Skip to main content

Dec 23, 2020

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ (၁၀)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးအတွက် ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ခရိုင်/မြို့နယ်များသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးရည်ညွှန်းစာစောင်များ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် (၉) နာရီခွဲတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မောတောင်မြို့ရှိ နယ်စပ်ဂိတ်တစ်ခုဖြစ်သော မောတောင် - စင်ခွန်နယ်စပ် ဂိတ်မှ ကုန်ပစ္စည်းများ တင်သွင်း၊ တင်ပို့မှုများကို ဒီဇင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းမှစတင်ကာ ထိုင်းနိုင်ငံဘက်က ယာယီ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပရကျွပ်ခီရီခန်ခရိုင် တာဝန် ရှိသူများ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၃၂)ကြိမ်မြောက် သစ်တော၊ သတ္တုနှင့် ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနစာတမ်းဖတ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

စိုက်ပျိုးရေးတက္ကသိုလ် (၉၆)နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် RC နှစ်ထပ်စာသင်ဆောင် နှစ်ဆောင်နှင့် ဌာနသစ်လေးခု တိုးချဲ့ဖွဲ့စည်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက စိုက်ပျိုးရေးတက္ကသိုလ် နှစ်ထပ်စာသင် ဆောင်ခန်းမ(၂)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ယူနက်စကိုက ပံ့ပိုးစီစဉ်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် အင်ဒို နီးရှားနိုင်ငံ သတင်းမီဒီယာကောင်စီတို့၏ ဒုတိယအကြိမ် အွန်လိုင်းဆွေးနွေးပွဲ ကို ယနေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ဂျပန်နိုင်ငံအစိုးရအနေဖြင့် ပဋိပက္ခများဖြစ်ပွားလျက်ရှိသောဒေသများနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများအတွက် အထောက်အပံ့များအပါအဝင် မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီ လျက်ရှိသည်။ ယခုအခါ ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံအတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာဒေသခံများအတွက် ကျန်းမာရေး၊ ရေရရှိရေး၊ တစ်ကိုယ်ရေနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ( WASH) နှင့် ပညာရေးဆိုင်ရာ အထောက်အပံ့စီမံကိန်း၊ ပဋိပက္ခဖြစ်ပွားရာ ဒေသများရှိပြည်တွင်းနေရပ်စွန့်ခွာသူများနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံများအတွက် အာဟာရဖွံ့ဖြိုးမှုတိုးတက်ရေးဆိုင်ရာ စီမံကိန်းများ အတွက် အထောက်အပံ့ပေးအပ်ရေးစာချွန်လွှာကို ယနေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

၂၀၂၀ ပြည့်နှစ် ခရစ္စမတ်အကြို ဝတ်ပြုခြင်းအစီအစဉ်ကို ယနေ့နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့ နေပြည်တော် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ အသင်းတော်များကောင်စီက ကြီးမှူး၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ တားဆီး၊ ကာကွယ်ရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ၏ဇနီး ဒေါက်တာရွှေလွှမ်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုတို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်၍ ခရစ္စမတ်ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေး၌ သယံဇာတနှင့် သဘာဝပတ်ဝန်ကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းမှ ဖွင့်လှစ်ထားသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကပ်ရောဂါအလွန်ကာလ ပြန်လည်ဖွင့်လှစ်ချိန်တွင် ဆင်ချစ်သူပြည်သူများ ဆန်းသစ်မှုများစွာဖြင့် စိတ်အပန်းဖြေနားနေနိုင်ရန် အဆင့်မြှင့်တင်မှုများ ပြုလုပ်ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရက မစ္စတာ ဆာလေ မိုဟာမက် အာမက် အယ်လ်စုခရိ အား ဟနွိုင်းမြို့အခြေစိုက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိုမန်နိုင်ငံ၏ အထူးအာဏာကုန်လွှဲအပ်ခြင်း ၊ ခံရသော သံအမတ်ကြီးအဖြစ်ခန့်အပ်ရန် အိုမန်နိုင်ငံအစိုးရ၏ အဆိုပြုချက် ကို သဘောတူပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

နှစ်ဆယ်ရာစုအကုန်ကစ၊ နှစ်ဆယ့်တစ်ရာစုအဝင်ကာလတွင် ဆူနာမီ၊ ငလျင်၊ တောမီးကြီးများ၊ နာဂစ်ကဲ့သို့သော မုန်တိုင်းကြီးများ၊ ရေကြီး ရေလျှံမှုများ၊ မိုးခေါင်ရေရှား ခြောက်သယောင်းကန္တာရများက တစ်ခုပြီးတစ်ခု မွှေနှောက်ရိုက်ခတ်သွားသည်မှာ ကမ္ဘာ့နေရာဒေသ အနှံ့အပြားမှာ ဖြစ်ခဲ့လေသည်။

ဆက်လက်ဖတ်ရှုရန်

Dec 23, 2020

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ နေ့စဉ်တွေ့ရှိမှုနှုန်း လျော့နည်းကျဆင်းလာသည်မှာ ရက်သတ္တတစ်ပတ်ခန့်ရှိပြီဖြစ်သည်။ နေ့စဉ်ရောဂါပိုးတွေ့ရှိမှုမှာ လူနာ ၂၀၀၀ မှ ၁၅၀၀၊ ၁၀၀၀ နှင့်အောက်သို့ကျဆင်းနေသည်မှာ ဝမ်းသာစရာအခြေအနေဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံတွင် ရောဂါပိုးတွေ့ရှိမှုအများဆုံးဖြစ်သည့် ရန်ကုန်မြို့တွင် လူနာ ၁၀၀၀ အောက်မှ ၅၀ဝ အောက်သို့ပင် ကျဆင်းလာသဖြင့် မြန်မာနိုင်ငံအတွက် အလားအလာကောင်းတစ်ခုဖြစ်လာပြီဟု ဆိုနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

လွိုင်လင်မြို့တွင် ငွေကျပ် ၄ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီး ရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

ဂျပန်နိုင်ငံအစိုးရနှင့်ပြည်သူများက မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဘက် ဆိုင်ရာ ပစ္စည်းကိရိယာများ ထောက်ပံ့လှူဒါန်းသည့် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ စကားဝါလမ်းရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဗဟိုဆေးသိုလှောင်ရေးဌာန၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင် လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  ပြည်သူကို အသိပညာ မျှဝေပေးမည့်  “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ် ” ကို နိုဝင်ဘာ၂၅ရက်မှစ၍ အပတ်စဉ်ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့ များတွင် ညနေ ၆ နာရီခွဲ မှ ည ၇ နာရီအထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ  ထုတ်လွှင့်ပြသလျှက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နေပြည်တော်၊ ဒီဇင်ဘာ ၂၂

အင်းတော်မြို့နယ်၊ အင်းတော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက်ည ၁၁ နာရီခွဲတွင် အင်းတော်မြို့နယ်၊ နဘားကျေးရွာအုပ်စု၊ နဘားကျေးရွာအနီး တွင် အိုက်ငို့မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် ကိုလင်း(ခ)ငလင်း မောင်းနှင်လာသော မော်တော်ဆိုင် ကယ်တို့ကို စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် ကိုလင်း(ခ)ငလင်းမှာ ဆိုင်ကယ်ထား၍ ထွက်ပြေးသွားသော ကြောင့် ၎င်းဆိုင်ကယ် ၂ စီးအား စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၂၂,၉၄၀ ကိုလည်းကောင်း။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

နေပြည်တော် ဒီဇင်ဘာ ၂၂

ကြံသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းက Virtual Meeting စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

(၁၅) ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ (JBTCCC) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့တို့အကြား ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ကိုယ်စားလှယ်များသို့ ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 22, 2020

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူ ထောင်ရေးဦးစီးဌာနနှင့် International Justice Mission (IJM) တို့ပူးပေါင်း၍ "Trauma Informed Care" သင်တန်းကို Online Training အဖြစ် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်