နေပြည်တော် ဇွန် ၇
ရခိုင်ပြည်နယ် အမ်းမြို့ ဝဏ္ဏိတာရာမ ပရိယတ္တိစာသင်တိုက်၊ ပုဏ္ဏားကျွန်းမြို့ရှိ မြို့နယ်ခန်းမနှင့် မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့နယ်ရှိ မဟာသုန္ဒရာရာမကျောင်းတိုက်တို့၌ အစိုးရပထမပြန်စာမေးပွဲ ဖြေဆိုနေကြသည့် သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် စာမေးပွဲကြီးကြပ် ဆရာတော်ကြီးများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဖူးမြော်ကြည်ညိုကြ၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်