Skip to main content

Dec 19, 2023

တောင်ကိုးရီးယား သမ္မတနိုင်ငံသွားရောက် အလုပ်လုပ်ကိုင်သည့် Re-entry လုပ်သားအချို့ထံမှ တားမြစ်ထားသည့် အစားအသောက်ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ရာ မြန်မာလုပ်သားများ၏ ပုံရိပ် မကျဆင်းစေရေးနှင့် ကိုရီးယားသို့ ဝင်ရောက်မည့် မြန်မာလုပ်သားများ အဆင်ပြေချောမွေ့စွာ ဝင်ရောက်နိုင်ရန် တားမြစ်ပစ္စည်းများ သယ်ဆောင် ခြင်းမပြုရန် POEA-EPS (အစိုးရ ၏ ပြည်ပအလုပ်အကိုင်အေဂျင်စီ) က အသိပေးထားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦးသောင်းနိုင်၊ ဒေါ်သင်းသင်းနွဲ့၊ ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးခန်းအမှတ်(၁) ၌ ရုံးထိုင်၍ ရာဇဝတ် အထူးအယူခံမှုအမှတ် ၁/၂၀၂၃ (ရန်ကုန်)၊ ၂/၂၀၂၃ (မန္တလေး)၊ ၃/၂၀၂၃ (ကချင်)၊ ၄/၂၀၂၃ (ကချင်)၊ ၅/၂၀၂၃ (ကချင်)၊ ၆/၂၀၂၃ (ရခိုင်)နှင့် ၇/၂၀၂၃ (ရန်ကုန်)၊ တရားမအထူးအယူခံမှုအမှတ် ၄၉/၂၀၂၂ (မွန်)၊ ၅၀/၂၀၂၂ (မွန်)၊ ၂၉/၂၀၂၃ (ရှမ်း)၊ ၃၀/၂၀၂၃ (ရှမ်း)၊ ၃၄/၂၀၂၃ (ဧရာဝတီ)နှင့် ၃၆/၂၀၂၃ (မန္တလေး)စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု   ခုနစ်မှုနှင့်   တရားမအထူးအယူခံမှု ခြောက်မှုတို့ကို စီရင်ချက်ချမှတ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက်မြင့်မားမှုကြောင့် မန္တလေးစျေးကွက်တွင် မတ်ပဲလက်ကျန်နည်းပါးသည်အထိ တင်ပို့နေရကြောင်း မန္တလေးကုန်စည်ဒိုင်မှ စုံစမ်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ယခုအခါ လူငယ်အချို့တွင် PDF ဂိမ်းကစားခြင်း ခေတ်စားနေသည်။ PDF game ဟူသည် အကြမ်းဖက်အားပေး ဂိမ်းတစ်ခုဖြစ်သည်။ PDF လူငယ်များ က IT အကူအညီရယူ၍ online ကြော်ငြာခြင်း၊ online ဂိမ်းကစားခြင်းသည် ၎င်းတို့၏ အကြမ်းဖက်လုပ်ငန်းများအတွက် အလှူငွေရှာခြင်း နည်းအမျိုးမျိုးအနက် တစ်ခုပင်ဖြစ်သည်။ PDF ဂိမ်းအသစ်တစ်ခုပြီး တစ်ခုထွက်၍ လူများများဆော့နိုင်ရန် အချင်းချင်းမျှဝေကြသည်။ အင်တာနက်ကဲ့သို့ဖြစ်ပြီး ပေးထားသည့် Link ကိုဖွင့်၍ VPN ခံကာ ဒေါင်းလုပ်ဆွဲဆော့ကြရသည့် လက်ကိုင်ဖုန်းဂိမ်း အမျိုးအစား တစ်ခုပင်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် ကုသရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်း၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆေးကောင်စီ အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မဲခေါင် - လန်ချန်း ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ဆောင်ရွက် သည့် ကြံသီးနှံ နည်းပညာပေးသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ပျဉ်းမနားမြို့ရှိ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ၌ ကျင်းပရာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးတို့မှ သင်တန်းသား ကြံစိုက်တောင်သူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ပြည်သူများ အရည်အသွေးမီ စားသုံးဆီများ ဈေးနှုန်းချိုသာ မှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင် ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် အရည်အသွေးမီ စားသုံးဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၆၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဒုတိယဝန်ကြီးဦးမျိုးလှိုင်နှင့် ဦးဇင်မင်းထက်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်လူငယ်နှင့်စာပေ အနုပညာပွဲတော် ကျင်းပမည့် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစား ရုံ(B)သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ခုနှစ် မြန်မာနိုင်ငံစာဆိုတော် နေ့အထိမ်းအမှတ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင် ၂၇၈ ဦးအား ပူဇော်ကန်တော့ရန်အတွက် စေတနာရှင်များက အလှူငွေများ ဆက်လက်လှူဒါန်းလျက်ရှိရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ငွေကျပ် ၂၇၈ဝဝဝဝ၊ ဒေါက်တာတင်ထွန်းဦး-ဒေါက်တာခင်မိုးမိုး (စွယ်စုံမီဒီယာဂရု) မိသားစုက ငွေကျပ် ၁၁ဝဝဝဝဝ၊ ဘဒ္ဒန္တ ရေဝတ(အရှင်ရေဝတ - ရွှေကွမ်းသား) ဓမ္မာလင်္ကာရပရိယတ္တိစာသင် တိုက်တွံတေးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်နှင့် ဒေါက်တာခင်ခင်ရီ (ရှိုင်းဟုပ်ကုမ္ပဏီ)တို့က ငွေကျပ် ၁၀ သိန်းစီ၊ ဦးသိန်းမောင်-ဒေါ်ပါးပါးတို့အား ဦးထိပ်ထား၍ စန္ဒီပရဆေးမိသားစုက ငွေကျပ် ၅၀၄၀၀ဝ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝန်ကြီး ဗိုလ်မှူးချုပ် စည်သူ တင်ဖေ(ငြိမ်း)-စာရေးဆရာမကြီး မမြတ်လေးတို့အားရည်စူး၍ မြတ်လေးရုံမိသားစုနှင့် စာရေးဆရာ ရာမညကိုကိုနိုင်အားရည်စူး၍ မြေးဖြစ်သူ

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်တွင်ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ သင်တန်းအမှတ်စဉ် (၁) အပိုင်း (၂) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင် ကျောင်းကုန်းမြို့နယ် ရောင်ပစ်ကွင်းကျေးရွာတွင်ပြုလုပ်သည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် နွေစပါးစိုက်ဧကများ ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲသို့ တက်ရောက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

(၇၆) နှစ်မြောက် လွတ်လပ်‌ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

တပ်မတော်ဆေးတက္ကသိုလ်၏ (၂၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဗိုလ်မှူးချုပ်ခင်အောင်ထွန်းနှင့် တပ်မတော်ဆေးတက္ကသိုလ်မှ ပညာရေးအဖွဲ့ဝင်များ စုံညီစွာတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Dec 19, 2023

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်ဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး၏ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

တပ်မတော်ဆေးတက္ကသိုလ်၊ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၂၄) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အဆိုပါ တပ်မတော်ဆေးတက္ကသိုလ် စစ်ရေးပြကွင်း၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးအင်အား တောင့်တင်းခိုင်မာမှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားဘဝမြင့်မားရေး၊ တိုင်းပြည်ကာကွယ်စောင့်ရှောက်ရေးတို့ကို ထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းနိုင်ငံတိုင်းသည် မိမိတိုင်းပြည်တွင် အခက်အခဲများ၊ စိန်ခေါ်မှုများမည်သို့ပင်ရှိနေသော်လည်း စီးပွားရေးတိုးတက်ကောင်းမွန်လာအောင် တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 18, 2023

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပွဲတော်ကို ဒီဇင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ B တွင် ကျင်းပသွားမည်ဖြစ်ရာ ပြခန်းများခင်းကျင်းပြင်ဆင်မှု၊ ဖွင့်ပွဲအခမ်းအနားအတွက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြီးပြည့်စုံခဲ့ပြီဖြစ်သည်။ ပွဲတော်တွင် ဝန်ကြီးဌာန ၁၅ ခုမှ ပြခန်းပေါင်း ၆၂ ခန်း ခင်းကျင်းပြသသွားမည်ဖြစ်ပြီး ဖျော်ဖြေရေးအစီအစဉ်များ၊ အနုပညာရှင်များနှင့် ဆွေးနွေးပွဲများ၊ တိုင်းရင်းသားရိုးရာ အစားအစာဆိုင်များ၊ စာအုပ်အရောင်းဆိုင်များလည်း စီစဉ်ပါရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်