ပညာခေတ်မှာပညာရှာဖို့ ကျောင်းအပ်နှံကြပါစို့
၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက် နေ့တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။ ပညာရေးဝန်ကြီးဌာနက သင်ကြားရေးဝန်ထမ်းများ၊ ကျောင်းအုပ်ကြီးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ပညာရေးဝန်ထမ်းများကို သင်ကြားမှု အုပ်ချုပ်မှုစွမ်းရည်မြှင့်သင်တန်းများ စဉ်ဆက်မပြတ်ဖွင့်လှစ် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်သည်။ အခြေခံပညာရေး တွင် KG မှ Grade 12 အထိ တန်းစေ့စနစ်သစ် သင်ရိုးပြည့်ဖြင့် သင်ကြားလာခဲ့သည်မှာ တတိယမြောက်နှစ်သို့ ရောက်ရှိလာပြီဖြစ်သည်။