May 06, 2024
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
May 06, 2024
နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဟိုပန်မြို့နယ်အတွင်းရှိ ကျယ်ပန် ကျိုင်း-ကောင်းပျက်-အိုက်ကျော်ပါး ကျေးရွာချင်းဆက်လမ်း ခုနစ်မိုင်အနက် တစ်မိုင်လေး ဖာလုံ ကျောက်ခင်းခြင်းလုပ်ငန်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၆၅ ဒသမ ၂၆၅ သန်းဖြင့် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ရာနှုန်းပြည့်ဆောင် ရွက်ပြီးစီးပြီဖြစ်ကြောင်း ဟိုပန်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။
May 06, 2024
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယမန်နေ့နံနက်ပိုင်းက ရုံးချုပ်မှတာဝန်ရှိသူများ၊ အရှေ့ပိုင်းခရိုင် လျှပ်စစ်မန်နေဂျာ၊ အင်ဂျင်နီယာတို့နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြို့နယ် လေးမြို့နယ်ရှိ လျှပ်စစ်မန်နေဂျာရုံးများသို့သွားရောက်၍ ရေပေးဝေမှု၊ ဓာတ်အားဖြန့်ဖြူးပေးမှု အခြေအနေများနှင့် ထရန်စဖော်မာများ တိုးချဲ့တည်ဆောက်နိုင်ရေးအတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
May 06, 2024
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများသည် ယနေ့တွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)သို့ ရောက်ရှိစစ်ဆေးရာ တာဝန်ခံအရာရှိ (ဒုတိယညွှန်ကြားရေးမှူး) ဦးစန်းလှိုင်က ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်)၏ ဝင်ငွေရရှိမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့် တင်ဒါလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
May 06, 2024
ပဲခူးတိုင်းဒေသကြီးနယ်မြေရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာ ခြင်းကို ဧပြီ ၂၅ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ပြည်ခရိုင် ပြည်မြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၉ ခုမှ ပြည်သူ ၃၀၄ ဦး၊ ပေါက်ခေါင်းမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၅၈ ခုမှ ပြည်သူ ၃၇၂ ဦး စုစုပေါင်း ၆၇၆ဦး တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။
May 06, 2024
ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)နှင့် အင်ဒိုနီးရှားနိုင်ငံ ခရီးသွားလုပ်ငန်းနှင့် တီထွင်ဖန်တီးမှုရှိသော စီးပွားရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်ဆောင်ရွက်သည့် အာရှနှင့်ပစိဖိတ်ဒေသခရီးသွားလုပ်ငန်းတွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ဒုတိယအကြိမ် ကွန်ဖရင့် (2nd UN Tourism Conference on the Empowerment of Women in Tourism in Asia and the Pacific)ကို မေ ၂ ရက်မှ ၄ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ Nusa Dua Bali ရှိ Bali International ConventionCenter (BICC)၌ ကျင်းပရာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
May 06, 2024
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ပတွင် ရောက်ရှိနေသည့် နိုင်ငံသားများ အခက်အခဲကြုံတွေ့နေရပါက မည်သို့သောအခြေအနေ ကြုံတွေ့ရသည့်တိုင် နိုင်ငံသားများအပေါ် အလေးအနက်တန်ဖိုးထား၍ မြန်မာသံရုံးနှင့် သက်ဆိုင်ရာသံရုံးများချိတ်ဆက်၍ မြန်မာနိုင်ငံသို့ အေးချမ်းလုံခြုံစွာ အမြန်ဆုံးပြန်လည်ရောက်ရှိရန် ဆောင်ရွက်ပေးလျက်ရှိသည်။
May 06, 2024
သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ရေရှည်တည်တံ့သော ဘက်စုံစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာရေး၊ တစ်ဧကချင်း၏ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေး၊ တောင်သူတစ်ဦးချင်း ဝင်ငွေတိုးပွားရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ အားပေးဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် နေပြည်တော်တပ်ကုန်းမြို့နယ် ဗိုလ်မင်းရောင်အုပ်စုရှိ စူပါနှံကောက် (RS-CS) မျိုးစေ့ထုတ်စိုက်ခင်း၌ ဒေသခံတောင်သူ လယ်သမားများနှင့် တွေ့ဆုံသည်။
May 06, 2024
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့ရှိ အမှတ်(၁)အထည်စက်ရုံ(ရွှေတောင်) သို့ရောက်ရှိပြီး ချည်များအထည်ရက်လုပ်ခြင်းနှင့် ဆေးဆိုးပန်းရိုက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ ရိုးရာရက်ကန်းစင်ဖြင့် အထည်များရက်လုပ်နေမှု၊ ဝါကြိတ်စက်များနှင့် ကုန်ချော၊ ကုန်ကြမ်းသိုလှောင်ရုံတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။