Skip to main content

Aug 27, 2020

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်များ၏ (၁၉) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

လွှတ်တော်ကိုယ်စားလှယ်များအတွက် မဲဆန္ဒနယ်ဆိုင်ရာ အချက်အလက်များ မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၊ ဇမ္ဗူသီရိဆောင် Learning Center (Room-1) ၌ကျင်းပရာ လွှတ်တော်များ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးအဖွဲ့ JCC ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌ ဦးမျိုးညွန့်သည် ဩဂုတ် ၂၆ ရက်မှ ၂၇ ရက်အထိ Video Conferencing ဖြင့် ကျင်းပသည့် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC- Association of Asian Constitutional Courts and Equivalent Institutions) ၏ စတုတ္ထအကြိမ် အပြည်ပြည်ဆိုင်ရာ ညီလာခံသို့ နေပြည်တော်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးမှ တက်ရောက်သည်။ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံး အဖွဲ့ဝင် ဦးမြင့်ဝင်းလည်း ပါဝင်တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက် မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၂ ရက် မြောက်နေ့ ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် နိုင်ငံတော်မှ ကိုဗစ်၁၉ ရောဂါ ကာလအတွင်းကျေးလက်နေ မိသားစုဝင်များ၏ ဝင်ငွေလျော့နဲလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် ရည်ရွယ်ပြီး Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ဝန်ကြီးချုပ်နှင့် ကရင်ပြည်နယ် အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ကျေးရွာဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ကျေးရွာလမ်းခင်းခြင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ယမန်နေ့၊ ညနေပိုင်းက ကျေးရွာ၃ရွာကိုသွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ မြို့တော်ခန်းမ၌ ယနေ့ မွန်းလွဲ(၂)နာရီအချိန်က မသန်စွမ်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ဂွန်း(ဖဲကတာ)ကျေးရွာအုပ်စုအတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် (၃၂)နှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက် ကလေးငယ် (၈၃) ဦးအား တတိယအကြိမ်နှင့်စတုတ္ထအကြိမ်ထောက်ပံ့ငွေများ၊ ရေဝင်ရောက်အိမ်ထောင်စု (၄၂၀) စုအတွက် ဆန်နှင့်စားရိက္ခာများကို ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများသည် သြဂုတ်လ (၂၆)ရက်နေ့၊ မွန်လွဲပိုင်းက သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြည့်စွက်ခွင့်ပြုငွေ (ဒေသဖွံ့ဖြိုးရေးရံပုံငွေ) ဖြင့် ဝယ်ယူထားသော စက်ယန္တရားများကို မြို့နယ်/ မြို့စည်ပင်သာယာရေး ကော်မတီများနှင့် ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ နံနက် ၈ နာရီက ပုသိမ်မြို့ မြို့​​တော်ခန်းမတွင် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးတက္ကသိုလ်၊ ပညာရိပ်သာအဆောက်အဦ ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန် က အဆိုပါနေရာ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေမြင့်တက်လာမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ခဲ့ပြီး ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်ထားရာ ယမန်နေ့ နံနက် (၇) နာရီအချိန်က ရွှေယဉ်မျှော်စခန်းရှိ ရေဘေးသင့်မိသားစုဝင်များအား ကရင်ပြည်နယ်၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်၀န်ကြီးများက နံနက်စာအဖြစ် အဟာရပြည့်ဆန်ပြုတ်များသွားရောက်ကျွေးမွေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကရင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စိုက်ပျိုးထုတ်လုပ်မှု မလျော့ကျစေရေးအတွက် အကျိုးဆောင် တောင်သူများအား (TPI-လင်းနို့ဂူသဘာဝမြေသြဇာ)အိတ်များ ထောက်ပံ့ပေးအပ် ကော့ကရိတ် ဩဂုတ် ၂၇ ခရိုင်(ပြန်ဆက်)

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၄/၂၀၂၀)ကြိမ်မြောက် အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀  နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့သည်။ အစည်းအဝေးသို့

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၊ ကလေးခရိုင်အုပ်ချုပ်ရေးမှူးနှင့်အတူ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်(၁၀)နာရီခွဲက မင်းကင်းမြို့ ရွှေပြည်တန်(ဘိုးဘွားရိပ်သာ) ခန်းမတွင် ကျင်းပပြုလုပ်သော Less Walk Organization နှင့် ဇမ္ဗူသီရိ‌ ‌ကျောက်မျက်ရတနာကုမ္ပဏီတို့မှ မင်းကင်းမြို့နယ်အတွင်းရှိ (အထက)နှင့်အထက(ခွဲ) ကျောင်း(၂၇)ကျောင်း အတွက် စက်ဘီး(၁၇၀)စီး ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

သံလွင်မြစ်ရေမြှင့်တက်လာမှုကြောင့် ဘားအံမြို့ မြေပိုင်းရပ်ကွက်အချို့ရှိ လူနေအိမ်များတွင် မြစ်ရေဝင်ရောက်ပြီး ဆက်လက်နေထိုင်၍မရတော့သည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်း (၆) ခုဖွင့်လှစ်၍ ပြောင်းရွှေ့နေထိုင်စေခဲ့ရာ ယနေ့နံနက်ပိုင်းက ဘားအံမြို့ အမှတ်(၅)ရပ်ကွက် Cyclone Shelter ရှိ ရေဘေးရှောင်အိမ်ထောင်စုများအား ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် တာဝန်ရှိသူများက အာဟာရဖြည့်စွက်နံနက်စာ ကြာဇံဟင်းခါး သွားရောက်ကျွေးမွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ရခိုင်ပြည်နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် ကူညီ ဆောင်ရွက်နိုင်ရန် တပ်မတော်ဆေးအဖွဲ့များ၊ ဆေးအထောက်အကူပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် အသုံး အဆောင်ပစ္စည်းများကို ရန်ကုန်လေဆိပ်မှတစ်ဆင့် တပ်မတော် လေယာဉ်ဖြင့် စစ်တွေမြို့သို့ ဒုတိယ အကြိမ် ပို့ဆောင်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ကုလသမဂ္ဂ ထူထောင်သည့် (၇၅) နှစ် ပြည့် အထိမ်းအမှတ်အဖြစ် UN 75 Initiative အစီအစဉ်တွင် ပါဝင် ဆောင်ရွက်ရန် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဦးဆောင်၍ ပြည်ထောင်စုဝန်ကြီး ဌာန/ အဖွဲ့အစည်းများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းနှင့် လူငယ်အဖွဲ့ အစည်းများပါဝင်သော အစိုးရနှင့် ပြည်သူများ အကြား ယုံကြည်မှုတည် ဆောက်ရေး အွန်လိုင်းစကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ကော်မရှင်ရုံး၌ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ယနေ့ နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဥပဒေအရ အလုပ်နှင့် ထောင်ဒဏ် ၁၂ နှစ် ချမှတ်ချဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 27, 2020

အမေရိကန်သံရုံးမှ ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ Distance Learning Capacity အတွက် အထောက် အကူပြုပစ္စည်းများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် ပြည်ထောင်စုရှေ့နေချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်