Mar 16, 2021
အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် SOCA ဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံတို့မှ ဦးဆောင်၍ ဒေသတွင်း ကိုဗစ်ကာလအလွန် ပြန်လည်ထူထောင်ရေးနှင့် တုံ့ပြန်နိုင်စွမ်းအား မြင့်မားလာစေရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အာဆီယံ လူမှုယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ (၁၆)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များကို ယနေ့နံနက် ၈ နာရီခွဲက ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။
Mar 16, 2021
ဆက်လက်၍ VOM သတင်းဌာနမှ သတင်းထောက် ဦးမောင်မောင်ထွန်းက ယခုဖြစ်စဉ်တွင် သတင်းသမားများကို ဖမ်းဆီးထားသည်မှာ ၃၀ ခန့် ရှိသွားပြီဖြစ်ကြောင်း၊ ၁၀ ဦးခန့်ကို အမှုဖွင့်ထားပြီး သတင်းစာတိုက် ခြောက်ခု ပိတ်ထားကြောင်း၊ ထုတ်ဝေခွင့်ရပ်ထားသည်များ လည်းရှိကြောင်း၊ ထိုကိစ္စများသည် လွတ်လပ်စွာပြောဆိုခွင့်ကို ပိတ်ပင်ခြင်းဖြစ်၍ နိုင်ငံတကာ အလယ်တွင် အရှက်ရစရာဖြစ်ကြောင်း၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သွားနေပါသည်ဆိုသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ယူဆပါသလား၊ သတင်းလွတ်လပ်ခွင့် အနေဖြင့် မည်သို့လုပ်ဆောင်ပေးသလဲ သိလိုကြောင်း မေးမြန်းသည်။
Mar 16, 2021
(၃၄) ကြိမ်မြောက် အာဆီယံအရင်းအနှီးဈေးကွက်ဥက္ကဋ္ဌများအစည်းအဝေး (34th Chairs' Meeting of the ASEAN Capital Markets Forum) ကိုယနေ့ နံနက် ၇ နာရီခွဲတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။ ။
Mar 16, 2021
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပသော အကြိမ်(၆၀)မြောက် မဟာဘွဲ့နှင်း သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလိုဏ်ဂူ သိမ်တော်ကြီး၌ ကျင်းပသည်။
Mar 16, 2021
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ ဩဝါဒကိုခံယူကာ ကောဇာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ခရစ်နှစ် ၂၀၂၀ ပြည့်နှစ်တွင် ကျင်းပခဲ့သော ဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲ တို့၌ အောင်မြင်တော်မူခဲ့ကြသည့် ဓမ္မာစရိယအထူးအောင် အရှင်မြတ်များနှင့် ပါဠိဂုဏ်ထူး၊ မြန်မာဂုဏ်ထူးအောင် အရှင်မြတ်များ၊ ပါဠိပထမပြန်အထူးအောင် အရှင်မြတ်များနှင့် အထူးအောင် သီလရှင် ဆရာလေးများ အောင်လက်မှတ်ဆက်ကပ်သည့် မဟာဘွဲ့နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒါယကာ ဒါယိကာမများ အား အမှတ်ရဖွယ်ဖြစ်သည့် သာရဏီယ ဩဝါဒစကားမြွက်ကြားလိုပါ သည်။
Mar 16, 2021
မြန်မာနိုင်ငံမှပြည်သူများ နေ့စဉ်လက်မလွှတ်နိုင်သောအရာမှာ ဖေ့စ်ဘွတ်သုံးစွဲခြင်းဖြစ်သည်။ မြန်မာပြည်မှ ဖေ့စ်ဘွတ်သုံးစွဲသူများသည် နေ့စဉ်နေ့တိုင်း ၎င်းတို့၏ အကြောင်းအရာများကို သူငယ်ချင်းများအား မျှဝေရန်၊ ကမ္ဘာတစ်ဝန်းမှ အဖြစ်အပျက်များကို အခြားသူများ၏ အမြင်များနှင့်အတူ သိရှိနိုင်ရန်၊ ၎င်းတို့၏ စိတ်ဝင် စားဖွယ်အကြောင်းအရာများကို ဖတ်ရှုနိုင်ရန် ဖေ့စ်ဘွတ်ကို သုံးစွဲနေကြသည်။
Mar 16, 2021
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ၂၀၂၁ ခုနှစ်၊ ပုလဲအတွဲများနှင့် ကျောက်မျက် ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ဧပြီ ၁ ရက် မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
Mar 16, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 16, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေး(၆/၂၀၂၁)ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
Mar 15, 2021
မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ ပထမ (၅)နှစ် မဟာဗျူဟာစီမံချက် ၂၀၁၈-၂၀၂၂ နှင့် အမျိုးသားအဆင့် ရှေးဦးအရွယ်ကလေး သူငယ် ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးကော်မတီ၊ ဗဟိုအဆင့်၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ကြီးကြပ်ရေးအဖွဲ့များ ဖွဲ့စည်းထားရှိမှုများနှင့်စပ်လျဉ်း၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 15, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ည (၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 15, 2021
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်သည် ဘရူနိုင်းဒါရူ ဆလမ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး(၂) Dato Erywan Pehin Yusof ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှ လက်ခံဆွေးနွေးသည်။
Mar 15, 2021
မတူညီသည့် ဒေသန္တရဖွဲ့စည်းမှု အခြေအနေအရ တိုင်းဒေသကြီးများနှင့် ပြည်နယ်များ၌ စိုက်ပျိုးရေး မွေးမြူရေးဆိုင်ရာ တန်ဖိုးမြင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး၊ မြို့ပြနှင့် ကျေးလက်များအကြား ဆင်းရဲချမ်းသာ ကွာဟမှုလျော့ပါးရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးတို့အတွက် တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် စိုက်ပျိုးရေးအခြေခံ စက်မှုဇုံများ ထူထောင် ဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက စီမံကိန်းများ ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
Mar 15, 2021
(၂၀၂၁ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့ ညနေ (၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
Mar 15, 2021
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်း ငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
Mar 15, 2021
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်သာစည်မြို့နယ်ဆေးရုံ၊ ဟံဇားတိုက်နယ်ဆေးရုံ၊ ယင်းမာပင်တိုက်နယ် ဆေးရုံနှင့် သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်ဆေးရုံ၊ ကျောက်ဆည်မြို့နယ် စဉ့်ကိုင်ပြည်သူ့ဆေးရုံ၊ ပျော်ဘွယ်မြို့နယ် ယင်းတော်တိုက်နယ်ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် ပြည်သူ့ဆေးရုံ၊ ရွှေကျင်မြို့နယ် ဒုံဇရစ်ကျေးရွာ တိုက်နယ်ဆေးရုံနှင့် လက်ပံတန်းမြို့နယ် မြို့နယ်ပြည်သူ့ဆေးရုံတို့ရှိ ဝန်ထမ်းများနှင့် လူနာရှင် များက နယ်မြေခံတပ်ရှိ တပ်မတော်ဆေးရုံမှ ဆရာဝန်များနှင့် သူနာပြုများ လာရောက်ကုသ ပေးနိုင်ပါရန် အကူအညီတောင်းခံမှုကြောင့် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တပ်နယ်များ အလိုက် တပ်မတော်ဆေးရုံမှ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများ ပါဝင်သော ဆေးကုသရေးအဖွဲ့အားစေလွှတ်၍ ရောဂါဝေဒနာ ခံစားနေရသည့် ဒေသခံပြည်သူ များကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15, 2021
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ ရက် ညပိုင်းမှ စတင်၍ လုံခြုံရေးအား ပြည့်ဝစွာဆောင်ရွက်ပေးလျက်ရှိသည်။
Mar 15, 2021
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ဦးဆောင်သူ(စိစစ်ဆဲ)၊ ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၄၅၀ ခန့်သည် နိုင်ငံတော်ဆန့်ကျင်ရေးကြွေးကြော်သံများ အော်ဟစ် ကြွေးကြော်ကာ ဆူပူအော်ဟစ်ဆန္ဒပြနေကြသဖြင့် (လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် အခြေအနေအား ဥပဒေနှင့်အညီ ထိန်းသိမ်းနိုင်ရေး သွားရောက်ဆောင်ရွက်ခဲ့ရ ကြောင်း သိရသည်။
