Jun 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီး ချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ရန်ကုန်တိုင်းဒေသကြီး စီမံ အုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများကို တွေ့ဆုံ အမှာစကားပြောကြားသည်။
Jun 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် Republic of the Tatastan၊ Kazan မြို့တော်ရှိ JSC “Zelenodolsk Plant named after A.M.Gorky” ရေယာဉ်တည်ဆောက်ရေးအလုပ်ရုံ တို့သို့ သွား ရောက် ကြည့်ရှု လေ့လာသည်။
Jun 26, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့ ဒေသစံတော်ချိန် နံနက်ပိုင်းတွင် Republic of the Tatarstan၊ Kazan မြို့တော်ရှိ ဆေးကုသရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ထုတ်လုပ်သည့် “Eidos Medicine” နှင့် “Endome-dium” ကုမ္ပဏီမှ ထုတ်လုပ်သည့် ခွဲစိတ်ခန်းသုံးစက်ကိရိယာများ အား သွားရောက် လေ့လာကြည့်ရှုကြသည်။
Jun 26, 2021
ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ရောက်ရှိနေသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ဇွန် ၂၄ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ မော်စကို မြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ တစ်ဆင့် Republic of the Tatarstan သို့ ထွက်ခွာရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အပြည်ပြည်ဆိုင်ရာ စစ်ဘက်ပူးပေါင်းဆောင်ရွက်ရေးရာဌာန၊ ဒုတိယဌာနကြီးမှူး Major General Alexander Lopilin၊ ရုရှားနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးမှ သံမှူးကြီး ဦးဇော်လင်းဦးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် ပို့ဆောင်နှုတ်ဆက်ကြသည်။
Jun 25, 2021
(၂၄-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၅-၆-၂၀၂၁) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၅,၈၅၄)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၈၅၉) ဦး တွေ့ရှိရပါသည်။ သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာ စုစုပေါင်း (၂,၇၀၁,၄၀၀) ခု အား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၅၁,၅၇၃) ဦး ရှိပြီ ဖြစ်ပါသည်။
Jun 25, 2021
နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ ၂၀၂၁ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုး ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး၊ ရုံးပတ်ဝန်းကျင်၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် ခုံရုံးအဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြ သည်။
၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲများ ဆက်လက်ကျင်းပ
Jun 25, 2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော ၂၀၂၁ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားလေ့ကျင့်ရေး ကွင်းများ၌ ဆက်လက်ကျင်းပသည်။
Jun 25, 2021
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်နိုင်ဦး သည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
Jun 25, 2021
မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ (၁)နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ရန်ကုန်ဌာနခွဲ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 25, 2021
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (NSPC)၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာနဝန်းအတွင်း၌ ကျင်းပသည်။
Jun 25, 2021
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာကော်မတီအစည်းအဝေး (၉/၂၀၂၁)ကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်း မ၌ ကျင်းပသည်။
Jun 25, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။
Jun 25, 2021
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် သမဝါယမ အသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် အမှုဆောင် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ဇွန် ၁၇ ရက်က မြို့နယ်သမဝါယမအသင်းစု အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။
Jun 25, 2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ လက်နက်လုယူရန် ကြိုးစားခဲ့သူ အကြမ်းသမား ၁ ဦးအား ခြောက်လှန့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
Jun 25, 2021
၂၀၂၁-၂ဝ၂ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများ ဇွန် ၁ ရက်မှစ၍ မြန်မာနိုင်ငံ တစ်ဝန်း၌ တစ်ပြိုင်တည်း အေးချမ်းတည်ငြိမ်စွာ စတင် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
သုတဝေဖြာသီရိဂေဟာ မိသားစုပြိုင်ပွဲ အသိပညာပေးအစီအစဉ် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ထုတ်လွှင့်ပြသမည်
Jun 25, 2021
သုတဝေဖြာသီရိဂေဟာ မိသားစု ပြိုင်ပွဲ အသိပညာပေးအစီအစဉ် (Family Quiz) ပွဲစဉ် (၂၀)ကို ဇွန် ၂၅ ရက်ညနေတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဆက်လက် ထုတ်လွှင့်မည်ဖြစ်သည်။ ။
Jun 25, 2021
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်မှအဖွဲ့ဝင် ဦးကျော်စိုးနှင့် ဦးတင်အောင် တို့သည် ဇွန် ၁၆ ရက်တွင် သာယာဝတီ ဗဟိုအကျဉ်းထောင်ကိုလည်းကောင်း၊ အဖွဲ့ဝင် ဦးကျော်စိုး၊ ဦးတင်အောင်နှင့် ဦးကျော်မြင့်တို့သည် ဇွန် ၂၄ ရက်တွင် ဒိုက်ဦးဗဟိုအကျဉ်းထောင် ကို လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
Jun 25, 2021
နိုင်ငံတကာရေကြောင်းဆိုင်ရာ ကာကွယ်ရေးပြပွဲ (International Maritime Defence Show (IMDS-2021))ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ Saint Petersburg မြို့၌ ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ခရီးစဉ်တွင် လိုက်ပါလာသည့် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်သည့် မြန်မာ့တပ်မတော်(ရေ)ကိုယ်စား လှယ်အဖွဲ့ ပါဝင် တက်ရောက် ကြသည်။
Jun 25, 2021
ဆူပူအကြမ်းဖက်လုပ်ဆောင်နေသူများနှင့် NLD ပါတီဝင်/ထောက်ခံအားပေး သူ များအနေဖြင့် အချို့မြို့ကြီးများ၌ အစိုးရ၏အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ ဖောက်ခွဲရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် လုပ်ဆောင်လာသည်ကို တွေ့ရှိရသောကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီး နိုင်ရေးလိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို အထူးကြပ်မတ် ဆောင်ရွက်လျက်ရှိသည်။
Jun 25, 2021
(၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
