May 27, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းတက်ရောက်အမှာစကား ပြောကြားသည်။
May 27, 2025
ယခုအချိန်ကာလသည် ရာသီအကူးအပြောင်းကာလဖြစ်၍ ပြည်သူများအနေဖြင့် မိုးဦးကျကာလတွင် ဖြစ်ပွားတတ်သောရောဂါများ၊ ကူးစက်တတ်သောရောဂါများကို ကြိုတင်ကာကွယ်ထားကြရမည်ဖြစ်သည်။ မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများအပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများဖြစ်သည့် ရာသီတုပ်ကွေးရောဂါနှင့်ဖြစ်ပွားနိုင်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမည်ဖြစ်သည်။
May 27, 2025
လွန်ခဲ့သည့်သီတင်းပတ်က သတင်းများအရ ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်လျက်ရှိသည်ဟု သိရသည်။ ပုံမှန်တုပ်ကွေးရောဂါထက် ကူးစက်မှု ခုနစ်ဆ ပိုမိုမြန်ဆန်သည့် အိုမီခရွန် XEC အမျိုးအစား ကိုဗစ်-၁၉ ရောဂါမျိုးကွဲ ကူးစက်ပျံ့နှံ့မှု အခြေအနေကို စောင့်ကြည့်နေသည်ဟုလည်းဆိုသည်။ ထိုင်းတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ မေလ ၁၄ ရက်နေ့အထိ လေးလခွဲမျှကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၇၁၀၀၀ ကျော်ရှိပြီး ရောဂါကြောင့် သေဆုံးသူ ၁၉ ဦးရှိခဲ့သည်ဟုလည်း သိရသည်။
May 26, 2025
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 26, 2025
မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးဆန်းဦး (မင်းလပြည့်-ဟားခါး) တို့သည် မေ ၂၄ ရက် နံနက်ပိုင်းက တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်နင်းမြို့ ကွမ်းရှီးမင်ဇူးတက္ကသိုလ်တွင် စတင်ကျင်းပသည့် တရုတ်-အာဆီယံ ၁၀ နိုင်ငံလူငယ်စာပေဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
May 26, 2025
အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်က ဆောင်ရွက်လျက်ရှိသည့် တိပိဋကပါဠိ-မြန်မာအဘိဓာန်များကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုခြင်းလုပ်ငန်း တတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် Seminar Hall ၌ ကျင်းပသည်။
May 26, 2025
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
May 26, 2025
ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ သဘာဝဘေးအန္တရာယ်နှင့် လူအများထိခိုက်ဒဏ်ရာရရှိမှုများအတွက် ကုသမှုဆောင်ရွက်ပေးနိုင်ရေး Mass Causality Management Plan (၂၀၂၅) အတိုင်း ဆေးရုံရှိအဆောက်အအုံများ ပျက်စီးမှုများရှိနိုင်ခြင်းအပါအဝင် case scenario များဖြင့် သရုပ်ပြလေ့ကျင့်ခြင်းကို မေ ၂၃ ရက်က ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာန၌ ပြုလုပ်ခဲ့သည်။
May 26, 2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံမြို့နယ်ရှိ ရှမ်းပြည်နယ် (အရှေ့ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှူးရုံး အစည်းအဝေးခန်းမ၌ လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
May 26, 2025
ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံမှ သမ္မတဟောင်းနှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်ဟောင်းဖြစ်သူ H.E. Mr. Tran Duc Luong သည် ၂၀၂၅ ခုနှစ် မေ ၂၀ ရက်တွင် ကွယ်လွန်သွားခဲ့ခြင်းအတွက် ရန်ကုန်မြို့ကမာရွတ်မြို့နယ် သီရိမင်္ဂလာလမ်း လမ်းသွယ် (၁) အမှတ်၄၀ (အေ) ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်နိုင်ငံသံရုံး၌ ဖွင့်လှစ်ထားရှိသော ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအစိုးရကိုယ်စား ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် ဗီယက်နမ်နိုင်ငံသံရုံးသို့ သွားရောက်လက်မှတ်ရေးထိုးသည်။
May 26, 2025
ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနဝန်ကြီး H.E.Mr. Kostantin Chuychenko ၏ ဖိတ်ကြားချက်အရ မေ ၁၉ ရက်မှ ၂၁ ရက်အထိ ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာဇဘတ်မြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တရားရေးဝန်ကြီးဌာနကကျင်းပသည့် (၁၃) ကြိမ်မြောက် စိန့်ပီတာဇဘတ် အပြည်ပြည်ဆိုင်ရာ ဥပဒေရေးရာဖိုရမ်၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးအလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခြင်းအခမ်းအနားနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံရှေ့နေချုပ် H.E. Mr. IGOR KRASNOV ၏ ဖိတ်ကြားချက်အရ မေ ၂၃ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးကကျင်းပသည့် နှစ်နိုင်ငံအစည်းအဝေး၊ နိုင်ငံသားများအား အပြည်ပြည်ဆိုင်ရာတရားစီရင်ရေး အလွဲသုံးစားပြုလုပ်၍ တရားစီရင်ခြင်းမှ အပြန်အလှန်အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ်၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာ နောက်ဆက်တွဲ စာချုပ်လက်မှတ်ရေးထိုးခြင်းအခမ်းအနား၊ နှစ်နိုင်ငံဥပဒေရေးရာ ကျွမ်းကျင်သူများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။
May 26, 2025
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းဖေသည် တံတားဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းလင်း၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအိမ်ရာနှင့် ငလျင်ဒဏ်နှင့် မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးသွားသည့် မန္တလေးတက္ကသိုလ်တို့ကို ကြည့်ရှုစစ်ဆေးသည်။
May 26, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
May 26, 2025
အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ ရွှေရည်မွန်ထုတ်လုပ်မှုကုမ္ပဏီလီမိတက်၏ အိုးဝေကော်ဖီနှင့် ကော်ဖီဗမာ ထုတ်လုပ်သည့်လုပ်ငန်းသို့ရောက်ရှိပြီး အသင့်သောက်သုံးနိုင်သည့် ကော်ဖီများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
May 26, 2025
မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင်အသုံးပြုရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ (၁၅) ကြိမ်မြောက် လှူဒါန်းသည့် အောက်တိန်း(92) ၂၉၄၀ ဒသမ ၀၅၅ တန်၊ ဒီဇယ် ၁၁၉၃၀ ဒသမ ၅၀၅ တန် တင်ဆောင်လာသော MT YU DONG သင်္ဘောသည် မေ ၂၃ ရက် နံနက် ၂ နာရီခွဲက သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် BRIGHTER ENERGY ဆီလှောင်ဆိပ်ကမ်းသို့လည်းကောင်း၊ (၁၆) ကြိမ်မြောက်လှူဒါန်းသည့် Modular (prefa-bricated) house အလုံး ၁၁၂၀၊ Offices အလုံး ၁၆၀ တင်ဆောင်လာသော MV. Orient Glory သင်္ဘောသည် ယမန်နေ့ညနေ ၄ နာရီက သီလဝါ (MITT) ဆိပ်ကမ်းသို့လည်းကောင်း ရောက်ရှိခဲ့ကြသည်။
May 26, 2025
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ဇေယျာသီရိမြို့နယ်ရှိ ကျောက်ချက်အထက်တန်းကျောင်း၊ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ အဆိုပါကျောင်းများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရန် စခန်းသွင်းလေ့ကျင့်သင်ကြားလျက်ရှိသည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေးစကားပြောကြားသည်။
May 26, 2025
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မစ္စတာဆာဂေးရွှိုင်းဂူ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံမော်စကိုမြို့၌ မေ ၂၇ ရက်မှ ၂၉ ရက်အထိ ကျင်းပမည့် (၁၃) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးသို့ တက်ရောက်ရန် ယနေ့ညပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။
May 26, 2025
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်တို့၏ ပူးပေါင်းစီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငါး၊ ငါးပိ၊ အမဲသား၊ ဆိတ်သား၊ ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ ဘဲဥ စသည့် ကုန်မျိုးစုံများနှင့် ဟင်းသီးဟင်းရွက်များကို ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ စစ်ကိုင်းနှင့်မန္တလေးမြို့များအတွင်း ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် ပြည်သူများသို့ မတ် ၃၀ ရက်မှစ၍ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ၅၅ ရက်မြောက်အဖြစ် ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးသည်။
May 26, 2025
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့်ကဏ္ဍမှာ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍဖြစ်သည်။ ပညာတတ်များ ပေါများကြွယ်ဝပြီး ကျန်းမာကြံ့ခိုင်သည့် အလုပ်လုပ်နိုင်သော လူသားအရင်းအမြစ်များပြည့်စုံမှသာ ဒေသအလိုက်ဖွံ့ဖြိုးတိုးတက်ရေးမှသည် နိုင်ငံတော်တစ်ဝန်း ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ပညာရေးနှင့်ကျန်းမာရေးကဏ္ဍများ တိုးတက်မှုရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
May 26, 2025
စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။