Skip to main content

Jan 03, 2024

အမျိုးသမီးများအား တရုတ်ယောကျ်ားနှင့် လက်ထပ်ရန် စည်းရုံးပြောဆိုပြီး ငွေကြေးခေါင်းပုံဖြတ်ရယူရန် စီစဉ်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် အနှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့၊ နိုင်ငံတော်အလံ အလေးပြုပွဲ အခမ်းအနားကျင်းပမှု တိုက်ရိုက်ထုတ်လွှင့်မည်

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဥပစာမြက်ခင်းပြင်နှင့် ဂုဏ်ပြုခန်းမဆောင်ကြီး၌ ကျင်းပမည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ ဂုဏ်ပြုညစာစားပွဲနှင့် ဂုဏ်ပြုဖျော်ဖြေရေးအစီအစဉ်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ပြည်သူ့ကြားက ပြည်သူ့စကား အစီအစဉ် ထုတ်လွှင့်မည်

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက် (၅) ရပ်

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားတိုးတက်ရေးတွင် Intellectual Property ဟုခေါ်ဆိုသည့် ဉာဏပစ္စည်းပိုင်ဆိုင်မှုသည် အရေးအကြီးဆုံးဖြစ်သည်။ စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မှုများ၊ အမှတ်တံဆိပ်၊ ဒီဇိုင်းများနှင့် စာပေ၊ ဂီတ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ပန်းချီ အနုပညာရပ်ဆိုင်ရာပစ္စည်းများစသည့် ကနဦးစတင်စွန့်ဦးတီထွင်ဖန်တီးထားသည့် ဉာဏပိုင်းဆိုင်ရာပစ္စည်းများကို ဆိုလိုသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း ရာနှင့်ချီသည့် ဘင်္ဂါလီလှေစီးရွှေ့ပြောင်းသွားလာသူများ အင်ဒိုနီးရှားသို့ တစ်သုတ်ပြီးတစ်သုတ်ရောက်ရှိလာကြောင်း၊ အာချေးပြည်နယ်တွင် ကမ်းရိုးတန်းသို့ ဦးတည်လာသည့် ဒုက္ခသည်လှေတစ်စင်းကို နိုင်ငံတကာရေပိုင်နက်သို့ ပြန်မောင်းပို့လိုက်ကြောင်း စသည်တို့ကို အင်ဒိုနီးရှားဘက်မှ သတင်းများအရသိရှိရပြီး ဒုက္ခသည်များဟု ညွှန်းဆိုထားသည့် အဆိုပါရွှေ့ပြောင်းသွားလာသူများနှင့်ပတ်သက်၍ အင်ဒိုနီးရှားအောက်လွှတ်တော်၏ အေဂျင်စီတစ်ခုမှ လက်ထောက်ဥက္ကဋ္ဌဆိုသူက မြန်မာနိုင်ငံအပေါ် အခြေအမြစ်မဲ့စွပ်စွဲပြစ်တင် ပုတ်ခတ်မှုပြုလုပ်ခဲ့သည့်အပြင် အာဆီယံနိုင်ငံများအတွင်း မမှန်မကန်လှုံ့ဆော်ရန်အထိပါ ပြောကြားခဲ့သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 03, 2024

နေပြည်တော် ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ မြို့တော်ထိပ်ပန်မင်္ဂလာစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ တိုင်းဩဝါဒါစရိယ၊ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးစာသင်တိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တအာဒိစ္စဝံသနှင့် ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ နှစ်သစ်ကူးအမျိုးသား/ အမျိုးသမီးလွန်ဆွဲပြိုင်ပွဲ၊ အမျိုးသမီးထုပ်ဆီးတိုးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲများကို ဒီဇင်ဘာ(၁၂) ရက်မှ ဇန်နဝါရီ(၂) ရက်အထိ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ မြက်ခင်းပြင်တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျင်းပသည့် အမျိုးသားလွန်ဆွဲပြိုင်ပွဲ တတိယလုပွဲနှင့် ဗိုလ်လုပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး၊ မိုးစပါးနှင့် ဆီထွက်သီးနှံများ စိုက်ပျိုးကြမည့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက စိမ်းစားပင်ကျေးရွာ စိုက်ပျိုးနည်းပညာပေးစင်တာ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု (၈) အုပ်စုမှတောင်သူ (၅၈)ဦး၊ စိုက်ပျိုးပညာပေးဝန်ထမ်း (၃၂)ဦး တို့ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ (၅) ထပ်ကုသဆောင်သစ်ဖွင့်ပွဲအခမ်းအနားနှင့် ဆေးတက္ကသိုလ်-တောင်ကြီး သင်ကြားရေး (၄) ထပ်စာသင်ဆောင် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C) ရုံ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ အောင်သစ္စာရပ်ကွက်၊ မင်းရဲကျော်စွာလမ်းမပေါ်ရှိ ဒေါ်သန်းလှကုန်စုံဆိုင်နှင့် အောင်မြေမာန်ရပ်ကွက်ရှိ ကုန်သည်ပွဲစားနေအိမ်ကို ဒီဇင်ဘာ ၃၀ ရက်ညတွင် လက်နက်ကိုင်အဖွဲ့များက ဓားပြတိုက်ခဲ့သည်ဟု ပြည်ဖျက်မီဒီယာ DVB မှ သတင်းအမှားများကို လုပ်ကြံဖန်တီး ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့အဝင်ရှိ ကျွန်းပင် ၁၀၀ နီးပါးကို တိုင်းရန်ပုံငွေ အကြောင်းပြ၍ မြို့နယ်ထွေအုပ်ရုံးက ခုတ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြားကြီးကျေးရွာမှ ထွက်လာသော စစ်ကား ၂ စီးကို ကုန်းလည်ရွာနှင့် နတ်ကြီးရွာအကြားတွင် ဇန်နဝါရီ ၁ ရက်နေ့က မိုင်းအလုံး ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာများရရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit Media က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ရှိ ရဲတပ်ရင်းက ဇန်နဝါရီလ ၁ ရက်နေ့ ညပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ရွှေဂူတောင်ရွာရှိ နေအိမ်တစ်အိမ်မှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

တပ်မတော်က လောက်ကိုင်ဒေသ၊ တာရွှေထန်ကို အဆိပ်သင့်ဓာတုဗုံး အသုံးပြုတိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံအရပ်သား ၁၀ ဦး အဆိပ်သင့်ပြီး ကလေးငယ် ၂ ယောက် သေဆုံးခဲ့ရသည်ဟု အကြမ်းဖက်အားပေးပြည်ဖျက်မီဒီယာ DVB နှင့် The Kokang Facebook တို့မှ အွန်လိုင်းမီဒီယာများတွင် မဟုတ်မမှန် ကောလာဟလသတင်းများ ရေးသားဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

ပြည်တွင်းထုတ်လုပ်မှုမြင့်မားရေးအတွက် ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံကာ အရည်အသွေးကောင်းမွန်သည့် ကုန်ချောများထုတ်လုပ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်ရှိ ဘုတ်ဆုံမငရုတ်သီးမှုန့်လုပ်ငန်း(ရုံးချုပ်)၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးနိုင်ဝင်းအောင်နှင့် တွေ့ဆုံမေးမြန်းထားမှုကို တင်ပြလိုက်ရပါသည်-

ဆက်လက်ဖတ်ရှုရန်

Jan 02, 2024

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနသည် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့်ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများအား ဖွင့်လှစ်ထားရှိကာ စက်ချုပ်သင်တန်းများ (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊ လက်မှုသင်တန်း၊ မုန့်မျိုးစုံပြုလုပ်နည်း သင်တန်း၊ အစားအစာချက်ပြုတ်နည်းသင်တန်းနှင့် ပန်းအလှပြင်သင်တန်း စသည့်သင်တန်းများကို ဘဏ္ဍာရေးနှစ်တစ်နှစ်လျှင် သင်တန်း အပတ်စဉ်(၈)ခု၊ အပတ်စဉ်တစ်ခုလျှင် (၆)ပတ်ကြာသင်ကြားပေး လျက်ရှိသည့်အပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်ကျောင်းများ၌ စနေ၊ တနင်္ဂနွေနေ့များတွင်လည်း အထူးသင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်