Skip to main content

Jan 28, 2024

ပညာရေးဝန်ကြီးဌာန (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ပညာ‌ရေးဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy ၌ ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက် အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ်ထားသည့် အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့်သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြပြီးတက္ကသိုလ် အသီးသီးက သုတေသနပိုစတာများနှင့်ပြကွက်များကို ခင်းကျင်းပြသလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု၍ ပဋိပက္ခများဖြစ်ပေါ်လာသည်။ ပဋိပက္ခဖြစ်စဉ်များ၏အခြေခံမှာ ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုဖြစ်စဉ်အထိ ဖြစ်ပေါ်လာခဲ့သည်။ ထိုမှတစ်ဆင့် ပွဲလန့်တုန်းဖျာခင်းလိုသည့်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပြိုကွဲပျက်စီးစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့်လူငယ်များကို အကြမ်းဖက်လမ်းစဉ်ပေါ်သို့ တွန်းပို့ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 28, 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်တို့ရှိ မြို့နယ်များ၊ ဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအပါအဝင် အခြားမြို့၊ ရွာများမှာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းလျက် အခြေမပျက်နေထိုင်နိုင်ခဲ့ကြသည်။ နယ်မြေများမှာ ဆက်စပ်နေသည့်အလျောက် အကြမ်းဖက်တိုက်ခိုက်မှုများမှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား စာနာစိတ်ဖြင့် ကူညီစောင့်ရှောက်မှုများ ဝတ္တရားမပျက်ပြုလုပ်ပေးလျက်ရှိရာ ဆီဆိုင်၊ ပင်လောင်းစသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့များတွင် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများ ထောင်နှင့်ချီ၍ ခိုလှုံနေထိုင်နေကြရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

(၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် တိပိဋကဓရ တိပိဋကကောဝိဒ (၁၆) ပါးမြောက်ဘွဲ့တံဆိပ်တော်မြတ်ရရှိတော်မူသည့် ဆရာတော်ထံသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ဆက်ကပ်ပေးပို့သည့် ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာဆက်ကပ်သည့် အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မင်းကွန်းတိပိဋက နိကာယကျောင်းတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အား မထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

ပညာရေးဝန်ကြီးဌာန၊ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံဆုချီးမြှင့်ပွဲနှင့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ Naypyitaw State Academy ၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်ဝေခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း ဌာနဆိုင်ရာရုံးများတွင် ဗုံးခိုကျင်းများတူးကြရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားထားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

တပ်မတော်တွင် ပထမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တို့တွင် အသည်းအစားထိုးလူနာ ၂ ဦးဖြင့် အောင်မြင်စွာခွဲစိတ်ကုသ ဆောင်ရွက်နိုင်ခဲ့ပါသည်။ အသည်းအစားထိုးခွဲစိတ်ကုသမှု အစီအစဉ်အား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၃ ခုနှစ်အတွင်း အသည်းအစားထိုး ခွဲစိတ်ကုသမှု ၃ ကြိမ်၊ လူနာ ၉ ဦးတို့အား အောင်မြင်စွာ ထပ်မံခွဲစိတ်ကုသ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယခုအခါပဉ္စမအကြိမ် အသည်းအစားထိုးခွဲစိတ်ကုသမှုအား လူနာ ၃ ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပထမနေ့ အသည်းအစားထိုးခွဲစိတ်ကုသမှုကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁)တပ်မတော် ဆေးရုံကြီး(ခုတင် ၁၀၀၀)၊ အထူးကုသမှုစင်တာ၌ ပြုလုပ်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွနယ်မြေ ရဲစခန်းပတ်ဝန်းကျင်ရှိ နေအိမ်များကို တပ်မတော်မှ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေး သားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ ရာပြည့်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အားကစားခန်းမ၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် ပါမောက္ခဌာနမှူးများ၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ခွန်စံလွင်သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ (၁) နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးဘုန်းတော်ကြီးကျောင်းသို့ သွားရောက်၍ ဆရာတော် ဉီးဣန္ဒကကို ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမအလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

ကာတာနိုင်ငံ၊ ဒိုဟာမြို့တွင် ကျင်းပလျက်ရှိသော Expo 2023 Dohaတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာပြခန်းဆောင်ကို ပါဝင်ပြသလျက်ရှိပြီးExpo 2023 Doha ၏ မြန်မာနေ့အခမ်းအနားကို ယနေ့တွင် ကာတာနိုင်ငံ၊ ဒိုဟာမြို့၊ AI B Park ရှိ Expo House ၌ ကျင်းပရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ Expo 2023 Doha ၏ Secretary General Mr. Mohamed alkoori နှင့် ပြပွဲတွင် ပါဝင်ပြသသည့် နိုင်ငံများမှ Commissioner General များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

၂၀၁၄ ခုနှစ်၊ ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများအရ ထုတ်ဝေသူများသည် မိမိတို့ထုတ်ဝေသည့် စာအုပ်စာစောင် ၅ အုပ် သို့မဟုတ် ၅ စောင်ကို ပြန်ကြားရေးဝန်ကြီးဌာနသို့ အဖိုးအခလွတ်ပေးအပ်ရမည်ဖြစ်ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနသည် အဆိုပါစာအုပ်စာစောင်များကို မူပိုင်ခွင့်နှင့်စာအုပ်စာရင်း ၂ အုပ်၊ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီသို့ ၂ အုပ်နှင့် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ ၁ အုပ် ပေးပို့လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

၁။ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ-အက်ခ်မက်) (Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ACMECS) အဖွဲ့အတွက် Logo Design ပြိုင်ပွဲကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပြုလုပ်သွားမည်ဖြစ်ပြီး၊ ပထမဆု အမေရိကန်ဒေါ်လာ ၁,၀၀၀/-၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- နှင့် တတိယဆု အမေရိကန်ဒေါ်လာ ၅၀၀/- ချီးမြှင့်သွားမည်ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

ကယားပြည်နယ် လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ နှစ်ထပ်ဈေးကို ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒရုန်းများဖြင့် မီးလောင်ဗုံးများကြဲချမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

မလေးရှားနိုင်ငံ ပူထရာဂျာရာမြို့တွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပခဲ့သည့် Experience Sharing Workshop on Community Education and Youth Engagement အလုပ်ရုံဆွေးနွေးပွဲသို့ အွန်လိုင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ရာ ယင်းဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင်နေပြည်တော်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့ညနေပိုင်းတွင် နေပြည်တော် State Academy သို့ သွားရောက်၍ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံသုတေသနညီလာခံတွင် ခင်းကျင်းပြသထားသည့် သုတေသနစာတမ်းများကို ကြည့်ရှုအားပေးရာ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ ဌာနမှူးများက သက်ဆိုင်ရာ သုတေသနစာတမ်းများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 27, 2024

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်