Jan 11, 2025
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ (MICC-I)၌ ကျင်းပမည်ဖြစ်ရာ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 11, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
Jan 11, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဗိုလ်ချုပ်ကြီးညိုစောသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပသည့် Myanmar – Belarus Business Forum သို့ တက်ရောက်အားပေးသည်။
Jan 11, 2025
(၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
Jan 11, 2025
“အာဆီယံအတွင်း မြန်မာနိုင်ငံ၏အကျိုးစီးပွားနှင့် စွမ်းရည်မြှင့်တင်ရေး” ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့ကို ယနေ့တွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ ဆက်လက်ကျင်းပသည်။
Jan 11, 2025
၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အခါသမယတွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ နိုင်ငံအကြီးအကဲများက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒုတိယဝန်ကြီးချုပ်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေတို့ထံ ဝမ်းမြောက်ကြောင်း သဝဏ်လွှာများ အသီးသီးပေးပို့ကြပါသည်။
Jan 11, 2025
“ပညာသည်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အသိပညာ၊ အတတ်ပညာ မြင့်မားတိုးတက်ရေးနှင့် ကုန်ထုတ်လုပ်မှု အထောက်အကူပြုပညာရှင်များ ထွန်းကားလာရေးသည် အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ် အကောင်အထည်ဖော် အားပေးဆောင်ရွက်လျက်ရှိရာတွင် ယခုကျင်းပသည့် နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံကလည်း များစွာအထောက်အကူ ပြုမည်ဟု ယုံကြည်ပါကြောင်း” ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ(၂၀၂၅) ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
Jan 11, 2025
အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ့်မြို့အနီးတွင် လောင်ကျွမ်းနေသည့်တောမီးမှာ မြို့စွန်လူနေရပ်ကွက်များအထိရောက်ရှိလာပြီး မြို့မီးဖြစ်လာသည်။ နေရာငါးနေရာခန့်ခွဲပြီး လောင်ကျွမ်းနေသည့် အဆိုပါတောမီးကြောင့် သစ်တောဧက စုစုပေါင်းသုံးသောင်းကျော်၊ လေးသောင်းခန့် ပျက်စီးဆုံးရှုံးနေပြီဖြစ်သည်။ ထို့အပြင် လူလည်း ၁၀ ဦးခန့် သေဆုံးခဲ့ရပြီးဖြစ်သကဲ့သို့ သိန်းနှင့်ချီ၍လည်း မီးဘေးရှောင်နေကြရသည်။ တောမီးလောင်လျှင် တောကြောင်တို့ထကြွသည့် အစဉ်အလာအတိုင်းပင် မီးဘေးရှောင်သူတို့၏ နေအိမ်များကို ဖောက်ထွင်းခိုးယူသူများ သောင်းကျန်းလာကြခြင်းကို တားဆီးနှိမ်နင်းနေရကြောင်းလည်း သတင်းများတွင်တွေ့ရသည်။ ယခုတောမီးသည် ကယ်လီဖိုးနီးယား ပြည်နယ်သမိုင်းတွင် အဆိုးရွားဆုံးဖြစ်သည်ဟုလည်းဆိုသည်။
Jan 10, 2025
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နေ့လယ် ၁၂ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၉)၊ ပွေးတောင်ရပ်ကွက်နေ Aliance ငွေစုငွေချေးရုံးမှ မန်နေဂျာ ဖြစ်သူ ဦးဇော်ဇော်အောင်သည် ရပ်ကွက်ကြီး (၆)၊ သစ်တောလမ်းနှင့် ချယ်ရီလမ်းထောင့်ရှိ Aliance ငွေစုငွေချေးရုံးသို့ ရောက်ရှိစဉ် ရုံးညစောင့်ဖြစ်သူ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး (၇)၊ သာယာကုန်း ကျေးရွာနေ ဦးခင်မောင်ကြည် (၅၉) နှစ်၊ (ဘ) ဦးကြည်၏ ပြောပြချက်အရ ဇန်နဝါရီလ ၈ ရက်နေ့ ည ၁၂ နာရီခွဲတွင် ၎င်းမှငွေစုငွေချေးရုံး၌ ညစောင့်တာဝန်ဆောင်ရွက်နေစဉ် အနက်ရောင်ဘောင်းဘီ ရှည်၊ အနက်ရောင်အနွေးထည်အင်္ကျီဝတ်ထားသူ အမည်မသိအမျိုးသား ၂ ဦးက ယာဉ်အမှတ် 1E/ 2737 HONDA FIT အမျိုးအစား အဖြူရောင်မော်တော်ယာဉ်ဖြင့် ရောက်ရှိလာပြီး ဧည့်စာရင်းစစ်ဆေး မည်ဟု ပြောဆို၍ ရုံးခြံဝင်းအတွင်းသို့ဝင်လာကာ ရုံးပြူတင်းပေါက် သံပန်းတံခါးအား သံချောင်းဖြင့် ကန့်လန့်ဖွင့်၍ ရုံးခန်းအတွင်းထားရှိသည့် မြန်မာငွေစက္ကူရောရာ ငွေ (၁၀၀,၃၀၂,၄၀၀) ကျပ်ထည့် ထားသည့် LECCO တံဆိပ်ပါ မီးခံသေတ္တာ ၁ လုံးနှင့် ရုံးအတွင်းတပ်ဆင်ထားသည့် CCTV ကြိုး များအားဖြတ်တောက်၍ CCTV မှတ်တမ်းအထိုင်စက်တို့အား ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းသို့ လာရောက်သတင်းပို့တိုင်တန်းခဲ့ရာ ကျူးလွန်သူတရားခံများအား ဖမ်းဆီးရမိနိုင်ရေး ပြင်ဦးလွင်မြို့မရဲစခန်း(ပ)၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၄၅၇/၁၁၅ ဖြင့် အမှုဖွင့်စုံစမ်း စစ်ဆေးခဲ့သည်။
Jan 10, 2025
ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Jan 10, 2025
၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ၂၀၂၅ ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
Jan 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး(MSME) လုပ်ငန်းရှင်များအား မိတ္ထီလာမြို့၊ ကန်တော်မင်္ဂလာ ခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
Jan 10, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားသည်။
Jan 10, 2025
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၅,၈၆၁ ဧကရှိသော နယ်မြေကို “တောင်ပင်လယ်ဆည် ကြိုးပြင် ကာကွယ်တော” အဖြစ် အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၅) အရ ၁၃၈၆ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက်(၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Jan 10, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လန်ချန်း-မဲခေါင် အထူးရန်ပုံငွေစီမံကိန်း(၂၀၂၂)ဆိုင်ရာ တရားဝင်ခရီးစဉ်အဖြစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိပြီး ဇန်နဝါရီ ၇ ရက် နံနက်ပိုင်းက State Administration for Market Regulation(SAMR) ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရှုဝေနှင့် အဆိုပါဝန်ကြီးဌာနရုံးချုပ်၌ တွေ့ဆုံသည်။
Jan 10, 2025
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ရန်ကုန်တိုင်းဒေသကြီးရှိ အလုပ်သမားရေးရာ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)၌ စားသောက်ဆိုင်ဝန်ဆောင်မှုသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို ကြည့်ရှုအားပေးသည်။
Jan 10, 2025
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား ဥပဒေအသိပညာ ဆင့်ပွားဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများတက်ရောက်ကြသည်။
Jan 10, 2025
ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်ရောက်ရှိနေသော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ရှိ ဧရာဝတီဧည့်ရိပ်သာ၌ ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးသည်။