Skip to main content

မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးမှု (၇၆) နှစ်ကာလမှသည် နှစ်ပေါင်းထောင်ချီ

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေကျင်းမြို့၌ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့်အဖွဲ့သည် ဇွန်လ ၁၇ ရက်နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ China Railway Construction Corporation Limited (CRCC) သို့ သွားရောက်လေ့လာကြရာ CRCC မှ ဥက္ကဋ္ဌဖြစ်သူ Mr. Dai Hegen နှင့်အဖွဲ့ဝင်များက လှိုက်လှဲနွေးထွေးစွာ ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် CRCC ၏ ပြခန်းကိုလေ့လာကြရာ CRCC မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ၁၉၄၈ ခုနှစ် ၌ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရထားလမ်းတပ်ဖွဲ့၌ စတင်ပေါ်ပေါက်လာခဲ့ခြင်းအကြောင်းများ၊ ခေတ်အဆက်ဆက်ဖြစ်ပေါ်တိုးတက်ခဲ့မှုများ၊ CRCC သမိုင်းကြောင်းများနှင့် လက်ရှိဖြစ်ပေါ်တိုးတက်မှုများကို အသေးစိတ်ရှင်းလင်းတင်ပြကြသည်။

အေးအတူ ပူအမျှ အသိုက်အဝန်း၏ တောက်ပသည့်အနာဂတ်သို့ ဦးတည်

“ Myanmar-China Investment and Trade Networking Summit” (MCITP-2026) Shanghai ဖွင့်ပွဲအခမ်းအနားကို ဇွန် ၈ ရက်နံနက်ပိုင်းတွင် ရှန်ဟိုင်းမြို့ လင်းကန်အထူးဧရိယာရှိ Radisson Collection Lingang Shanghai ဟိုတယ်တွင်ကျင်းပသည်။ အခမ်းအနား၏ ရည်ရွယ်ချက်မှာ ၂၀၂၆ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ ၅ နှစ်တာကာလအတွင်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ အကောင်းမွန်ဆုံးတိုးတက် မြင့်မားလာစေရန်နှင့် မြန်မာနိုင်ငံမှ ထွက်ကုန်ပစ္စည်းများကို တရုတ်နိုင်ငံသို့ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ဖြစ်သည်။
Subscribe to