Skip to main content

အာရှဖလား ခြေစစ်ပွဲ ယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (D) ပွဲစဉ်ကို MRTV မှ တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် ဩဂုတ် ၄

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲယူ - ၂၀ အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စု (D) ခြေစစ်ပွဲစဉ်အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် တာ့ခ်မင်နစ္စတန် ဘောလုံးအသင်းတို့သည် ဩဂုတ် ၆ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို ယင်းနေ့မွန်းလွဲ ၃ နာရီ ၄၅ မိနစ်မှ စတင်၍ MRTV HD Channel၊ MRTV Entertainment Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

သတင်းစဉ်