စည်းကမ်းလိုက်နာဘေးကင်းကွာ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ (ကိုဗစ်- ၁၉ ) အစဉ်အမြဲ သတိပြုကာကွယ်ပါ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်းက စတင်ဖြစ်ပွားပေါ်ပေါက်ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ် - ၁၉) ကမ္ဘာ့ကပ်ရောဂါသည် ယခုအချိန်တွင် ကမ္ဘာ့နိုင်ငံ အများအပြားသို့ ကူးစက်ဖြစ်ပွားလျက်ရှိပါသည်။ အချိန်တိုအတွင်း နိုင်ငံနှင့် နေရာဒေသအများအပြားသို့ လျင်မြန်စွာ ကူးစက်ဖြစ်ပွားခဲ့သည့်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (Pandemic Disease) အဖြစ် (၁၂-၃-၂၀၂၀) ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။ ၄ - ၁၀-၂၀၂၀ ရက်နေ့ ည ၈:၃၀ နာရီ အထိ ကမ္ဘာတွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားသူပေါင်း ၃၄ သန်းကျော်ရှိနေပြီဖြစ်ကာ ရောဂါကြောင့် သေဆုံးသူ တစ်သန်းကျော် ရှိပြီ ဖြစ်ပါသည်။
