Mar 13, 2020
နေပြည်တော် မတ် ၁၃
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား HIV ကာကွယ်ရေးအစီအစဉ် တိုးမြှင့်ရေးဆိုင်ရာ အဆင့်မြင့်အစည်းအဝေး တက်ရောက်ရန် ထိုင်းတော်ဝင်မင်းသမီး Soamsawali Krom Muen Suddhanarinatha နှင့်အဖွဲ့သည် ယနေ့ညနေ ၃ နာရီ ၅၅ မိနစ်တွင် အထူး လေယာဉ်ဖြင့် ထိုင်းနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိကြသည်။
Mar 13, 2020
နေပြည်တော် မတ် ၁၃
လူ့စွမ်းအားဖွံ့ဖြိုးမှု အညွှန်းကိန်းများ အသုံးပြုသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန စုဝေးခန်းမ၌ကျင်းပသည်။
Mar 13, 2020
နေပြည်တော် မတ် ၁၃
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ယနေ့ တွင် ဖြေဆိုကြရာ နိုင်ငံခြားစာစစ်ဌာန ၁၅ ခုနှင့် မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာန ၁၉၈၄ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၉၉၉ ခုတွင် ဖြေဆိုသူပေါင်း ၉၀၉၂၂၂ ဦးရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။
Mar 13, 2020
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၃) ရက်
(၁) ဓာတ်ခွဲနမူနာများရယူခြင်း
တိုင်းဒေသကြီး/ပြည်နယ်များရှိဆေးရုံအသီးသီးမှ စောင့်ကြည့်လူနာနှင့် သံသယလူနာအဖြစ် အဖြစ် သတ်မှတ်သော လူနာများ၏ နှာခေါင်းတို့ဖတ်နှင့် အာခေါင်တို့ဖတ် နမူနာများကို တာဝန်ကျ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းမှ တစ်ကိုယ်ရည်သုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) အပြည့်အစုံဖြင့် စံသတ်မှတ်ထားသော လုပ်ထုံးလုပ်နည်းများအတိုင်း စနစ်တကျ ရယူပါသည်။
Mar 13, 2020
လွိုင်ကော် မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီ:ဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကယားပြည်နယ်၊ လွိုင်ကော်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၁)၊ ကယားရိုးရာ ဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၁၈)နှင့် အခြေခံ သိုးမွေးစက်ဆွဲသင်တန်း အမှတ်စဉ်(၁၅) သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန် တွင် အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 13, 2020
ပုသိမ် မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ပုသိမ်)တွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ သင်တန်းကျောင်းခန်းမ၌ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။
Mar 13, 2020
လဟယ် မတ် ၁၃
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာ သင်တန်းကျောင်းဆင်းပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။
နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌ ဦးကေဆိုင်းက နိုင်ငံတော်အစိုးရက နယ်စပ်ဒေသဖွံ့ဖြိုးရေးကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ နယ်စပ်ဒေသ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးအတွက် ယခုလိုသင်တန်းကျောင်းများကို ဖွင့်လှစ်သင်ကြားပေး နေပါကြောင်း သင်တန်းဆင်း အမှာစကားပြောကြားသည်။
Mar 13, 2020
လှိုင်းဘွဲ မတ် ၁၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ကရင်ပြည်နယ်ရုံး မြိုင်ကြီးငူမြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်တွင် ကျင်းပပြုလုပ်သည်။
Mar 13, 2020
မန္တလေး မတ် ၁၂
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီး ဆားလင်းကြီးဒေသတစ်ဝိုက်တွင် မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော ဒုတိယကမ္ဘာစစ်အတွင်းက ကျဆုံးပျောက်ဆုံး ကျန်ရစ်ခဲ့သော အမေရိကန်စစ်သည်များ၏ ဖြစ်နိုင်ခြေရှိသော လူသားရုပ်ကြွင်းများကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဂုဏ်ပြု အခမ်း အနားကျင်းပ၍ အမေရိကန်လေတပ်မှ C-17 အကြီးစား သယ်ယူပို့ဆောင်ရေးလေယာဉ်ကြီးဖြင့် အမေရိကန် နိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် ပြန်လည်သယ်ဆောင်သွားခဲ့သည်။
ရှာဖွေမှုများ လုပ်ဆောင်
Mar 13, 2020
နေပြည်တော် မတ် ၁၂
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစနစ်တွင် အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိParkRoyalHotel၌ကျင်းပသည်။
Mar 13, 2020
ရန်ကုန် မတ် ၁၂
ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် “အလွမ်းရိပ်လည်ပြန်” ကဗျာစုစည်းမှုစာအုပ်မိတ်ဆက်ပွဲကို ယနေ့မွန်းလွဲ၂နာရီက ရန်ကုန်တက္ကသိုလ် တောင်ငူဆောင် မြန်မာစာဌာန၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာ အောင်မြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဆရာတက္ကသိုလ်မိုးဝါက ရန်ကုန် တက္ကသိုလ်ကလောင် အသင်း(၁၉၅၈-၆၂ခုနှစ်)နှင့်ပတ်သက်၍မိတ်ဆက်စကားပြောကြားခဲ့သည်။ဆက်လက်၍ “အလွမ်းရိပ် လည်ပြန်” ကဗျာထုတ် ဝေခြင်းနှင့်ပတ်သက်သော ဆောင်ရွက်မှုများကို ကဗျာဆရာ သူရဇော် က ရှင်းလင်းပြောကြားခဲ့သည်။
Mar 12, 2020
ရန်ကုန် မတ် ၁၂
ဂျပန်နိုင်ငံ NHK အသံလွှင့်ဌာနမှ ရိုက်ကူးရေးအဖွဲ့သည် ယနေ့တွင် ရန်ကုန်မြို့ ရန်ကင်းမြို့နယ်ရှိ ရန်ကုန် ရုပ်ရှင်သင်တန်းကျောင်း (Yangon Film School- YFS) သို့ သွားရောက် ပြီး အခြေခံရိုက်ကူးရေး သင်တန်း ဖွင့်လှစ်သင်ကြားမှုကို မှတ်တမ်း ရိုက်ကူးသည်။
မြန်မာ့ရုပ်ရှင် ပြောင်းလဲတိုးတက် လာမှုအဖြစ် Cartoon, Animation များအား စိတ်ဝင်စားမှု မြင့်တက် လာသည့် အခြေအနေကို ပုဂ္ဂလိက ရုပ်ရှင်သင်တန်းကျောင်းဖြစ်သော YFSတွင် သင်ကြားနေမှုများအား အခြေခံရိုက်ကူးပြီး စိတ်ဝင်စားဖွယ် Documentary ပြသနိုင်ရန် ဆောင် ရွက်ခြင်းဖြစ်သည်။
Mar 12, 2020
နေပြည်တော် မတ် ၁၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဂျပန် - မြန်မာ ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe နှင့်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌လက်ခံတွေ့ဆုံသည်။
နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေးဆောင်ရွက်
Mar 12, 2020
နေပြည်တော် မတ် ၁၃
ယနေ့နံနက်(၀၅:၀၀) နာရီအချိန်နေပြည်တော်-ရန်ကုန်လမ်းမိုင်တိုင်အမှတ်-၃၃/၀ - ၃၃/၁ကြားတွင် Express ယာဉ်တစ်စီးမီးလောင်မှုဖြစ်ပွား ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှုးရုံး မှသိရသည်။
ဖြစ်စဉ်မှာ ယာဉ်မောင်းဦးစိုင်းအောင်ထွေး တောင်ကြီးမြို့နေသူမောင်းနှင်လာသည့် ယာဉ်အမှတ်-YGN 6G/ --- အမျိုးအစား တောင်ကြီး-ရန်ကုန် ဒို့ညီနောင် ခရီးသည်တင် Express ယာဉ်သည် လေအိတ်ပေါက်ပြီး ကားကိုယ် ထည်နှင့်ဘီးပွတ်တိုက်မှုမှ မီးထွက်ကာ မီးကူးဆက်လောင်ကျွမ်းခြင်းဖြစ်သည်။
Mar 12, 2020
နေပြည်တော်၊ (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၂) ရက်နေ့
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါ စောင့်ကြည့်လူနာနှင့် သံသယလူနာများသတင်းများ၊ အဆိုပါလူနာများ၏ ဓာတ်ခွဲအဖြေသတင်းများကို ပြည်သူများထံ နေ့စဉ် (update) ထုတ်ပြန်ပေးလျက်ရှိပါသည်။
ယနေ့ (၁၂-၃-၂၀၂၀)၊ ည (၁၀) နာရီ အချိန်အထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာမတွေ့ရှိသေးပါ။
Mar 12, 2020
မကြာသေးမီရက်ပိုင်းအတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ် အတွင်း မူးယစ်ဆေးဝါး အမြောက်အမြားကို ရှာဖွေတွေ့ရှိဖမ်းဆီးရမိခဲ့သည်။ တစ်ဆက်တည်းသော ရက်အသီးသီးတွင်လည်း မူဆယ် မြို့နယ်၊ ရွာငံမြို့နယ်၊ ပင်လောင်းမြို့နယ်၊ မိုင်းဆတ်မြို့နယ်၊ ဖားကန့်မြို့နယ်နှင့် အခြားမြို့များ အတွင်းတွင် မူးယစ် ဆေးဝါးသယ်ဆောင်သိုဝှက်ထားမှုများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့ပြီး အရေးယူဆောင်ရွက်မှုများ ပြုလုပ် နေသည်။
Mar 12, 2020
သူ့ကျွန်ဘဝတွင် နှစ်ပေါင်း ၁ဝဝ ခန့် နေခဲ့ရပြီးသည့်နောက် မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးများ လွတ်လပ်သော နိုင်ငံ၊ လွတ်လပ်သော လူမျိုးဘဝသို့ ပြန်လည် ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ နိုင်ငံ လွတ်လပ်ပြီးပါက ပြန်လည်ထူထောင်ရေး ကြီးပွားရေး(ဝါ) ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြား လွတ်လပ်ပြီး နိုင်ငံများက ခြေတစ်လှမ်း လှမ်းပါက မိမိတို့က လေးငါးဆယ်လှမ်း လှမ်းနိုင်မှသာ နောင် ၁၀ နှစ်၊ အနှစ် ၂၀ ကြာသည့်အခါ ယင်းနိုင်ငံများနှင့် တန်းတူဖြစ်နိုင်မှာဖြစ်ကြောင်း လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းက မိန့်ကြားခဲ့သည်။
Mar 12, 2020
နေပြည်တော် မတ် ၁၂
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံး က အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိ သည်။
Mar 12, 2020
နေပြည်တော် မတ် ၁၁
မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်အား အာရှ - ပစိဖိတ်ဒေသ ငွေကြေး ခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (APG) အတွင်း ရေးမှူးရုံးမှ ဒါရိုက်တာ Mr. David Shannon ဦးဆောင်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးတာဝန်ရှိသူ နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ၏ အကြံပေးပုဂ္ဂိုလ်ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ယမန်နေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဇမ္ဗူသီရိ အစည်းအဝေးခန်းမ၌ လာရောက် တွေ့ဆုံသည်။
