ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါလျက်ရှိသည့် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ်
ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟိုင်နန်ကျွန်းဟိုက်ကုမြို့၌ အခြေစိုက်သည့် တရုတ်နိုင်ငံပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးရေးတက္ကသိုလ် (China Institute for Reform and Development-CIRD)က ကျင်းပသည့် ဆွေးနွေးပွဲများသို့ ပါဝင်တက်ရောက်ခွင့်ရခဲ့သည်။ ယင်းဆွေးနွေးပွဲများမှာ ပါတီပိုင်းဆိုင်ရာအကြီးအကဲများ၊ ဒေသအာဏာပိုင်များ၊ နိုင်ငံတကာမှပညာရှင်များ၊ မူဝါဒပိုင်းဆိုင်ရာပုဂ္ဂိုလ်များ အများအပြား ပါဝင်တက်ရောက်သည့် တရုတ်နိုင်ငံ ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာဆွေးနွေးပွဲများ ဖြစ်ပါသည်။
