Oct 23, 2020
အကျဉ်းထောင်များတွင် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အကျဉ်းထောင် ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ပြုလုပ်သည်။
Oct 23, 2020
(၇၈) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ အစည်းအဝေး (The 78th Meeting of ASEAN Committee on Science, Technology and Innovation- COSTI 78) ကို အောက်တိုဘာ ၂၁ ရက်မှ အောက်တိုဘာ ၂၂ ရက် အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တွင် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့
Oct 23, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၃၈)ဦးအား မြန်မာသံရုံး၊ စင်ကာပူမြို့မှ စီစဉ်သည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ (၁၇ ၀၀) နာရီအချိန် တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ အသီးသီး ပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Oct 23, 2020
Korea International Cooperation Agency (KOICA) မှ ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦးနှင့် ကျောက်ဖြူခရိုင်များရှိ နေရပ်စွန့်ခွာသူများ အတွက် လူသုံးကုန်ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။
Oct 23, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း နှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီး Mr. Chan Chun Sing တို့သည် ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် တွေ့ဆုံဆွေးနွေးသည်။
Oct 23, 2020
ဒေသအတွင်း ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နိုင်ငံတကာအဆင့်မီ စက်မှုမြို့တစ်ခု ဖြစ်လာစေ ရေးအတွက် ရင်းနှီးမြှုပ်နှံသူများ၏ လုပ်ငန်းများချောမွေ့စွာ လည်ပတ်စေနိုင်ရန်နှင့် ကောင်း မွန်သော အခြေခံ အဆောက်အအုံ ပြည့်စုံသော Facilitation Service ဝန်ဆောင်မှုများဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ရန် Korea – Myanmar Industrial Complex (KMIC) ကိုရီးယား- မြန်မာ စက်မှုဇုန်ထူထောင်ရေး ဦးဆောင်ညှိနှိုင်းမှုကော်မတီ (ပထမအကြိမ်) အစည်းအဝေး ကို ယနေ့နံနက် ၁၀ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ သည်။
Oct 23, 2020
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ အာဆီယံ ဒေသဆိုင်ရာအမျိုးသမီးများ အပေါ် အကြမ်းဖက်မှုပပျောက်ရေး လုပ်ငန်းစီမံချက်အပေါ် ကာလလတ်ပြန် လည်သုံးသပ်သည့် နိုင်ငံအဆင့်ဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်တွင် Online စနစ်ဖြင့် ကျင်းပသည်။
Oct 23, 2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မန္တလေး- လားရှိုး- မူဆယ်လမ်းပေါ်ရှိ ဂုတ်တွင်း တံတားဖွင့်ပွဲကို ယနေ့မွန်းလွဲ (၁)နာရီ က အဆိုပါ တံတားတွင်ကျင်းပသည်။
Oct 23, 2020
ပဲခူးမြို့ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး ဆဌမအကြိမ် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်နှင့် အရံစေတီများရွှေဆေးသင်္ကန်း ကပ်လှူပူဇော်ရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာအတွင်းရှိ ဝန်ကြီးချုပ်၏နေအိမ်တွင် ယနေ့ နံနက်(၈)နာရီခွဲက အလှူ ငွေ ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Oct 23, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဂျပန်နိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၅၄ ဦးအား All Nippon Airways လေကြောင်းလိုင်း ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြ သည်။
Oct 23, 2020
အာရှ-ပစိဖိတ်ဒေသတွင်း ရုပ်သံလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်း (AIBD) မှ စီစဉ်ကျင်းပသည့် Ethics & Best Practices ခေါင်းစဉ်ဖြင့် ရုပ်သံမှတ်တမ်းများ (Visual Archives) ဆိုင်ရာ အကြောင်းအရာများ၊ မှတ်တမ်းထိန်းသိမ်းခြင်း (Archiving) နှင့်စပ်လျဉ်းပြီး သိသင့်သိထိုက်သည့် ကျင့်ဝတ်များနှင့် စည်းမျဉ်းစည်းကမ်းများကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲခန့်က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးပို့ချသည့် သင်တန်းကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ ဝန်ထမ်းခြောက်ဦး တက်ရောက်ကြသည်။
Oct 23, 2020
Young Insurance Co.,Ltd နှင့် SME-Development Bank တို့၏ ဘဏ်နှင့် အာမခံလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဖြစ်သော Bancassurance စတင်ဆောင်ရွက်ခြင်း လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်၌ ကျင်းပရာ Young Insurance Company မှ အကြီးတန်း အထွေထွေမန်နေဂျာ ဦးအောင်စိုးဦးနှင့် SME Development Bank CEO ဒေါက်တာဇေယျာညွန့် တို့က နှစ်ဖက်သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးလဲလှယ်လိုက်ကြကြောင်း သိရသည်။
Oct 23, 2020
အကြိမ် (၂၀) မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးကို အောက်တိုဘာ ၂၁ ရက် မွန်းလွဲပိုင်းက Blue Jeans Application အသုံးပြု၍ Virtual Meeting ဖြင့် ကျင်းပသည်။
Oct 23, 2020
မြန်မာစီးပွားရေးသံမှူးများ၏ ၎င်းတို့ တာဝန်ထမ်းဆောင်နေသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး ဆောင်ရွက်နိုင်မှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Oct 23, 2020
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လ ၂၃ ရက်နေ့မှ အောက်တိုဘာလ ၂၀ ရက်နေ့အထိ ရောဂါပိုး ရှိ၊ မရှိ လူဦးရေ ၅၃၈၀၈၆ ဦးကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ရောဂါပိုးတွေ့သူ ၃၈၅၀၂ ဦး၊ သေဆုံးသူ ၉၄၅ ဦးနှင့် ရောဂါပျောက်ကင်းသူ ၁၈၁၄၇ ဦးရှိသည်ကို တွေ့ရမည်ဖြစ်သည်။
Oct 22, 2020
(၂၁-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီမှ (၂၂-၁၀-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃,၇၇၄) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၁,၃၁၂)ဦး တွေ့ရှိရပါသည်။
Oct 22, 2020
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ကိုရီးယားသမ္မတနိုင်ငံအခြေစိုက် Shinhan Bank ၊ Shwe Daehan Motors Co., Ltd နှင့် NongHyup Bank and NongHyup Finance Myanmar တို့က Covid-19 Antigen Test Kits များနှင့် PPE များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီက ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Oct 22, 2020
ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း စက်ရုံ/အလုပ်ရုံများ ဖွင့်လှစ်ဆောင်ရွက်နေမှု အခြေအနေများ၊ လူမှုဖူလုံရေးအကျုံးဝင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အလုပ်သမားများ၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေများ ဆက်လက်ခွင့်ပြု ထုတ်ပေးနေသည့် အခြေအနေများနှင့် ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
Oct 22, 2020
(၂၁-၁၀-၂၀၂၀) ရက်နေ့ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၁၉၄) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
Oct 22, 2020
အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund - IMF)၊ ဦးဆောင် ညွှန်ကြားရေးမှူး Ms. Kristalina Georgieva နှင့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌ များ စားပွဲဝိုင်းအစည်းအဝေး (Roundtable Meeting) ကို ယနေ့ နံနက် ၇ နာရီခွဲတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။
