Skip to main content

Jan 11, 2021

တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့၏ အဋ္ဌမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2021

“စာပေသည်သူ၏အသက်”ဟု တင်စားခဲ့သော ဒေါ်သိန်းဆိုင် (စာရေးဆရာမကြီး မမြတ်လေး) ကို ဖခင်ကုန်သည်ကြီး ဦးအုန်းခိုင် နှင့် မိခင်ဒေါ်ကြင်မေတို့က ၁၉၁၄ ခုနှစ်တွင် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း (မိသားစု ချက်မြှုပ်ရာအိမ်ကို စာသင်ကျောင်း ဆောက်၍ နိုင်ငံတော်အား လှူဒါန်းခဲ့သည့် မြေနေရာရှိ) အိမ်၌ မွေးဖွားခဲ့ပါသည်။ မွေးချင်းကိုးယောက်တွင် အကြီးဆုံး ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အထင်ကရ တစ်ခုဖြစ်သော ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် (ရန်ကုန်) သည်လည်း ၁၉၂၀ ပြည့်နှစ်၌ မွေးဖွားခဲ့ခြင်း ဖြစ်ပါ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2021

စန်းမောင်မြင့်ဒါနဥပပါရမီ သွေးလှူကုသိုလ်ဖောင်ဒေးရှင်းက ကြီးမှူးပြုလုပ်မည့် (၂၉) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီးဝင်းထောင့်ရှိ အမျိုးသားသွေးဌာန (အမျိုးသားသွေးလှူဘဏ်) ၌ ဇန်နဝါရီ (၂၃၊ ၂၄၊ ၃၀၊ ၃၁) ရက်များတွင် နံနက် ၇ နာရီခွဲမှ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ စည်းမျဉ်းများနှင့်အညီ စနစ်တကျ ပြုလုပ်မည်ဖြစ်သဖြင့်

ဆက်လက်ဖတ်ရှုရန်

Jan 11, 2021

ယနေ့မြန်မာနိုင်ငံ၏ အကြီးမားဆုံးသော နိုင်ငံရေး ရည်မှန်းချက်တစ်ခုမှာ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံအဖြစ်ထူထောင် ရန်ဟူ၍ ဖြစ်၏။

ဆက်လက်ဖတ်ရှုရန်

Jan 11, 2021

ကမ္ဘာတစ်ခွင်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်နိုင်ရေးအတွက် ကာကွယ် ဆေးထိုးခြင်းကို ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလမှစတင်၍ ကမ္ဘာ့နိုင်ငံကြီးများ၌ စတင်ထိုးနှံခဲ့ကြရာ လက်ရှိအချိန်အထိ တစ်နိုင်ငံပြီး တစ်နိုင်ငံ စတင်ထိုးနှံမှု မြင်ကွင်းများကို နေ့စဉ်တွေ့မြင် နေရသည်။ လူချမ်းသာတို့ ကောင်းမွန်စွာ စားသောက်နေရချိန်၌ လူဆင်းရဲတို့ ထမင်းတစ်ဝမ်း စားရရေးကို ရုန်းကန်ရှာဖွေနေရသကဲ့သို့ ချမ်းသာသော နိုင်ငံများ ကာကွယ်ဆေး ထိုးနေချိန်တွင် မချမ်းသာသောနိုင်ငံများအဖို့ ကာကွယ်ဆေးထိုးနိုင်ရန် ကြိုးပမ်းကြံစည်မျှော်လင့်နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) စတင်တည်ဆောက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်ရှိ ယင်းအဆောက်အဦ တည်ဆောက်မည့် နေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

(၉-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၀-၁-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီ အတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၇,၃၄၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြု လူနာသစ် (၅၅၅) ဦး တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

ကမ္ဘောဇဘဏ်က COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေးရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါ ကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီ ၇ ရက်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

၁၉၄၈ ခုနှစ်မှ စတင်၍ နှစ်စဉ် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် ကချင် ပြည်နယ်နေ့ အခမ်းအနားကို ယခုနှစ်အတွက် (၇၃)နှစ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနား အဖြစ် ယနေ့ နံနက် (၈)နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

၁။       COVID-19 ကာကွယ်ဆေး ဝယ်ယူရေးအတွက် ပါဝင်လှူဒါန်းလိုကြသော ပြည်သူများ အနေဖြင့် မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်ရှိ COVID-19 ကာကွယ်ဆေး ဝယ်ယူရရှိရေး ရန်ပုံငွေ မြန်မာကျပ်ငွေစာရင်းအမှတ် (OA 013733) သို့ အောက်ပါနည်းလမ်းများဖြင့် ထည့်ဝင် လှူဒါန်းနိုင်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

အိမ်သုံးလျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများအား ထုတ်လုပ်ခြင်း၊ တင်သွင်းခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပတ်သက်၍ စားသုံးသူများ ဘေးအန္တရာယ်လုံခြုံစိတ်ချရမှု ရှိစေရန် စည်းမျဉ်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

မြန်မာနိုင်ငံ ဆန်စပါးကဏ္ဍတွင် ပါဝင်သော တောင်သူများ၊ လုပ်ငန်းရှင်များ တစ်ဦးနှင့်တစ်ဦး အချင်းချင်းချိတ်ဆက် လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ ဖန်တီးရေးသားထား သော MRF Rice Portal Mobile Application ကို စတင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း ချုပ်ထံမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

နိုင်ငံတကာခရီးသည်တင်လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၄၁ ဦးအား စင်ကာပူနိုင်ငံရှိ မြန်မာသံရုံး က စီစဉ်သည့် (၅) ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်း (MNA) စင်းလုံးငှား အထူး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသည့် ဖွံ့ဖြိုးတိုးတက် မှုစီမံကိန်းတွင် ကိုဗစ်-၁၉ သက်ရောက်မှုများ ကုစားရေးကို ထည့်သွင်းထား သော မြန်မာ့စီးပွားရေး နာလန်ထူရေးနှင့် ပြုပြင်ပြောင်းလဲရေးစီမံချက်ကို မကြာမီ ထုတ်ပြန်သွား ဖို့ရှိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ (၁/၂၀၂၁) အစည်း အဝေးသို့ ဗီဒီယိုဖြင့် အမှာစကားပေး ပို့ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 10, 2021

ရပ်ကွက်လမ်းကျဉ်းလေးထဲဝင်လာသည့် ကားတစ်စီး ဟွန်းသံ တတီတီဖြင့် မောင်းဝင်လာသည်။ အရှိန်မလျှော့။ ရပ်ကွက်တွင်းက ကလေးငယ်များ၊ လူသူများ ထိခိုက်မှာကို စိုးရိမ်စိတ် သို့မဟုတ် ထိခိုက်မှု ဖြစ်လျှင် အမှုရင်ဆိုင်ရမည်ကို စိုးရိမ်စိတ်ကြောင့် ဖြစ်နိုင်၏။ သူ့တွင် ယဉ်မောင်း လိုင်စင်တော့ရှိမည်။ သို့သော်လည်း ထိုလိုင်စင်ကို မည်သို့ မည်ပုံရခဲ့သည်ကို မှန်းကြည့်လျှင် သိနိုင်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2021

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အဆင့်မြင့်မင်္ဂလာဈေးအပါအဝင် အဆိုပါ ဝင်းအတွင်းရှိ ဈေးအားလုံးကို ဇန်နဝါရီ ၁၄ ရက်တွင် တစ်ပြိုင်တည်ဖွင့်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မင်္ဂလာ တောင်ညွန့်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဉီးလှဌေးက ပြောသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2021

တောင်သူလယ်သမားအဖွဲ့အစည်းဆိုင်ရာ ဥပဒေမူကြမ်းအပေါ် ဌာနများ၏ အကြံပြု ချက်များ ဒုတိယအကြိမ် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2021

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာငွေ ရှာဖွေရေးနှင့်ရန်ပုံ ငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီတို့၏ (၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် Virtual စနစ်ဖြင့်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 09, 2021

အားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် ရှေ့လာမည့် (၅) နှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများအား နှစ်အပိုင်းအခြားအလိုက် စီမံချက်များ ရေးဆွဲခြင်းအပေါ် သုံးသပ်တင်ပြခြင်း အစည်းအဝေးကို အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်