Skip to main content

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့

၂၀၂၆ ခုနှစ် မေလ ၁၈ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ပြတိုက်များနေ့ (International Museum Day – IMD) ဖြစ်သည်။ ယခုနှစ် IMD Theme ကို International Council of Museums မှ “Museums Uniting a Divided World” ဟု သတ်မှတ်ထားပြီး “ကွဲပြားခြားနားသော ကမ္ဘာကြီးအား ပေါင်းစည်းပေးသော ပြတိုက်များ” ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။

နေမင်း၏ အလင်းစွမ်းရည်ဖြင့် ကမ္ဘာမြေကို အလှဆင်ကြမည်

တစ်နေ့တာ စွမ်းအင်အသုံးပြုမှုပမာဏကို သိပ္ပံပညာရှင်တွေက Terawatt - hours – TWh (တာရာဝပ်- အာဝါ) နဲ့ တိုင်းတာကြပါတယ်။ ခန့်မှန်းအားဖြင့် တစ်နေ့ကို ကမ္ဘာကြီးက ၄၅၀၀ တာရာဝပ်-အာဝါကို အသုံးပြုကြတယ်လို့ သိရပါတယ်။ ဒါဆိုရင်ကမ္ဘာကြီးကို အလင်းစွမ်းအင်နဲ့ အပူစွမ်းအင်ပေးနေတဲ့ နေမင်းကြီးဆီကရော တစ်နေ့ကို ဘယ်လောက်များတဲ့ အလင်းစွမ်းအင်တွေ ကမ္ဘာမြေပေါ်ရောက်ရှိနေပါသလဲ။ သိပ္ပံပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နေကနေကမ္ဘာမြေပေါ်ကို တစ်ချိန်တည်းမှာ ၁၇၃၀၀၀ တာရာဝပ် (TW) ခန့်သော စွမ်းအားရောက်ရှိနေပြီး တစ်နေ့တာအတွင်း ရရှိနိုင်တဲ့ နေစွမ်းအင်ပမာဏက ၄ ဒသမ ၁၅ သန်း တာရာဝပ်- အာဝါ (TWh)ခန့် ကမ္ဘာမြေကြီးက ရရှိနေပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေးပြောကြား

Submitted by moiuser4 on 16 May 2026

ပလောက်မြို့၊ လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ် အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်

ပလောက်မြို့၊ လူထူအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မုန်တိုင်းဘေးအန္တရာယ် အကြောင်း အသိပညာပေး (Talk Show) ပြုလုပ် ပလောက် မေ ၁၄ နှင်းမြူလွင်(ပလောက်)

လားရှိုးမြို့၌ ၂၀၂၆ ခုနှစ် လူရည်ချွန်မောင်မယ်များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ

လားရှိုးမြို့၌ ၂၀၂၆ ခုနှစ် လူရည်ချွန်မောင်မယ်များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆိုပွဲအခမ်းအနား ကျင်းပ လားရှိုး မေ ၁၅ လူမော် (ပြန်/ဆက်)

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ်

မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ပြုလုပ် မြစ်သား မေ ၁၄ ရဲနိုင်ဦး

လူငယ်တွေကို အန္တရာယ်ထဲတွန်းပို့နေတဲ့ ဂိမ်းတွေကို . . . သတိပြု

ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။

မြန်မာ့သဘာဝရော်ဘာဈေးကောင်းရရှိရေး ဘက်စုံကြိုးပမ်းဆောင်ရွက်ပေး

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်ပြီး ရော်ဘာစိုက်ဧက ၁ ဒသမ ၆ သန်း ကျော်ရှိရာအစေးခြစ် ဧက ၁ သန်းခန့်မှ ရော်ဘာတန်ချိန် ၃ သိန်းကျော် နှစ်စဉ်ထွက်ရှိ၍ နှစ်စဉ် မြန်မာ့ရော်ဘာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာသန်း ၄၈၀ ဖြင့် နိုင်ငံခြားဝင်ငွေများစွာ ရရှိသည့်ကဏ္ဍတစ်ရပ်ဖြစ်ပါသည်။ ရော်ဘာကို မွန်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် အဓိကစိုက်ပျိုးသည်။

ကျန်းမာသောလူသားအရင်းအမြစ်မှသည် ဖွံ့ဖြိုးတိုးတက်မှုဆီသို့ . . .

ကမ္ဘာပေါ်ရှိ နိုင်ငံများ၏ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ယခင်က စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများကိုသာ အဓိကထားခဲ့ကြသော်လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) က လူသားဖွံ့ဖြိုးမှုညွှန်းကိန်း (Human Development Index - HDI)ကို စတင်မိတ်ဆက်ခဲ့သည့် နောက်ပိုင်းတွင် လူသားတို့၏ အရည်အသွေးသည်သာ ဖွံ့ဖြိုးမှု၏ အခြေခံစံနှုန်းဖြစ်လာခဲ့ပါသည်။
Subscribe to