Skip to main content

မဲစာရင်းမှာ ပါ,ပါမှ

မြန်မာနိုင်ငံ၏ တတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် ရွေးကောက်ပွဲများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာပြီး ဖြစ်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် “အများယုံကြည် လက်ခံသည့် ရွေးကောက်ပွဲမှသည် ဒီမိုကရေစီနိုင်ငံသို့” (Credible Elections Paving the Way to Democracy) ဟူသော ဆောင်ပုဒ်ချမှတ်ကာ လွတ်လပ်မှု၊ တရားမျှတမှု၊ ပွင့်လင်းမြင်သာမှု၊ အများယုံကြည်လက်ခံမှု၊ ပြည်သူ့ဆန္ဒ နှင့် ရွေးကောက်ပွဲရလဒ် တစ်ထပ်တည်းကျစေရေးဟူသည့် စံ ၅ ချက်နှင့်အညီ ရွေးကောက်ပွဲများကို ကျင်းပသွားမည် ဟု သတင်းများအရ သိရပါသည်။

သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး မိမိကစ ဆောင်ရွက်ပေး

သွေးလွန်တုပ်ကွေးရောဂါသည် အာဗိုဗိုင်းရပ်စ်အမျိုးအစား ဒင်ဂီးဗိုင်းရပ်စ်ကြောင့်ဖြစ်ပြီး ခြင်ကျား (Aedes mosquito) ၏ သွေးထဲတွင် ရှိသည်။ ခြင်မှ လူကိုကိုက်ခြင်းဖြင့် ဗိုင်းရပ်စ်ပိုးများ လူ့ခန္ဓာကိုယ် အတွင်း ရောက်ရှိ ပြီး ရောဂါကူးစက်နိုင်သည်။

ယနေ့တောင်သူများ ကြုံတွေ့နေရသည့် မွှားပင့်ကူပြဿနာ

မွှားပင့်ကူများသည် စိုက်ပျိုးသီးနှံပင်များတွင် အပင်ရည်ကို စုပ်ယူစားသောက် ဖျက်ဆီးသော အလွန်သေးငယ်သည့် အကောင်များ ဖြစ်သည်။ ခြေထောက် လေးစုံပါသော မွှားကောင်များသည် ပင့်ကူများကဲ့သို့ ၎င်းတို့၏ခန္ဓာကိုယ်မှ ပင့်ကူမျှင်ကဲ့သို့ ပိုးချည်မျှင်များ ထုတ်လုပ်သည့် အတွက် ၎င်းတို့ကို မွှားပင့်ကူဟု ခေါ်ဆိုခြင်းဖြစ်သည်။ မျိုးပေါင်းစု(Phylum)အားဖြင့် Arthropoda၊ မျိုးပေါင်း (Class)အားဖြင့် Arachnida တွင် ပါဝင်ပြီး Acarine အုပ်စုဝင် ဖြစ်သည်။ အဏုကြည့်မှန်ပြောင်းဖြင့်သာ ထင်ရှားစွာမြင်ရပြီး အရွယ်အစားအားဖြင့် မျိုးစိတ်အပေါ် မူတည်၍ ၀ ဒသမ ၂ မီလီမီတာမှ ၀ ဒသမ ၅ မီလီမီတာအကြား ရှိတတ်သည်။
Subscribe to