Skip to main content

May 15, 2025

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲတွင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ရွှေနော်သီရိခန်းမ၌ ကျင်းပပြုလုပ်သည့် ပန်းတနော်မြို့နယ်အတွင်း ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2025

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံက လှူဒါန်းသည့် Operation Room ၉၅ လုံး တင်ဆောင်လာသည့် MTT Sapangar သင်္ဘောသည် မေ ၁၂ ရက် ညနေ ၆ နာရီခွဲ နှင့် Modular(prefabricated) house ၁၈၀၄ လုံး တင်ဆောင်လာသည့် SOUTHERN VENTURE သင်္ဘောသည် မေ ၁၃ ရက် ညနေ ၆ နာရီ ၃၈ မိနစ် တို့တွင် သီလဝါ (MITT) ဆိပ်ကမ်းသို့ အသီးသီးရောက်ရှိ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2025

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးယာယီတာဝန်ခံ/ သံအမတ်ကြီး ဦးကျော်ကျော်မင်းအား အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး) ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခန့်အပ်လိုက်ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2025

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီးနောက် ပြန်လည်ထူထောင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို ဈေးနှုန်းမှန်ကန်စွာဖြင့် အရည်အသွေးပြည့်မီစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်၍ ငလျင်ဒဏ်သင့် ပြည်သူများအတွက် အဆိုပါအိမ်ဆောက်ပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ်ကို မေလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်း၌ ရောင်းချလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 15, 2025

လူငယ်ဆိုသည်မှာ အသက် ၁၅ နှစ်မှ ၃၅ နှစ်အရွယ်အတွင်းရှိ နိုင်ငံသားများဖြစ်ပြီး နိုင်ငံတည်ဆောက်ရေးအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များလည်း ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်သည် လူငယ်များ၏ စွမ်းဆောင်နိုင်မှုအပေါ်တွင် မူတည်ပြီး ဖြစ်ပေါ်လာမည်ဖြစ်ရာ နိုင်ငံအနာဂတ်ကောင်းမွန်ရေး၊ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရန်လိုသည်။ သို့ဖြစ်သည့်အလျောက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များက အဓိကစွမ်းအားစုများအဖြစ် ပါဝင်လာနိုင်စေရန်အတွက် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်နှင့် ပြည့်စုံလာစေရန် နိုင်ငံတော်အစိုးရက လူငယ်ကဏ္ဍမြှင့်တင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

ငလျင်ဘေးသင့် ပြည်သူများအတွက် သံ၊ သံမဏိ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရောင်းချပေးခြင်းအစီအစဉ် ဒုတိယနေ့ကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ ယနေ့နံနက်ပိုင်းမှစတင်၍ ပြသရောင်းချလျက်ရှိရာ အနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် ဒေသခံပြည်သူအများအပြား လာရောက်လေ့လာဝယ်ယူလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

May 14, 2025

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းမီဒီယာဖွံ့ဖြိုးတိုးတက်ရေးကော်မတီက စီစဉ်ဖွင့်လှစ်သည့် သတင်းမီဒီယာသင်တန်းအမှတ်စဉ်(၂) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယခင်အပတ်သောကြာနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းရှိ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီရုံး သင်တန်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံသည် ရန်ကုန်မြို့ရှိ ယူနက်စကိုရုံးအကြီးအကဲ Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ရုံးအမှတ်(၃၅) ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက် ၁၀ နာရီတွင် ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄)နေပြည်တော်၌ Semivirtual စနစ်ဖြင့် ကျင်းပသည့် မိုးရာသီကာလတွင်ဖြစ်ပွားလေ့ရှိသော ကူးစက်ရောဂါများနှင့် ပြည်သူ့ကျန်းမာရေးအရေးပေါ် အခြေအနေများအတွက် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်နှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှတစ်ဆင့် နေပြည်တော် ရွာတော်ဘူတာသို့ ထပ်မံရောက်ရှိလာသည့် Modular (Prefabricated) Office/House များကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ ဖြန့်ခွဲတပ်ဆင်တည်ဆောက်နေသည့်အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥစသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ(နေပြည်တော်) စစ်ကိုင်းနှင့် မန္တလေးမြို့များအတွင်း ငလျင်ဒဏ်သင့် ဝန်ထမ်းအိမ်ရာများသို့ မတ် ၃၀ ရက်မှစ၍ အိမ်တိုင်ရာရောက် သွားရောက်ကာ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၄၃ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး၊ ပြည်နယ်ခြောက်ခုတို့တွင် မေ ၁၃ ရက်အထိ သေဆုံးသူ ၃၇၂၂ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၄ ဦးနှင့် ပျောက်ဆုံးသူ ၈၅ ဦး ရှိသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

၂၈-၃-၂၀၂၅ ရက်က လှုပ်ခတ်ခဲ့သော မန္တလေးမြေငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရာ ဘေးသင့်ခဲ့သောပြည်သူများအတွက် ပြည်တွင်း/ ပြည်ပစေတနာရှင်၊ အလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပစ္စည်းများ၊ ဆေးဝါးများလှူဒါန်းထောက်ပံ့မှုနှင့် ဧပြီလ ၂၈ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ဘေးသင့်ဒေသများသို့ ဖြန့်ခွဲထောက်ပံ့ဆောင်ရွက်မှုများကို သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကော်မရှင်အဖွဲ့ဝင် ဦးကျော်မြင့်သည် ယနေ့တွင် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ မန္တလေး(ရုံးခွဲ)သို့ ရောက်ရှိပြီး မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားအလွန်ပြင်းထန်သည့် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သော မန္တလေး(ရုံးခွဲ) ရုံးအဆောက်အအုံ ပြင်ဆင်ရန်ကိစ္စနှင့်ပတ်သက်၍ ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းသည် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဆန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့အင်းလျားလမ်းရှိ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ် လေ့ကျင့်ရေးစခန်းသို့ရောက်ရှိပြီး (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် စခန်းဝင်လေ့ကျင့်နေသော အနောက်တိုင်း လှေ၊ ရိုးရာလှေနှင့် ကနူး/ ကယက်လှေတို့ ယှဉ်ပြိုင်လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေး၍ နည်းပြများအား အစွမ်းကုန်အားထည့်သင်ပြကြပ်မတ်ပေးရန်၊ စံချိန်စံနှုန်းများကောင်းမွန်ပြီး ဆုတံဆိပ်များရရှိအောင် ကြိုးစားကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

၂၀၂၅ ခုနှစ် ဇွန်လအတွင်း ပြန်လည်ကျင်းပစစ်ဆေးသွားမည့် ၂၀၂၄ - ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ဝန်ထမ်းသား၊ သမီး Grade-12 ကျောင်းသား ကျောင်းသူများအား ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်-၃ ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့်၊ ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်သည့် သွပ်၊ သံနှင့် ဘိလပ်မြေများကို မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ငလျင်ဘေးသင့်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရန်အတွက် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၇၃ လမ်း၊ လမ်း ၃၀ နှင့် ၃၁ လမ်းကြားရှိ သတ်မှတ်နေရာ၌ မေ ၁၃ ရက်မှ စတင်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

May 14, 2025

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ UNESCO ဌာနေကိုယ်စားလှယ် Mr.Ichiro Miyazawa အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်