Oct 22, 2020
ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံး (၈)ရုံးတို့မှ ပေးပို့လာသော ဆန္ဒပြုပြီး ကြိုတင်ဆန္ဒမဲလက်မှတ်များပါဝင်သည့် ချိတ်ပိတ်ထားသော သံတမန်ချောအိတ်များအား နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လွှဲပြောင်း ပေးအပ်ခဲ့ပြီးဖြစ်သည်။
Oct 22, 2020
၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့က ကြီးမှူးကျင်းပသည့် (၉) ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ယနေ့နံနက် ၈ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ပန်းချီပြိုင်ပွဲ ကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် ကြီး၏ သာယာလှပမှုများ၊ အေးချမ်းပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ ဂုဏ်ဆောင် တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ်အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်နေပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။
Oct 22, 2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသမှု လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနသို့ အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီတွင် နေပြည်တော်ကောင်စီရုံး ဧည့်ခန်းမ၌ ကျင်းပသည်။
Oct 22, 2020
မြန်မာနိုင်ငံ ဒီဂျစ်တယ်မီဒီယာအသင်းဖြစ်မြောက်ရေး ကော်မတီက စီစဉ်ကျင်းပမည့် “ဒီဂျစ် တယ်ပလက်ဖောင်းများနှင့် စာအုပ်လုပ်ငန်းများ၏ အရွေ့ (Digital Platforms and Future Direction of Book Industry Webinar)” အွန်လိုင်းဆွေးနွေးပွဲကို ၂၄−၁၀−၂၀၂၀(စနေနေ့) မွန်းလွဲ (၂)နာရီတွင် ကျင်းပမည်ဖြစ်သည်။
Oct 22, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲ ကြုံတွေ့ နေရသည့် မြန်မာနိုင်ငံသား ၆၃ ဦးအား Air India လေကြောင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် လည်းကောင်း၊ ထိုင်းနိုင်ငံတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ နိုင်ငံသား ၃၀ အား မြန်မာအမျိုးသားလေကြောင်း (MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင် ခဲ့ရာ ည ၈ နာရီတွင် လည်းကောင်း ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိ ကြသည်။
Oct 22, 2020
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေအစီအစဉ်၏ ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်းအစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။
Oct 22, 2020
အရက်၊ ဘီယာ၊ ဝိုင်(ယမကာ) ထုတ်လုပ်၊ တင်သွင်း၊ ရောင်းချမှုဆိုင်ရာ ကြီးကြပ်ညှိနှိုင်းရေးကော်မတီ၏ အဋ္ဌမ အကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။
Oct 22, 2020
နေပြည်တော်၊ အောက်တိုဘာ ၂၁
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် USAID၊ PRLM တို့ ပူးပေါင်းဆောင်ရွက်သည့် ရှေ့ပြေးဥပဒေရုံး ၁ဝ ရုံး တိုးချဲ့ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2020
ဒီမိုကရေစီစနစ်တွင် မိမိတို့ကို အုပ်ချုပ်မည့်အစိုးရကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့်သည် အလွန်မြင့်မားခံ့ညားသော အခွင့်အရေးဖြစ်ပါသည်။ ယင်းသို့ ခန့်အပ်နိုင်ဖို့အတွက် လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရ၏။ ထိုရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခန့်အပ်ရ၏။ တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို တာဝန်ယူဆောင်ရွက်လိုသော နိုင်ငံရေး သမားတို့က ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံရင်း ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူ၏။
Oct 22, 2020
မြန်မာနိုင်ငံတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် ရက်သတ္တနှစ်ပတ် ကျော်မျှသာလိုတော့သည်။ မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူအားလုံး နိုင်ငံသား အခွင့်အရေး မဆုံးရှုံးစေဘဲ ဘေးကင်းလုံခြုံ စိတ်ချစွာ မဲပေးနိုင်ရေးမှာ အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့နေရဆဲ ကိုဗစ်-၁၉ ရောဂါဘေးကာလအတွင်း တစ်နိုင်ငံလုံး အတွက် တစ်ရက်တည်း ကျင်းပရသည့် ရွေးကောက်ပွဲဖြစ်၍ ဘေးကင်း လုံခြုံရေး အထူးလိုအပ်ခြင်းဖြစ်သည်။
Oct 22, 2020
ဒီမိုကရေစီစနစ်တွင် မိမိတို့ကို အုပ်ချုပ်မည့်အစိုးရကို မိမိတို့ ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခွင့်သည် အလွန်မြင့်မားခံ့ညားသော အခွင့်အရေးဖြစ်ပါသည်။ ယင်းသို့ ခန့်အပ်နိုင်ဖို့အတွက် လွတ်လပ် သန့်ရှင်း၍ တရားမျှတသော ရွေးကောက်ပွဲများကို ကျင်းပရ၏။ ထိုရွေးကောက်ပွဲများကတစ်ဆင့် ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခန့်အပ်ရ၏။ တိုင်းပြည်နှင့် နိုင်ငံသားတို့၏ အကျိုးကို တာဝန်ယူဆောင်ရွက်လိုသော နိုင်ငံရေး သမားတို့က ရွေးကောက်ပွဲများတွင် ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးချယ်ခံရင်း ပြည်သူလူထု၏အဆုံးအဖြတ်ကို ခံယူ၏။
Oct 21, 2020
လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှု များမှ ကာကွယ်တားဆီးရေး ကော်မတီ၏ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 21, 2020
မြန်မာနိုင်ငံ၏ လမ်းပန်းဆက်သွယ်မှုနှင့် ပို့ဆောင်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာနနှင့် KOICA Myanmar Office တို့ အကြား ပူးပေါင်းဆောင်ရွက်သည့် Feasibility Study on the Central Backbone Expressway in Myanmar( Yangon – Mandalay Expressway and Yangon - Ngayokekaung Expressway ) ၏ Final Report Meeting ကို ယနေ့ နံနက် ၉ နာရီခွဲတွင် လမ်းဦးစီးဌာန အစည်းအဝေး ခန်းမဆောင်မှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
Oct 21, 2020
(၄၂) ကြိမ်မြောက် အာဆီယံ လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အဆင့် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting အဖြစ် ကျင်းပသည်။
Oct 21, 2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ပုံမှန်ကာကွယ် ဆေးထိုး/တိုက် အစီအစဉ်တွင် အမျိုးသမီးငယ်များအတွက် သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေး အိတ်ချ်ပီဗီကာကွယ်ဆေးစတင် ထည့်သွင်းထိုးနှံခြင်း ဗဟိုအဆင့်ဖွင့်ပွဲနှင့်အတူ ကချင်ပြည်နယ်တွင် လည်း ကာကွယ်ဆေးစတင်ထိုးနှံပေးခြင်းလုပ်ငန်းကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြုလုပ်ခဲ့ကြ သည်။
Oct 21, 2020
“DAB + Digital Radio Technology Implementation and Roll out” ခေါင်းစဉ်ဖြင့် Online Webinar ကို ယနေ့နံနက် ၁၀ နာရီခွဲက ကျင်းပရာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (နေပြည်တော်-တပ်ကုန်း) မှ ဝန်ထမ်းများ တက်ရောက်ဆွေးနွေးကြသည်။
Oct 21, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ(၁)ရက် နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ်(၁၀၀)ပြည့် အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ကာတွန်းပြိုင်ပွဲကို “ရာပြည့်တက္ကသိုလ် မြကျွန်းညို” ခေါင်းစဉ်ဖြင့် ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ်ကြီး၏ သာယာလှပမှုများ၊ အေးချမ်း ပျော်ရွှင်မှုများ၊ ကြည်နူးဝမ်းမြောက်ဖွယ်ရာများ၊ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးအဖြစ် တည်ရှိခဲ့မှုများ၊ သမိုင်းအစဉ် အလာကြီးမားခဲ့မှုများနှင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ရေး ကြိုးစားဆောင်ရွက်ရန် လိုအပ်ပုံများ စသည်တို့ကို ဖော်ညွှန်းရေးဆွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။
Oct 21, 2020
၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို ပြိုင်ပွဲကို ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။ အဆိုပါ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတိုပြိုင်ပွဲကို ရန်ကုန်တက္ကသိုလ် ကြီး၏ သမိုင်းအစဉ်အလာ ကြီးမားခဲ့မှုများ၊ နိုင်ငံ့ဂုဏ်ဆောင်တက္ကသိုလ်ကြီးအဖြစ် တည်ရှိခဲ့မှုများနှင့် နိုင်ငံ တော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးစနစ်များနှင့်အညီ ပညာသင်ကြားနိုင်သည့်
Oct 21, 2020
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ၁၉၄၉ ခုနှစ် ဇူလိုင်လမှစ၍ “ရန်ကုန်တက္ကသိုလ် ပြင်ဆင်ချက် ဥပဒေ (၁၉၄၉) University of Rangoon (Temporary Amend-ment Act (1949)" အရ ရန်ကုန်တက္ကသိုလ်ကို စနစ်တကျ ပြန်လည်တည်ထောင်နိုင်ခဲ့ပါသည်။ သို့ဖြင့် လွတ်လပ်ရေးခေတ် ရန်ကုန်တက္ကသိုလ်သည် စစ်ကြိုခေတ် ရန်ကုန်တက္ကသိုလ်ကဲ့သို့ သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၏ ဒုတိယပိုင်းဘဝကာလသည် ၁၉၄၈ ခုနှစ်မှ ၁၉၆၄ ခုနှစ်အထိ ၁၆ နှစ်ကြာကာလ ဖြစ်ပါသည်။
