Jul 13, 2024
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ “အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများအတွက် စီမံကိန်းလုပ်ငန်းတာဝန် ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ စီမံကိန်းဆောင်ရွက်မည့် ဝန်ထမ်းများ၊ ကျေးရွာအဖွဲ့ခေါင်းဆောင်များ တက်ရောက်ကြသည်။
Jul 13, 2024
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) ရှိ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 13, 2024
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး Mrs. Ponnamperuma Arachchige Prabashini Ponnamperuma အား ယနေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။
Jul 13, 2024
ဒုတိယအကြိမ် ဘင်းမ်စတက်နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးတက်ရောက်ရန် နယူးဒေလီမြို့သို့ရောက်ရှိနေသည့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် ဇူလိုင် ၁၁ ရက် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် နယူးဒေလီမြို့ရှိ တာ့ဂျ်ပဲလေ့စ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် “မြန်မာ-အိန္ဒိယ-ထိုင်း သုံးနိုင်ငံ အစည်းအဝေး” သို့ ပါဝင်တက်ရောက်ခဲ့သည်။
Jul 13, 2024
အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး ဒေါက်တာအက်စ်ဂျိုင်ရှန်ကာ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယမန်နေ့က အိန္ဒိယနိုင်ငံနယူး ဒလီမြို့၌ကျင်းပသည့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ၏ သီးသန့်အစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
Jul 13, 2024
စက်မှုလယ်ယာဦးစီးဌာနအမှတ် (၅၇) စက်မှုလယ်ယာစခန်း (ပန်းတနော်) မှ ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာများဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ဆုတောင်းပြည့်ကျေးရွာရှိ တောင်သူဦးကျော်ငြိမ်းအေး၏ မိုးစပါးစိုက်ခင်းငါးဧက၌ ကျင်းပသည်။
Jul 13, 2024
“ထိခိုက်လွယ်သူ ဖေးမကူ၊ အရေးပေါ်က စောင့်ရှောက်ကြ” “Helping vulnerable populations in emergencies” ဟူသည့် ဆောင်ပုဒ်ကို ကုလသမဂ္ဂက ၂၀၂၄ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်အဖြစ် သတ်မှတ်ထားသည်။ မျက်မှောက်ကာလ၌ ကမ္ဘာပေါ်ရှိနိုင်ငံများ၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများ၊ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များ၊ စားနပ်ရိက္ခာရှားပါးမှုများ စသည့်ဘေးအန္တရာယ်အမျိုးမျိုးကြောင့် လူသားများကြုံတွေ့နေရသည့် အရေးပေါ်အခြေအနေများကို တုံ့ပြန်ဆောင်ရွက်နိုင်ရန် တိုက်တွန်းနှိုးဆော်ချက်ဖြစ်သည်။
Jul 13, 2024
ရှမ်းပြည်နယ် (မြောက်ပိုင်း) နယ်မြေဒေသများအတွင်း MNDAA၊ TNLA ၊ AA နှင့် ၎င်းတို့အား ပါဝင်ကူညီနေကြသည့် အကြမ်းဖက် အဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များအပေါ် နိုင်ငံရေးပါတီ (၂၃) ပါတီတို့က ဆန့်ကျင်ရှုတ်ချကန့်ကွက်ကြောင်း ပူးတွဲသဘောထားထုတ်ပြန် ကြေညာလိုက်သည်။ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၏ အကြမ်းဖက်လုပ်ရပ်များဟုဆိုရာတွင် အပြစ်မဲ့ပြည်သူများကိုသတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သော လူနေရပ်ကွက်များကို အဝေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ ဒရော့ဗ်ဗုံးများကြဲချခြင်း၊ ၎င်းတို့ ထိန်းချုပ်ထားသည့်နယ်မြေအတွင်း နေထိုင်လျက်ရှိသည့် ၎င်းတို့နှင့်လူမျိုးမတူသူ တိုင်းရင်းသားမျိုးနွယ်စုများကို အဓမ္မခြိမ်းခြောက်နှင်ထုတ်ခြင်း စသည်တို့ဖြစ်ပြီး ယင်းလုပ်ရပ်များကို ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နေကြခြင်းလည်း ဖြစ်သည်။
Jul 12, 2024
သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းနိုင်စေရန်နှင့် ရာသီဥတုကို အထောက်အကူဖြစ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ နိုင်ငံ့စီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် တိုင်းစစ်ဌာနချုပ်အသီးသီးတို့တွင် ၂၀၁၁ ခုနှစ်မှစ၍ နှစ်စဉ် မိုးရာသီတစ်အုပ်တစ်မ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပြုလုပ်လျက်ရှိသည်။
Jul 12, 2024
ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၅/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်အမှာစကားပြောကြားသည်။