Jun 08, 2021
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ဒုတိယအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Jun 08, 2021
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်ကိုနှင့်အတူ ဇွန် ၆ ရက် နံနက်ပိုင်းတွင် အောင်မြေသာစံ မြို့နယ် (၂၆)လမ်းရှိ ဧရာဝတီမြစ်ကမ်းဘေး မန္တလေး မရမ်းခြံဆိပ်ကမ်းမှ စစ်ကိုင်း၊ မင်းကွန်းသို့ လာရောက်မည့် ပြည်တွင်း/ပြည်ပ ခရီးသွား ဧည့်သည်များ ရေယာဉ်ပေါ်သို့ အတက်အဆင်းပြုလုပ်ရာတွင် လွယ်ကူစေရန်အတွက် ဆိပ်ခံဗောထားရှိမည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။
Jun 08, 2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်ရှိ “ရွှေအုန်းပင်” စားသောက်ဆိုင်ခြံဝင်းအတွင်း၌ မြေအောက်ခန်းအတွင်း ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ အမျိုးသား ၁ ဦးသေဆုံးခဲ့ပြီး ဖောက်ခွဲရေးပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Jun 08, 2021
နိုင်ငံတော်မှ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေညာထားသော CRPH အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အများပြည်သူလူထု သွားလာလှုပ်ရှားလျက်ရှိသည့် နေရာများအား မိုင်းထောင် တိုက်ခိုက်ခြင်း၊ ကလေးသူငယ်များ၏ ပညာရေးကို ထိခိုက်စေရန် စာသင်ကျောင်းများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင် တိုက်ခိုက်ခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုမရှိဘဲ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့အကြမ်းဖက်မှုဖြစ်စဉ်များကို ပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များထံတွင် စစ်အခြေခံနှင့်ဖောက်ခွဲရေးသင်တန်းသို့ တက်ရောက်ခဲ့သည့် ထူးဝေလင်း (၂၃)နှစ်(ဘ) ဦးညီညီခင် အား မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်စစ်သင်္ချိုင်းအနီး ၂၀၂၁ ခုနှစ်၊ ဇွန်လ ၅ ရက် ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့သည်။
Jun 08, 2021
၂၀၂၁ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ)တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့မွန်းလွဲပိုင်းက မိတ္ထီလာမြို့ မြေပြင် အတတ်သင်လေတပ် စခန်း၊ အားကစားကွင်းတွင် ကျင်းပရာ နယ်မြေခံလေတပ်စခန်းဌာနချုပ် များနှင့် မိတ္ထီလာ တပ်နယ်တို့မှ အရာရှိကြီးများ၊ အရာရှိ/ စစ်သည်၊ မိသားစုဝင်များ၊ ပြိုင်ပွဲဝင်အသင်းများ၊ အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 08, 2021
ရခိုင်ပြည်နယ် အမ်းမြို့ ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့နယ်ခန်းမနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာရာမကျောင်းတိုက်တို့၌ အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား
Jun 08, 2021
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပန်းတနော်မြို့နယ် အင်းမကျေးရွာ အုပ်စုအတွင်းသို့ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဆန်းဝင်း ဦးဆောင်၍ ပန်းတနော်မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ပါဝင်သော အဖွဲ့သည် ဇွန် ၆ ရက်က အင်းမကျေးရွာအုပ်စုအတွင်း ငါးရစ်ငါးသန်ကာလ ငါးမဖမ်းဆီးကြရေး အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
Jun 08, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည် မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင် တိုက်နယ်ဆေးရုံ၊ ညောင်ရမ်းတိုက်နယ်ဆေးရုံ၊ သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူဆေးရုံ၊ မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊
Jun 08, 2021
ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ် အတွင်းရှိ ဒေသခံ ပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ လိုအပ် သည့်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသဖြင့် မော်လမြိုင်မြို့ရှိ တက္ကသိုလ် (၁၀) မြို့နယ် အဆောင်၌ Quarantine ထားရှိခဲ့သည်။
Jun 08, 2021
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးသည် ဇွန် ၅ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီး (ရန်ကုန်-နေပြည်တော်အပိုင်း) လမ်းပြုပြင်ထိန်းသိမ်းထားရှိမှု၊ ခရီးသွားပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုတို့ကို လမ်းတစ်လျှောက် ကြည့်ရှု စစ်ဆေးပြီး လုပ်ငန်းလိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြားသည်။
Jun 08, 2021
ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဗဟိုဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပြည်သူ့ဝန်ထမ်းအကယ်ဒမီတွင် အရာထမ်းအခြေခံ (အထူး) သင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံ ခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) ၌ ကျင်းပသည်။
Jun 08, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ယနေ့ညနေ ၃ နာရီ၌ အာဆီယံ-တရုတ် မိတ်ဖက်ဆက်ဆံရေး နှစ်(၃၀) ပြည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် အာဆီယံ-တရုတ် နိုင်ငံခြား ရေးဝန်ကြီးများ အထူးအစည်းအဝေးသို့ တက်ရောက်သည်။
Jun 08, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိကာ၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။
Jun 08, 2021
နိုင်ငံတော်သမ္မတဟောင်း ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည် နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌဟောင်း ဒေါက်တာမျိုးအောင်တို့အပေါ် စွဲဆိုထားသော အမှုများအား စစ်ဆေးစီရင်နိုင်ရန် ယနေ့တွင် ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံး၌ ရုံးထိုင်ဆောင်ရွက်ခဲ့ရာ စွဲဆိုထားသည့် အမှုများ စစ်ဆေးစီရင်ခြင်းနှင့်
Jun 08, 2021
“မိမိတို့ မြန်မာလူမျိုးများသည် သစ်တောသစ်ပင် ချစ်ခင်မြတ်နိုးကြပြီး သစ်တော ထိန်းသိမ်းရေးကို ရှေးကတည်းကပင် အသိစိတ်ဓာတ်ရှိပြီးသားဖြစ်ကြောင်း၊ ယခု ကမ္ဘာကြီး၏ ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များအရ လူသားအားလုံး သဘာဝဘေး အန္တရာယ်များ တွေ့ကြုံခံစားရမှု လျော့ပါး သက်သာစေရေး၊ လိုက်လျောညီထွေ ရှိစေရေးအတွက် ဂေဟစနစ် ပြန်လည်ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်စွာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ၂၀၂၁ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ပြောကြား ခဲ့သည်။
Jun 08, 2021
ကိုဗစ်-၁၉ ကပ်ရောဂါပိုးတွေ့ လူနာများ တွေ့ရှိမှုရာခိုင်နှုန်းများ ရုတ်တရက်မြင့်တက်လာမှုကို အမှတ်တမဲ့မနေကြဘဲ ပြည်သူ အချင်းချင်း အပြန်အလှန်အသိပေး၊ သတိပေးကြရန် လိုအပ်နေပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင်ရှိသည့် မြို့နယ်အချို့တို့တွင် ရောဂါဖြစ်ပွားမှုများ အစုလိုက် အပြုံလိုက်တွေ့ရှိခြင်း၊ ပိုးတွေ့လူနာအရေအတွက် ရုတ်တရက် မြင့်တက်လာခြင်း တို့ ကြောင့် နေအိမ်တွင် နေထိုင်ရေးအစီအစဉ် Stay at Home သတ်မှတ်ခဲ့သလို ပြည်တွင်းလေကြောင်း ခရီးစဉ်အချို့ကိုလည်း ယာယီရပ်နားထားခဲ့ရသည်။
Jun 07, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၁၂/၂၀၂၁)ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကား ပြောကြားသည်။
Jun 07, 2021
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ဇွန် ၅ ရက်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကင်းစာဖြေဌာန၊ သင်္ဃန်းကျွန်းစာဖြေဌာန၊ သာကေတစာဖြေ ဌာန၊ ဒဂုံ(ဆိပ်ကမ်း)စာဖြေ ဌာနတို့သို့လည်းကောင်း၊ ဇွန် ၆ ရက်တွင် ဗဟန်းစာဖြေဌာနနှင့် အင်းစိန်စာဖြေဌာနတို့သို့ လည်းကောင်း သွားရောက်၍ စာမေးပွဲကြီးကြပ် ဆရာတော်များနှင့် စာဖြေ သံဃာတော်များ၊ သီလရှင်များအား ဖူးမြော်ကြည်ညိုကာ နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
Jun 07, 2021
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်တို့သည် ဇွန် ၆ ရက် နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းရင်းသား လူမျိုးများ၏ ယဉ်ကျေးမှုပြခန်းအား လေ့လာကြည့်ရှု၍ လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းပေးသည်။
