Jul 09, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လမ်းမတော်မြို့နယ်ရှိ ဆေးတက္ကသိုလ် (၁) ရန်ကုန်ရှိ ဆေးပညာကျွမ်းကျင်မှု ပုံတူပြုလေ့ကျင့်ရေးနှင့် သုတေသနဌာန (MEDICAL SKILLS, SIMULATION AND RESEARCH CENTER) သို့ရောက်ရှိပြီး အလုပ်သင်ဆရာဝန် သစ်လွင် (၇/၂၀၂၄) များနှင့် တွေ့ဆုံအမှာစကား ပြောကြားသည်။
Jul 09, 2024
ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ရန် ယင်နားစာအပါအဝင် မသန့်ရှင်းသောအစားအစာ စားသုံးခြင်းကိုရှောင်ကြဉ်ပါ၊ သောက်ရေသန့် (သို့မဟုတ်) ရေကိုကျိုချက်၍ သောက်ပါ၊ လက်သန့်စင်ရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဂရုပြုပါ၊ ယင်လုံအိမ်သာသုံးစွဲပါ၊ အမှိုက်များကို စနစ်တကျစွန့်ပစ်ပါ၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံများသို့ သွားရောက်ပြသပါ။
Jul 09, 2024
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အဆင့်မြင့်အရာထမ်း သင်တန်းအမှတ်စဉ် (၁၈) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါ တက္ကသိုလ်နီလာခန်းမ၌ ကျင်းပသည်။
Jul 09, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Jul 09, 2024
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်းသည် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်/ဆေးရုံအုပ်ကြီး၊ ရန်ကုန်ပြည်သူ့ဆေးရုံအုပ်ကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ် ၁ (ထူပါရုံ) ရပ်ကွက်ရှိ စံပြဥယျာဉ်ဈေးသို့ရောက်ရှိပြီး ဈေးအတွင်းအသားငါးများ ရောင်းချရာနေရာများ၊ အခြားဈေးဆိုင်များနှင့် ဈေးအတွင်းသို့ရေပေးဝေသည့် ရေသိုလှောင်ကန်တို့ကို လှည့်လည်ကြည့်ရှုကာ သန့်ရှင်းမှုအခြေအနေ၊ ယင်မနားအောင် ဆောင်ရွက်ရောင်းချနေမှု ရှိ/မရှိနှင့် ရေသိုလှောင် ဖြန့်ဖြူးမှုစနစ်များကို ကြည့်ရှုစစ်ဆေးသည်။
Jul 09, 2024
ပြန်ကြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် ငါးမျိုးစိုက်ထည့်ပွဲကို ယနေ့ နံနက်ပိုင်းက နေပြည်တော်(တပ်ကုန်း)ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား မြေနေရာတွင်ကျင်းပသည်။
Jul 09, 2024
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးများကို နေပြည်တော်ရှိပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ အွန်လိုင်းဖြင့် တွေ့ဆုံသည်။
Jul 09, 2024
နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဇေယျဌာနီလမ်းတစ်ဖက်ရှိ လျှိုပိတ်ဆည်ဘေး မြေကွက်လပ်၌ ကျင်းပသည်။
Jul 09, 2024
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ ကျောင်းနေသားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
Jul 09, 2024
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ယာယီဌာနေ ညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Marcoluigi Corsi နှင့်အတူ ကုလသမဂ္ဂ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးအကဲ Mr. Sajjad Mohammad Sajid တို့ကို ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။