Skip to main content

Apr 22, 2022

အားလုံးအတွက် အဟန့်အတားမဲ့ခရီးသွား အလုပ်ရုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်သို့ ရောက်ရှိပြီး အသေးစား စက်မှုလက်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ လုပ်ငန်းခွင်ကျွမ်းကျင်မှုရှိစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်း စည်းကမ်းနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦ၊ လမ်း၊ တံတားနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ စာရင်းကိုင်(၄) မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၂)နှင့် စာရင်းကိုင်(၄) အလုပ်ခွင်ဝင်သင်တန်း အမှတ်စဉ်(၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့် သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးအတွက် ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု သတင်းပို့စနစ်(Community Monitoring and Reporting System- CMRS) အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်မှ ၁၇ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၁၉၁ ဒသမ ၆၃၁၄ တန်၊ သစ်မာ ၁၁၂ ဒသမ ၇၆၈၆ တန်၊ အခြား ၃၀၉ ဒသမ ၂၇၆၅ တန် စုစုပေါင်း ၆၁၃ ဒသမ ၆၇၆၅ တန်၊ တရားခံ ၄၃ ဦး၊ ယာဉ်/ယန္တရား ၂၇ စီး ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ရခိုင်ပြည်နယ် တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာန ဦးဆောင်သော စစ်ဆေးရေးအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ကုတ်မြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း တရားမဝင်သစ်မျိုးစုံ (၆ ဒသမ ၁၈၂၈)တန်၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၃၂၇၉၆)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့သည် AP သတင်းဌာန၊ ရိုက်တာ သတင်းဌာန၊ South China Morning Post သတင်း ဌာနနှင့် Straits Times သတင်းဌာန၊ China Central Television(CCTV) သတင်းဌာန၊ People’s Daily သတင်းဌာနနှင့် ဆင်ဟွာသတင်းဌာနတို့မှ သတင်းထောက်များကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမများ၌ ဗီဒီယို ကွန်ဖရင့်ဖြင့် တွေ့ဆုံ၍ မေးမြန်းချက်များကို ပြန်လည်ဖြေကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာ ကျေးလက်ဒေသ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန (Centeron Integrated Rural Development for Asia and the Pacific - CIRDAP)၏ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေး (23rd Governing Council (GC-23) Meeting) ကို ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် တာဝန်ယူ၍ Virtual Meeting အွန်လိုင်းစနစ်ဖြင့် ကျင်းပရာ (၂၃)ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီ၏အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ဦးဆောင်သော စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

၂၀၂၂ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အလွတ်တန်းဆောင်းပါးနှင့် စာစီစာကုံးပြိုင်ပွဲအတွက် ဖိတ်ခေါ်ခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ပညာရေးဒီဂရီကောလိပ်များ၌ ဘွဲ့ကြို၊ ဘွဲ့လွန် သင်တန်းများကို (၁၂-၅-၂၀၂၂) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

စာပေဗိမာန်စာမူဆု (၂၀၂၁) ဘာသာပြန်စာမူပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်စာမူပြဋ္ဌာန်း

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်ကျောင်းများမှ ကျောင်းအခြေပြုသင်တန်း (၁/၂၀၂၂) ဖွင့်လှစ်ရန် သင်တန်းသားခေါ်ယူခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး အတည်ပြုခန့်ထားခြင်းနှင့် ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးများ ခန့်ထားခြင်း

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သံအမတ်ကြီး ဦးလွင်ဦးအား ကာဇက်စတန်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

သံအမတ်ကြီး ဦးလွင်ဦးအား ဘယ်လာရုစ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ပူးတွဲခန့်အပ်

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ (Task Force)ဥက္ကဋ္ဌ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်သည် ကမ္ဘောဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံး အဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

နေပြည်တော် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်စာချပ်များဖြင့် ရေးထိုး ထွင်းထုပူဇော်မည့် ပိဋကတ်သုံးပုံပါဠိတော်ကို မြန်မာအက္ခရာ/ Roman အက္ခရာဖြင့် စိစစ်တည်းဖြတ်နိုင်ရေးအတွက် စိစစ်တည်းဖြတ်ရေးကော်မတီ၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော် Aureum Place Hotel, Lake View Hall အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ကြီးပွားတိုးတက်ခြင်း အကြောင်းတရားတွင် ရေခံမြေခံထက် တီထွင်ကြံဆ မဖြစ်မနေ ကြိုးပမ်းအားထုတ်မှုသည် အဓိကဖြစ်သည်ကို ကမ္ဘာပေါ်တွင် လေ့လာကြည့်နိုင်ပါသည်။ ကြီးပွားတိုးတက်ခြင်းသည် မဖြစ်ဖြစ်အောင် အလုပ်လုပ်နိုင်ခြင်းနှင့် အဓိကသက်ဆိုင်ပေသည်။ ကုန်းတွင်းပိုင်းတွင် ရေသတ္တဝါများ မွေးမြူနိုင်ခြင်း၊ ကန္တာရတွင် သီးနှံသစ်ပင်များ စိုက်ပျိုးနိုင်ခြင်း၊ တွင်းထွက်သယံဇာတ မရှိသော်လည်း ကုန်ကြမ်းမှ ကုန်ချောထုတ်လုပ်နိုင်ခြင်း စသည်တို့သည် တီထွင်ကြံဆ ကြိုးပမ်းအားထုတ်ခြင်းမှ ရရှိလာသော အကျိုးများဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 22, 2022

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုများသည် ၂၁ ရာစု အစပိုင်းမှစတင်၍ သိသိသာသာ ထင်ရှားလာခဲ့သည်။ ရာသီဥတုပုံမှန်မဟုတ်ဘဲ ပြောင်းလဲဖောက်ပြန်မှုတွင် အပူလှိုင်းများ ကျရောက်ခြင်း၊ မုန်တိုင်းတိုက်ခတ်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ် ကျရောက်မှုများမှာ ယခင်ထက် ပိုမို၍ ပြင်းထန်လာကြပြီး ဖြစ်ပေါ်မှု အကြိမ်အရေအတွက်မှာလည်း ပိုမိုများပြားလာခဲ့သည်။ ရာသီဥတုပြောင်းလဲမှုကြောင့် ကမ္ဘာ့နိုင်ငံများစွာတို့တွင် ထိခိုက်ခံစားနေကြရသည့်အနက် သဘာဝဘေးအန္တရာယ် ကျရောက်နိုင်သည့် အခြေအနေမြင့်မားသည့် နိုင်ငံများတွင် မိမိတို့နိုင်ငံလည်း ပါဝင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လက်ရှိကာလသည် ပူပြင်းခြောက်သွေ့သော မိုးကြိုကာလဖြစ်ပြီး မကြာမီ ရာသီအကူးအပြောင်းနှင့်အတူ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကိုလည်း ကြိုတင်သတိပြု ထားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်