Skip to main content

Oct 16, 2022

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ(ဒုတိယမြို့တော်ဝန်) ဦးညီညီသည် အတွင်းရေးမှူး ဦးညွန့်ဖေ၊ ကော်မတီဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကင်းမြို့နယ် (၁၆) ရပ်ကွက်ရှိ အမှတ် ၉ အခြေခံပညာမူလတန်းကျောင်း၊ တောင်ဥက္ကလာပမြို့နယ်(၁၃) ရပ်ကွက် မင်္ဂလာလမ်းရှိအမှတ် ၁၆ အခြေခံပညာမူလတန်းကျောင်းနှင့် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် မာလာနွယ်လမ်းနှင့် အိုးစု ၃ လမ်းထောင့်ရှိ အမှတ်(၁၁) အခြေခံပညာအလယ်တန်းကျောင်းတို့တွင် မြက်ပင်ချုံနွယ်များ၊ အုပ်မိုးကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် စာသင်ခန်းများအတွင်း ခြင်ဆေးမှုတ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ကျောင်းများပတ်ဝန်းကျင်ရှိ ရေမြောင်းများအတွင်း အမှိုက်များ၊ မြောင်းချေးများ ဆယ်ယူရှင်းလင်းခြင်း၊ ကျောင်းအဆောက်အအုံနံရံများ ရေညှိတက်နေမှုတို့ကို တိုက်ချွတ်ဆေးကြောခြင်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဦးဆောင်သော မြန်မာပညာရေးကိုယ်စားလှယ်အဖွဲ့သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အောက်တိုဘာ ၁၃ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သော (၁၂) ကြိမ်မြောက် အာဆီယံပညာရေးဝန်ကြီးများအစည်းအဝေး (12th ASEAN Education Ministers Meeting– 12th ASED) နှင့် ဆက်စပ်အစည်းအဝေးများဖြစ်သည့်(၆)ကြိမ်မြောက် အာဆီယံအပေါင်း ၃ ပညာရေးဝန်ကြီးများအစည်းအဝေး (6th ASEAN Plus Three Education Ministers Meeting – 6th APT EMM)၊ (၆) ကြိမ်မြောက်အရှေ့အာရှပညာရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေး (6th East Asia Education Ministers Meeting – 6th EAS EMM) များကို တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်အတူ ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန ဆောက်လုပ်မှုကိုကြည့်ရှုစစ်ဆေးပြီး ကျောင်းကုန်းမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းမှုနှင့် နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပုသိမ်စက်မှုမြို့တော်စီမံကိန်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း(MSME)များအား သွားရောက်ကြည့်ရှုအားပေးကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ သံဃာတော်များ ဆွမ်းကွမ်းအခက်အခဲမရှိစေရေးအတွက် စာသင်တိုက်များသို့လည်းကောင်း၊ ပရဟိတကျောင်းများသို့လည်းကောင်း စားနပ်ရိက္ခာများ ထောက်ပံ့ကူညီလှူဒါန်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ ကျင်းပလျက်ရှိသည့် ရုရှားစွမ်းအင် ရက်သတ္တပတ် အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက်ရန် ရုရှားနိုင်ငံ၌ရောက်ရှိနေသော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးတို့သည် ရုရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးလွင်ဦးနှင့်အတူ အောက်တိုဘာ ၁၃ ရက်နံနက်ပိုင်းတွင် ရုရှားနိုင်ငံ Novatek ကုမ္ပဏီမှ Chairman of the Manage-ment Board, Mr. Leonid Mi-khelson ဦးဆောင်သောအဖွဲ့အား မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးကိစ္စများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆွေးနွေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုးတို့သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (၂) Plenary Hall ၌ ကျင်းပသည့် တိုင်းရင်းသားရိုးရာ/ ကျေးလက်ရိုးရာ အကပြိုင်ပွဲသို့ တက်ရောက်ပြီး ပြိုင်ပွဲဝင်အဖွဲ့များ၏ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ်(NCA)လက်မှတ်ရေးထိုးခြင်း(၇)နှစ်မြောက် နှစ်ပတ်လည်နေ့ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ မိန့်ခွန်းပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှ ၃၀ ရက်အထိ ကျင်းပမည့် ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွေ့လေ့ကျင့်ခြင်းအလုပ်ရုံဆွေးနွေးပွဲသို့ ပါဝင်တက်ရောက်ရန် ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး (ကလေးကျန်းမာရေး) ဒေါက်တာသိင်္ဂီအောင် ဦးဆောင်သည့် ကလေးအထူးကု ဆရာဝန်များပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ဝင် ခြောက်ဦးတို့သည် အောက်တိုဘာ ၁၅ ရက် ည ၈ နာရီက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ လေကြောင်းခရီးစဉ်အမှတ် (PG-704) ဖြင့် ထိုင်းနိုင်ငံဘန်ကောက်မြို့မှတစ်ဆင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာသွားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နောက်ဆက်တွဲထိခိုက်မှုများ၊ နိုင်ငံရေးအရဖြစ်ပေါ်လာသော အကြမ်းဖက်လုပ်ရပ်များကို အစိုးရ၊ ပြည်သူနှင့်တပ်မတော်တို့ လက်တွဲညီညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြရာ အခက်အခဲအနှောင့်အယှက်များနှင့်စိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်ခဲ့သည်။ မျက်မှောက်ကာလတွင် နိုင်ငံ၏စီးပွားရေးမှာလည်း တိုးတက်ကောင်းမွန်လာပြီး တိုင်းပြည်တည်ငြိမ်အေးချမ်းရေးကို ဆက်လက်ဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Oct 16, 2022

အတိတ်ကာလက နယ်ချဲ့တို့၏သွေးခွဲသပ်လျှိုအုပ်ချုပ်မှုနှင့် မျက်မှောက်ကာလတွင် မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ပြည်ပမှဝင်ရောက်စွက်ဖက်မှုတို့က ပြည်ထောင်စုဖွားသွေးချင်းတို့ကြားမှာ ကြီးစွာသော ရန်ဆူးရန်ငြောင့်တစ်ခုအဖြစ်နှင့် အနှောင့်အယှက်ပြုနေဆဲပင်ဖြစ်သည်။ ကိုလိုနီနယ်ချဲ့ဝါဒီလက်ဟောင်း လက်သစ်တို့အစပျိုးခဲ့သည့် သံသယမျိုးစေ့မှသည် စည်းလုံးညီညွတ်မှုတို့ အက်ကြောင်းထင်ကာ လက်နက်ကိုင်ပဋိပက္ခများ၊ တည်ငြိမ်အေးချမ်းမှုကင်းမဲ့သည့် ဘဝများ၊ ဖွံ့ဖြိုးတိုးတက်မှုနည်းပါး ခေတ်နောက်ကျမှုများဖြင့် ဆယ်စုနှစ်များ တစ်ခုပြီးတစ်ခု ဖြတ်သန်းခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

အကြမ်းဖက်သမားများအနေဖြင့် တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်နှင့် ပြည်သူလူထုအထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ လက်ပစ်ဗုံးများ၊ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်များကိုအသုံးပြု၍ အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးများ၊ စာသင်ကျောင်းများ၊ ပြည်သူပိုင်အဆောက်အဦများ၊ အများပြည်သူများနှင့်သက်ဆိုင်သည့်နေရာများ၊ စစ်ရေးနှင့်မသက်ဆိုင်သည့်နေရာများ၊ အစိုးရရုံး၊ ဌာနများနှင့် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီး၊ ပစ်ခတ်၊ တိုက်ခိုက်နှောင့်ယှက်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ(၉)ရက် နံနက် ၈ နာရီ ၄၁ မိနစ်တွင် ဘဝနတ်ထံပျံလွန်တော်မူသွားသော မဟာအောင်မြေမြို့နယ်၊ ရတနာဘုမ္မိအနောက်ရပ်ကွက်၊ မဏိရတနာမြတောင်ကျောင်းတိုက်၏ အဓိပတိမဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအင်္ကုရ သက်တော်(၉၀)နှစ်၊ သိက္ခာတော်(၇၀)ဝါရှိ မဟာထေရ်မြတ်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇ ရုပ်ကလာပ်တော်အား အန္တိမအဂ္ဂိဈာပန သာဓုကီဠန ပူဇော်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်း၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဋ္ဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးမြင့်အောင်နှင့် တာဝန်ရှိသူများ၊ ဆွေတော်မျိုးတော်များ၊ ဒါယကာ၊ ဒါယိကာမများ စုံညီစွာတက်ရောက် ဖူးမြော်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(ဗဟို အဆင့်) စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ သတ်မှတ်နေရာအသီးသီးတွင် စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များအတွက် ကျွမ်းကျင်မှုစံနှုန်းများ ပြန်လည်သုံးသပ်ခြင်းနှင့် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို မြန်မာနိုင်ငံမှ ဦးဆောင်နိုင်ငံအဖြစ် ၂၀၁၉ ခုနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံအဆင့်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် ဦးဆောင်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးပညာရှင်များအနေဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးသာမက လယ်ယာကဏ္ဍပြောင်းလဲတိုးတက်ရေးကိုပါ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်၍ ပညာရပ်အသီးသီးတွင် ထူးချွန်ထက်မြက်သော လူသားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုလည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေးတက္ကသိုလ် စုဝေးခန်းမဆောင်၌ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များမှ မဟာသိပ္ပံနှင့် ပါရဂူသင်တန်းတက်ရောက်နေကြသည့် သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၀၈)ရဲဗလတပ်ခွဲ၊ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိလေ့ကျင့်ရေးကျောင်း စစ်ရေးပြကွင်း၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 15, 2022

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးဖြစ်သူ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ကျင်းပခဲ့သည့် (၂၈)ကြိမ်မြောက် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဝန်ကြီးများအစည်းအဝေး (28th Meeting of the ASEAN Socio – Cultural Community (ASCC) Council) သို့တက်ရောက်ခဲ့ပြီး ယနေ့ညပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပြန်လည်ရောက်ရှိလာရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်