ရိုးရာခြင်းလုံးတိုးတက်ဖို့ကတော့ အခြေခံကျောရိုးက ရိုးရာလည်းမပျက်အောင်၊ ရှေးမူလည်းမပျက်အောင် ခြင်းကြီး ၁၀ မျိုး၊ ခြင်းလတ် ၁၀ မျိုး စတာတွေကို ပြိုင်ပွဲမှာ ခတ်ကစားရပါတယ်။ ခတ်ကစားပြီးတဲ့အခါကျတော့ ပြိုင်ပွဲခတ်ပေါက်နဲ့ အလှခတ်တာကတော့မတူဘူး။ အလှခတ်တာကတော့ လွတ်လွတ်လပ်လပ်ခတ်လို့ရတယ်။ ကွာခြားချက်ကတော့ အဲဒီလိုရှိတယ်။ ကျွန်တော်တို့ မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းက အမြင်တော့လွယ်တယ်။ တကယ်တမ်းကျတော့ တော်တော်ခက်တယ်။ ဒီအားကစားနည်းနဲ့ကမ္ဘာကို လွှမ်းဖို့အတွက်ကတော့ ခက်ခဲနက်နဲတဲ့ပညာရပ်ဆိုတော့ ဆီးဂိမ်းပြိုင်ပွဲမှာ ဝင်ရောက်ထိုးဖောက်ပြီး မြန်မာ့ရိုးရာခြင်းလုံးအားကစားနည်းကို ယှဉ်ပြိုင်ကစားလာတာ လေးကြိမ်မြောက်ရှိသွားပါပြီ။ ဆက်လက်ပြီး ဆီးဂိမ်းကနေ အာရှအဆင့်၊ အာရှအဆင့်ကနေ ကမ္ဘာ့အဆင့်ထိရောက်အောင် ဖြစ်နိုင်သမျှ အတတ်နိုင်ဆုံးသက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ကြိုးစားအားထုတ်မှုနဲ့အတူ ဆက်လက်ပြီး ကြိုးစားသွားမှာပါ။
Dec 17, 2024
ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ဝန်ကြီးဌာနအလိုက် (၁၆-၁၂-၂၀၂၄) ရက်နေ့ထိဆုရရှိမှုအခြေအနေ
Dec 17, 2024
မေး။ ။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကျင်းပရတဲ့အပေါ် ဆရာမကြီးရဲ့အမြင်ကို သိပါရစေ။ ဖြေ။ ။ လူငယ်တွေအတွက် သိပ်ကိုကောင်းမွန်ပါတယ်။ အားကစားပြိုင်ပွဲတွေကနေ လူငယ်တွေ အားကစားကိုဝါသနာပါလာအောင်၊ အားကစားကိုလေ့လာအောင် အခုလို ပြိုင်ပွဲတွေလိုအပ်ပါတယ်။
Dec 17, 2024
၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ နယ်မြေအတွင်းရှိ သတ်မှတ်ထားသော အားကစားကွင်း/ရုံများ၌ ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
Dec 17, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်နှင့် ဒုတိယဝန်ကြီးဦးဇော်အေးမောင်တို့သည် ရခိုင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီးဦးတင်လှနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ ရခိုင်ပြည်နယ်အစိုးရဧည့်ရိပ်သာ အစည်းအဝေးခန်းမ၌ ရခိုင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။